ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး၊ ဒေါ်ခိုင်ခိုင်နွယ်မှ နှီးနှောဖလှယ်ပွဲမှ ရရှိလာသောရလဒ်များ၊ တွေ့ရှိချက်များနှင့် အနာဂတ်အစီအစဉ်များ အား အနှစ်ချုပ်တင်ပြခြင်း

၁။    ပုဂ္ဂလိကဏ္ဍမှ လိုအပ်သော ကျွမ်းကျင်မှုတစ်ခုဖြစ်သည့် Skill များအား သေချာလေ့လာပြီးနောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အုပ်စု(၃)စုဖွဲ့၍ ဆွေးနွေးခြင်း အစီအစဥ်မှ အနှစ်ချုပ် ရလဒ်များအား တင်ပြလိုပါကြောင်း၊  TVET ကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍများကို ချိတ်ဆက်ပြီး လုပ်ကိုင် ဆောင်ရွက်နိုင်မည်ဆိုလျှင် မြန်မာနိုင်ငံ၏ လူမှုစီပွားရေးဖွံ့ဖြိုးနိုင်မည်ဟု ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး ဖွံ့ဖြိုးဖို့ရန် ဒေသခံများနှင့် ကိုက်ညီသော သင်တန်းများ ရှာဖွေသင်တန်းပို့ချရန် တိုက်တွန်းပါကြောင်းနှင့် အစိုးရဘက်မှလည်း ပူး ပေါင်းပါဝင်မည် ဖြစ်ပါကြောင်းအား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေးမှလည်း ပြောကြားခဲ့ပါကြောင်း၊ ယနေ့ကျင်းပသည့် နှီးနှောဖလှယ်ပွဲတွင် အစိုးရကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍအားလုံး တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်တာကို တွေ့မြင်ရပါကြောင်း ပြောကြား ပါသည်။
ပုဂ္ဂလိကလုပ်ငန်းရှင်များဘက်မှလည်း သင်တန်းများပေးနေသော်လည်း အကန့်အသတ်ရှိနေပါ သဖြင့် အစိုးရနှင့် ပူးပေါင်းလုပ်ကိုင်လျှင် ပိုမိုထိရောက်မည် ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၌ လည်း လူ့စွမ်းအားအရင်းအမြစ်နှင့်စပ်လျဥ်း၍ သင်တန်းကျောင်းများ ဖွင့်လှစ်ထားရှိသည်ကို တွေ့ရှိရ သော်လည်း အစိုးရနှင့့်ပူးပေါင်းဆောင်ရွက်မှသာ Public Private Partnership(PPP) ဖြစ်သည့်အတွက် ပိုမိုထိရောက်မည်ဟု ယုံကြည်ပါကြောင်း၊ Plenary Session ၌ စက်မှုဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန စသည့် ဝန်ကြီးဌာနအသီးသီးနှင့်  နည်းပညာစိုက်ပျိုးရေး တက္ကသိုလ်ရှိ ဆရာများမှ မိမိတို့၏ ဌာနအသီးသီးတွင် ယခုလက်ရှိ ဆောင်ရွက်လျက်ရှိသော သင်တန်းများအား ရှင်းပြခဲ့ပါကြောင်း၊ ကျွမ်းကျင်မှုအဆင့် NSSA နှင့် ပတ်သက်သော သင်တန်းများနှင့် Certificate ထုတ်ပေးမည့်ကိစ္စရပ်များကိုလည်းကောင်း တင်ပြခဲ့ပါ ကြောင်း ပြောကြားပါသည်။
    လူသားအရင်းအမြစ် တည်ဆောက်သော လုပ်ငန်းကော်မတီဝင်များ အနေဖြင့်  တိုင်းဒေသကြီး ဘက်မှ လိုအပ်သော အဓိကအကျဆုံး သင်တန်းကို ဖော်ဆောင်ရန် ရောက်လာခဲ့ခြင်းဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန အသီးသီးမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကိုလည်း  လုပ်ငန်းရှင်အသီးသီးမှ စိတ်ဝင်စားပါက ရှေ့ဆက်လက်၍ ချိတ်ဆက်ဆောင်ရွက်နိုင််ပါကြောင်း၊ အုပ်စုဖွဲ့ ဆွေးနွေးခြင်း အစီအစဥ်၌  လယ်ယာစိုက်ပျိုးရေးကဏ္ဍအား အဓိကထား တောင်းဆိုသည်ကို တွေ့ရှိရပါ ကြောင်း၊ စပါးအထွက်တိုးရေးကိုဖြစ်ပေါ်စေမည့် စိုက်ပျိုးရေးနည်းပညာသင်တန်းများကိုလည်း တောင်းဆို ပါကြောင်း၊  စိုက်ပျိုးရေးနည်းပညာသင်တန်းများဟု ဆိုရာ၌  မျိုးစေ့ ထုတ်လုပ်ခြင်းနည်းပညာ၊  စပါး သိုလှောင်ထိန်းသိမ်းသည့် နည်းပညာ၊ မြေဩဇာနှင့် ပိုးသတ်ဆေးအသုံးပြုခြင်း နည်းပညာစသည်ဖြင့် သင်တန်းအမျိုးအစားများစွာရှိခြင်းကြောင့် သင်တန်းများကို Prioties ရွေးချယ်ပြီး ARCCI မှ တာဝန်ရှိလူ ကြီးများနှင့် အသေးစိတ် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊  စိုက်ပျိုးရေး နည်းပညာ သင်တန်းများအပြင် လယ်ယာသုံးပစ္စည်း ပြုပြင်သော သင်တန်းများပါ တောင်းဆိုလာသည်ကို တွေ့ရသော ကြောင့် လယ်ယာသုံးစက်ကိရိယာပြုပြင်ထိန်းသိမ်းခြင်း သင်တန်းကိုလည်း ဖွင့်လှစ်နိုင်ရေး ဆောင်ရွက် ပေးမည် ဖြစ်ပါကြောင်း၊ ဟိုတယ် သင်တန်း၊ လယ်ယာလုပ်ငန်းတွင် လုပ်ကိုင်ဆောင်ရွက်နေသူများအတွက် ငွေကြေးကိုင်တွယ်စီမံမှု သင်တန်းစသည့် သင်တန်းများတောင်းဆိုမှုကို တွေ့ရှိရပါကြောင်း၊ တိုင်းဒေသကြီး အနေဖြင့် တိုင်းဒေသကြီး၏ လူမှုစီးပွားဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုမည့်  စိုက်ပျိုးရေးနည်းပညာ များ ဖွံ့ဖြိုးစေရေးကို  အဓိကထား၍ တောင်းဆိုဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါကြောင်း၊ မိမိတို့ အခြေခံလူသား အရင်းအမြစ် တည်ဆောက်ရေး လုပ်ငန်းကော်မတီအနေဖြင့်လည်း သင်တန်းများ အမြန်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းဖြင့် နှီးနှောဖလှယ်ပွဲမှ ရရှိလာသောရလဒ်များ၊ တွေ့ရှိချက်များနှင့် အနာဂတ်အစီအစဉ်များအား အနှစ်ချုပ်တင်ပြသွားပါသည်။