ဒေသတွင်းဆောင်ရွက်ရမည့် နည်းပညာနှင့် သက်မွေးပညာရပ်များ ဖော်ထုတ်ခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်း

အကြောင်းအရာများ
အဖွဲ့(၁)    ဒေသတွင်းလုပ်ငန်းများတွင် လိုအပ်လျက်ရှိသည့် လက်တွေ့ကျွမ်းကျင်မှု (Hard Skill) လိုအပ်ချက်များ ဖော်ထုတ်နိုင်ရေး
အဖွဲ့(၂)    ဒေသမှ တောင်းဆိုမှု အများဆုံးဖြစ်သည့် သင်တန်းအမျိုးအစားတစ်မျိုး စတင် ဖွင့်လှစ်နိုင်ရေး
အဖွဲ့(၃)    ဖွင့်လှစ်မည့် သင်တန်းများကို ေရရှည်တည်တံ့ဖွံ့ဖြိုးနိုင်မည့် အစီအစဉ်များ ဖော်ထုတ် နိုင်ရေး
ပံ့ပိုးဆောင်ရွက်သူများ
၁။    ဒေါက်တာဇော်မင်းနိုင်
၂။     ဒေါက်တာသိန်းသိန်းအေး
၃။     ဦးဩဩကျော်
၄။     ဒေါ်စုစန္ဒာထွန်း
၅။    ဒေါ်လိှုင်လိှုင်သာ 
၆။    ဒေါ်သီသီရှိန်
အဖွဲ့လိုက်ဆွေးနွေးမှု ရလဒ်များ
အဖွဲ့ (၁) ဒေသတွင်းလုပ်ငန်းများတွင် လိုအပ်လျက်ရှိသည့် လက်တွေ့ကျွမ်းကျင်မှု (Hard Skill) လိုအပ်ချက်များ ဖော်ထုတ်နိုင်ရေး
 (၁) ခေတ်မီလယ်ယာနှင့် ဥယျာဉ်စိုက်ပျိုးရေးသင်တန်းများ 
(၂) ခေတ်မီဆား ထုတ်လုပ်နည်းနှင့်ခေတ်မီ ရေငံပုဇွန် သားဖောက်လုပ်ငန်းသင်တန်း၊     ငါးမွေးမြူရေးလုပ်ငန်း
    (၃) ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းခွင် ကျွမ်းကျင်လုပ်သား သင်တန်း


အဖွဲ့(၂) ဒေသမှ တောင်းဆိုမှု အများဆုံးဖြစ်သည့် သင်တန်းအမျိုးအစားတစ်မျိုး စတင်ဖွင့်လှစ်နိုင်ရေး
(၁) လယ်ယာသုံး စက်ပစ္စည်း ပြုပြင်မှုသင်တန်း
(၂) စိုက်ပျိုးရေး နည်းပညာသင်တန်း (စပါးအထွက်တိုး)
(၃) ဆိုင်ကယ် ပြုပြင်မှုသင်တန်း
(၄) Hotel Service Training 
ဦးစားပေးအစီအစဥ်အရ တောင်းဆိုမှု အများဆုံးဖြစ်သည့် လယ်ယာသုံး စက်ပစ္စည်း ပြုပြင်မှု သင်တန်းစတင်တွက််ဖွင့်လှစ်နိုင်ရေးအတွက်-
(က)    ဖွင့်လှစ်မည့်နေရာ- ဧရာဝတီတိုင်းဒေသကြီး ခရိုင်မြို့ကြီးတွေမှာ ကွင်းဆင်းပြီးတော့ ညီနောင် အသင်းများနှင့် ညှိနှိုင်းပြီး ခရိုင်မြို့တွေမှာ သင်တန်းဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။
(ခ)    ပူးပေါင်းဆောင်ရွက်မည့်အဖွဲ့အစည်များ- ARCCI၊ UMFCCI၊ စိုက်ပျိုးရေး မွေးမြူရေးဝန်ကြီးဌာန၊ ရေဆင်းတက္ကသိုလ်
(ဂ)    သင်တန်းနည်းပြ ရရှိနိုင်မှု- ရေဆင်းတက္ကသိုလ်၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း (စိုက်/မွေး)
(ဃ)    သင်တန်းသား (Target Group)- တောင်သူများနှင့် စိတ်ပါဝင်စားသူများ
(င)    သင်တန်းကာလ- ရက်တို

အဖွဲ့(၃) ဖွင့်လှစ်မည့် သင်တန်းများကို ေရရှည်တည်တံ့ဖွံ့ဖြိုးနိုင်မည့် အစီအစဉ်များ ဖော်ထုတ်နိုင်ရေး
ဒေသနှင့်ကိုက်ညီပြီး အရည်အသွေးကောင်းမွန်တဲ့ သင်တန်းသားများ ရေရှည် မွေးထုတ်ပေးရန် အတွက်- 
(က)     အဟန့်အတား၊ တွေ့ကြုံရမည့် အခက်အခဲ၊ စိန်ခေါ်မှုများမှာ-
(၁)    သင်တန်းများ စဥ်ဆက်မပြတ်ဖွင့်လှစ်နိုင်ရေးအတွက် အရည်အသွေးပြည့်မီသည့်  ကျွမ်းကျင်ဆရာများ၊ ရန်ပုံငွေ၊  ဘတ်ဂျက်လိုအပ်မှု၊ သင်တန်းသားစုစည်းရရှိနိုင်မှု စသည်တို့လိုအပ်ခြင်း။
(၂)    မိသားစုစားဝတ်နေရေးအခက်အခဲကြောင့် သင်တန်းများ လာရောက် သင်ယူနိုင် ခြင်း မရှိခြင်း 
(၃)    သင်တန်းပြီးဆုံး အောင်မြင်သူများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ရာ၌ Standardized Recaginization ဖြစ်ရန် လိုအပ်ခြင်း။
(၄)    အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် ချိတ်ဆက်ဆောင်ရွက်ပေးရန် လိုအပ်ခြင်း။

    (ခ)    ဖြေရှင်းပေးနိုင်မည့် နည်းလမ်းများမှာ-
(၁)    Funancial Support အတွက် အစိုးရအဖွဲ့အစည်းမှသာ မဟုတ်ဘဲ အခြားNGO/ INGO3 များမှ ရရှိရန် အကူအညီ တောင်းခံ ခြင်း။ အဲဒီအကူအညီ တောင်းခံမှုကို အစိုးရမှ လိုအပ်သလို စီစဉ်ဆောင်ရွက်ပေးခြင်း။
(၂)    ဒေသတွေမှာတက်ချင်တဲ့ ဆန္ဒရှိတဲ့သူတွေအတွက်  ရွေ့လျားသင်တန်း ဖွင့်ပေးခြင်း။
(၃)    သင်တန်းကျွမ်းကျင်မှုကို စစ်ဆေးရာတွင် သင်တန်းကျောင်းမှ သင်ကြားသူ ဆရာ၊မ များမှ စစ်ဆေးသည့်အပြင် အခြားကျွမ်းကျင်သူများ စစ်ဆေးပေးရန်။
(၄)    အလုပ်အကိုင် ချိတ်ဆက်ရရှိရန် အစိုးရ၊ ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်။
 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး၊ ဒေါ်ခိုင်ခိုင်နွယ်မှ နှီးနှောဖလှယ်ပွဲမှ ရရှိလာသောရလဒ်များ၊ တွေ့ရှိချက်များနှင့် အနာဂတ်အစီအစဉ်များ အား အနှစ်ချုပ်တင်ပြခြင်း

၁။    ပုဂ္ဂလိကဏ္ဍမှ လိုအပ်သော ကျွမ်းကျင်မှုတစ်ခုဖြစ်သည့် Skill များအား သေချာလေ့လာပြီးနောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အုပ်စု(၃)စုဖွဲ့၍ ဆွေးနွေးခြင်း အစီအစဥ်မှ အနှစ်ချုပ် ရလဒ်များအား တင်ပြလိုပါကြောင်း၊  TVET ကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍများကို ချိတ်ဆက်ပြီး လုပ်ကိုင် ဆောင်ရွက်နိုင်မည်ဆိုလျှင် မြန်မာနိုင်ငံ၏ လူမှုစီပွားရေးဖွံ့ဖြိုးနိုင်မည်ဟု ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး ဖွံ့ဖြိုးဖို့ရန် ဒေသခံများနှင့် ကိုက်ညီသော သင်တန်းများ ရှာဖွေသင်တန်းပို့ချရန် တိုက်တွန်းပါကြောင်းနှင့် အစိုးရဘက်မှလည်း ပူး ပေါင်းပါဝင်မည် ဖြစ်ပါကြောင်းအား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေးမှလည်း ပြောကြားခဲ့ပါကြောင်း၊ ယနေ့ကျင်းပသည့် နှီးနှောဖလှယ်ပွဲတွင် အစိုးရကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍအားလုံး တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်တာကို တွေ့မြင်ရပါကြောင်း ပြောကြား ပါသည်။
ပုဂ္ဂလိကလုပ်ငန်းရှင်များဘက်မှလည်း သင်တန်းများပေးနေသော်လည်း အကန့်အသတ်ရှိနေပါ သဖြင့် အစိုးရနှင့် ပူးပေါင်းလုပ်ကိုင်လျှင် ပိုမိုထိရောက်မည် ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၌ လည်း လူ့စွမ်းအားအရင်းအမြစ်နှင့်စပ်လျဥ်း၍ သင်တန်းကျောင်းများ ဖွင့်လှစ်ထားရှိသည်ကို တွေ့ရှိရ သော်လည်း အစိုးရနှင့့်ပူးပေါင်းဆောင်ရွက်မှသာ Public Private Partnership(PPP) ဖြစ်သည့်အတွက် ပိုမိုထိရောက်မည်ဟု ယုံကြည်ပါကြောင်း၊ Plenary Session ၌ စက်မှုဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန စသည့် ဝန်ကြီးဌာနအသီးသီးနှင့်  နည်းပညာစိုက်ပျိုးရေး တက္ကသိုလ်ရှိ ဆရာများမှ မိမိတို့၏ ဌာနအသီးသီးတွင် ယခုလက်ရှိ ဆောင်ရွက်လျက်ရှိသော သင်တန်းများအား ရှင်းပြခဲ့ပါကြောင်း၊ ကျွမ်းကျင်မှုအဆင့် NSSA နှင့် ပတ်သက်သော သင်တန်းများနှင့် Certificate ထုတ်ပေးမည့်ကိစ္စရပ်များကိုလည်းကောင်း တင်ပြခဲ့ပါ ကြောင်း ပြောကြားပါသည်။
    လူသားအရင်းအမြစ် တည်ဆောက်သော လုပ်ငန်းကော်မတီဝင်များ အနေဖြင့်  တိုင်းဒေသကြီး ဘက်မှ လိုအပ်သော အဓိကအကျဆုံး သင်တန်းကို ဖော်ဆောင်ရန် ရောက်လာခဲ့ခြင်းဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန အသီးသီးမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကိုလည်း  လုပ်ငန်းရှင်အသီးသီးမှ စိတ်ဝင်စားပါက ရှေ့ဆက်လက်၍ ချိတ်ဆက်ဆောင်ရွက်နိုင််ပါကြောင်း၊ အုပ်စုဖွဲ့ ဆွေးနွေးခြင်း အစီအစဥ်၌  လယ်ယာစိုက်ပျိုးရေးကဏ္ဍအား အဓိကထား တောင်းဆိုသည်ကို တွေ့ရှိရပါ ကြောင်း၊ စပါးအထွက်တိုးရေးကိုဖြစ်ပေါ်စေမည့် စိုက်ပျိုးရေးနည်းပညာသင်တန်းများကိုလည်း တောင်းဆို ပါကြောင်း၊  စိုက်ပျိုးရေးနည်းပညာသင်တန်းများဟု ဆိုရာ၌  မျိုးစေ့ ထုတ်လုပ်ခြင်းနည်းပညာ၊  စပါး သိုလှောင်ထိန်းသိမ်းသည့် နည်းပညာ၊ မြေဩဇာနှင့် ပိုးသတ်ဆေးအသုံးပြုခြင်း နည်းပညာစသည်ဖြင့် သင်တန်းအမျိုးအစားများစွာရှိခြင်းကြောင့် သင်တန်းများကို Prioties ရွေးချယ်ပြီး ARCCI မှ တာဝန်ရှိလူ ကြီးများနှင့် အသေးစိတ် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊  စိုက်ပျိုးရေး နည်းပညာ သင်တန်းများအပြင် လယ်ယာသုံးပစ္စည်း ပြုပြင်သော သင်တန်းများပါ တောင်းဆိုလာသည်ကို တွေ့ရသော ကြောင့် လယ်ယာသုံးစက်ကိရိယာပြုပြင်ထိန်းသိမ်းခြင်း သင်တန်းကိုလည်း ဖွင့်လှစ်နိုင်ရေး ဆောင်ရွက် ပေးမည် ဖြစ်ပါကြောင်း၊ ဟိုတယ် သင်တန်း၊ လယ်ယာလုပ်ငန်းတွင် လုပ်ကိုင်ဆောင်ရွက်နေသူများအတွက် ငွေကြေးကိုင်တွယ်စီမံမှု သင်တန်းစသည့် သင်တန်းများတောင်းဆိုမှုကို တွေ့ရှိရပါကြောင်း၊ တိုင်းဒေသကြီး အနေဖြင့် တိုင်းဒေသကြီး၏ လူမှုစီးပွားဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုမည့်  စိုက်ပျိုးရေးနည်းပညာ များ ဖွံ့ဖြိုးစေရေးကို  အဓိကထား၍ တောင်းဆိုဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါကြောင်း၊ မိမိတို့ အခြေခံလူသား အရင်းအမြစ် တည်ဆောက်ရေး လုပ်ငန်းကော်မတီအနေဖြင့်လည်း သင်တန်းများ အမြန်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းဖြင့် နှီးနှောဖလှယ်ပွဲမှ ရရှိလာသောရလဒ်များ၊ တွေ့ရှိချက်များနှင့် အနာဂတ်အစီအစဉ်များအား အနှစ်ချုပ်တင်ပြသွားပါသည်။
 

ပုဂ္ဂလိကကဏ္ဍ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များချမှတ်ခြင်း နှီးေနှာဖလှယ်ပွဲ အစီအစဉ်

မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း၊ ၂၀၁၇ခုနှစ်၊ ေမလ (၂၁)ရက်

အချိန်

အကြောင်းအရာ

၈:၃၀ နာရီမှ

၉း၀၀နာရီအထိ

တက်ရောက်မည့် ကိုယ်စားလှယ်များ သတင်းပို့ခြင်း

၉း၀၀ နာရီမှ ၉း၁၀ နာရီအထိ

မန္တလေးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်၊ ဒေါက်တာဇော်မြင့်မောင်က အဖွင့်အမှာစကား ပြောကြားခြင်း

၉း၁၀ နာရီမှ ၉း၂၀ နာရီအထိ

ပညာ​​ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကား ပြောကြားခြင်း

၉း၂၀ နာရီမှ ၉း၃၀ နာရီအထိ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ ဥက္ကဋ္ဌ၊ ဦးဇော်မင်းဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကား​ ြေပာကြားခြင်း

၉း၃၀ နာရီမှ ၉း၄၀ နာရီအထိ

မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ဥက္ကဋ္ဌ၊ ဦးအောင်သန်းက ကြိုဆိုနှုတ်ခွန်းဆက်စကား​ ြေပာကြားခြင်း

ဖွင့်ပွဲအခမ်းအနားပြီးစီးကြောင်း ကြေညာခြင်း

မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း

ဆွေးနွေးခြင်းကဏ္ဍ

၉း၄၅ နာရီမှ

၁၀း၀၀ နာရီ အထိ

ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာအေးမြင့်က အခြေခံလူသားအရင်းအမြစ် တည်ဆောက်ရေး လုပ်ငန်းကော်မတီနှင့်ပတ်သက်၍ မိတ်ဆက်ခြင်းနှင့် ကော်မတီ၏ ဆောင်ရွက်ချက်များ အား ရှင်းလင်းတင်ပြခြင်း

၁၀း၀၀ နာရီမှ

၁၀း၁၅ နာရီ အထိ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး၊ ​ေဒါ်ခိုင်ခိုင်နွယ်က အခြေခံလူသား အရင်းအမြစ် တည်ဆောက်ရေးလုပ်ငန်းကော်မတီအနေဖြင့် ရှေ့ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခြင်း

၁၀း၁၅ နာရီမှ ၁၀း၃၀၀ နာရီ အထိ

ဧည့်ခံကျွေးမွေးခြင်း

၁၀း၃၀ နာရီမှ ၁၁း၂၀ နာရီ အထိ

အစိုးရနှင့်ပုဂ္ဂလိက ချိတ်ဆက်ဆောင်ရွက်မှု ခိုင်မာအားကောင်းစေရေး ဆွေးနွေးခြင်း

ရည်ရွယ်ချက်-   လုပ်ငန်းခွင်တွင် လိုအပ်သည့် လူ့စွမ်းအား အရင်းအမြစ်များ ရရှိနိုင် ရေးအတွက်  အစိုးရနှင့် ပုဂ္ဂလိက ချိတ်ဆက်ဆောင်ရွက်မှု ခိုင်မာအား ကောင်းစေရေး အစီအစဉ်များချမှတ်ရန်

တင်ပြဆွေးနွေးမည့််ပုဂ္ဂိုလ်(၄)ဦး (တစ်ဦးလျှင် ၁၀ မိနစ်ခန့်)

(၁)ဦးအောင်သွင်ဦး၊ ညွှန်ကြား​ေရးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

(၂)ဒေါက်တာမျိုးသက်၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊

(၃)ဒေါက်တာစိုင်းကျော်နိုင်ဦး၊ ညွှန်ကြားရေးမှူးချုပ်(တာဝန်)၊ လေ့လာဆန်းစစ် အကဲဖြတ်ရေးအဖွဲ့(သုတေသန)၊ ပညာရေးဝန်ကြီးဌာန

(၄)ဒေါ်ခင်လေးြမင့်၊ သဇင်ပန်းဟိုတယ်နှင့် ကျောက်မျက်ရတနာလုပ်ငန်း

မေးခွန်းများ မေးမြန်းခြင်းနှင့််ဖြေကြားခြင်း (၁၀) မိနစ်ခန့်

သဘာပတိ - ဦးမျိုးအောင်၊ အမြဲတမ်းအတွင်းဝန်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်​ေရးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန

၁၁း၂၀ နာရီမှ ၁၂း၃၀ နာရီ အထိ

အဖွဲ့လိုက်ဆွေးနွေးခြင်း ( ၄၀ မိနစ်ခန့်)

အဖွဲ့များအားလုံး-အစိုးရနှင့်ပုဂ္ဂလိက ချိတ်ဆက်ဆောင်ရွက်မှု ခိုင်မာအားကောင်းစေ ရေးဆွေးနွေးခြင်း

ပံ့ပိုးဆောင်ရွက်မည့်သူများ-

အဖွဲ့(၁)- (က)ဦးခွန်ဆမ်၊ ဒုတိယကျောင်းအုပ်ကြီး၊ စက်မှုသင်တန်းကျောင်း(မန္တလေး)

               (ခ)ဒေါက်တာသီတာဆွေ၊   ဒုတိယကျောင်းအုပ်ကြီး၊ အစိုးရစက်မှုလက်မှု သိပ္ပံ (ကျောက်ပန်းတောင်း) 

အဖွဲ့(၂)-(က)ဒေါက်တာမျိုးသူ၊ ကျောင်းအုပ်ကြီး၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက် ဆည်)

              (ခ)ဒေါ်သီသီရှိန်၊ သင်တန်းရေးရာဌာနမှူး၊ စက်မှုသင်တန်းကျောင်း (မန္တလေး)

အဖွဲ့(၃)-(က)ဒေါက်တာဇော်မင်းနိုင်၊ ဒုတိယကျောင်းအုပ်ကြီး၊ အစိုးရစက်မှုလက်မှု သိပ္ပံ (ရွှေပြည်သာ)

               (ခ)ဒေါ်စုစန္ဒာထွန်း၊ နည်းပြအရာရှိ၊ စက်မှုသင်တန်းကျောင်း(မြင်းခြံ)

အဖွဲ့(၄)-(က)ဒေါက်တာကြည်ကြည်လွင်၊ ပါမောက္ခ၊ နည်းပညာမြှင့်တင်ရေးသင်တန်း ဌာန(ဘယ်လင်း)

              (ခ)ဒေါ်လိှုင်လိှုင်သာ၊ ဒုတိယကျောင်းအုပ်ကြီး၊ စက်မှုသင်တန်းကျောင်း (ပခုက္ကူ)     

ရလဒ်များ တင်ပြခြင်းနှင့် မေးခွန်းများမေးမြန်းခြင်း(၃၀ မိနစ်ခန့်)

၁၂း၃၀ နာရီမှ ၁၃း၃၀ နာရီ အထိ

နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခြင်း

၁၃း၃၀ နာရီမှ ၁၄း၄၀ နာရီ အထိ

ဒေသတွင်းဆောင်ရွက်ရမည့် နည်းပညာနှင့် သက်မွေးပညာရပ်များ ဖော်ထုတ်ခြင်းနှင့် ပေါင်းစပ်သင်ကြားရန်လိုအပ်သည့် အသိပညာများနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း

ရည်ရွယ်ချက်-   ဒေသတွင်း အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အဓိက လိုအပ်သည့် နည်းပညာနှင့် သက်မွေးပညာရပ်များနှင့် အဆင့် အလိုက် ပေါင်းစပ်သင်ကြားပေးရန် လိုအပ်သည့် အသိပညာရပ် များ ဆွေးနွေး ဖော်ထုတ်နိုင်ရေး

တင်ပြဆွေးနွေးမည့််ပုဂ္ဂိုလ်(၅)ဦး (တစ်ဦးလျှင် ၁၀ မိနစ်ခန့်)

(၁)Dr. Chris Spohr, Principal Social Sector Specialist, ADB Myanmar Resident Mission in Nay Pyi  Taw

(၂)ဦးစောမှတ်ကျော်၊ ညွှန်ကြားရေးမှူး၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ စက်မှုဝန်ကြီးဌာန

(၃)ဦးကျော်ကျော်လွင်၊ ညွှန်ကြားရေးမှုး၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ အလုပ်  

    သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန

(၄)ဒေါက်တာမျိုးသူ၊ ကျောင်းအုပ်ကြီး၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)

(၅)ဒေါ်ယဉ်ယဉ်အေး၊ Chief Relation Officer၊ (CVT Myanmar)

မေးခွန်းများ မေးမြန်းခြင်းနှင့််ဖြေကြားခြင်း (၂၀) မိနစ်ခန့်

သဘာပတိ - ဒေါက်တာအေးမြင့်၊ ညွှန်ကြားရေးမှူးချုပ်၊ နည်းပညာ၊ သက်မွေး 

                   ပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန

၁၄း၄၀ နာရီမှ ၁၅း၄၀ နာရီ အထိ

အဖွဲ့လိုက်ဆွေးနွေးခြင်း( ၆၀ မိနစ်ခန့်)

အဖွဲ့(၁)ဒေသတွင်းလုပ်ငန်းများတွင် လိုအပ်လျက်ရှိသည့် ဝေဖန်ပိုင်းခြား တွေးခေါ် နိုင်သော စွမ်းရည်၊ ပြဿနာဖြေရှင်းနိုင်သော စွမ်းရည်နှင့် ခွဲခြားဆန်းစစ် လေ့လာနိုင်သောစွမ်းရည်စသည့် (Soft Skill) လိုအပ်ချက်များ ဖော်ထုတ် နိုင်ရေး

အဖွဲ့(၂)ဒေသတွင်းလုပ်ငန်းများတွင် လိုအပ်လျက်ရှိသည့် လက်တွေ့ကျွမ်းကျင်မှု (Hard Skill) လိုအပ်ချက်များ ဖော်ထုတ်နိုင်ရေး

အဖွဲ့(၃)ဒေသမှ တောင်းဆိုမှု အများဆုံးဖြစ်သည့် သင်တန်းအမျိုးအစားတစ်မျိုး စတင် ဖွင့်လှစ်နိုင်ရေး

အဖွဲ့(၄)ဖွင့်လှစ်မည့် သင်တန်းများကို ​ေရရှည်တည်တံ့ ဖွံ့ဖြိုးနိုင်မည့် အစီအစဉ်များ ဖော်ထုတ်နိုင်ရေး

ပံ့ပိုးဆောင်ရွက်မည့်သူများ-

အဖွဲ့(၁)- (က)ဦးခွန်ဆမ်၊ ဒုတိယကျောင်းအုပ်ကြီး၊ စက်မှုသင်တန်းကျောင်း(မန္တလေး)

               (ခ) ဒေါက်တာသီတာဆွေ၊   ဒုတိယကျောင်းအုပ်ကြီး၊ အစိုးရစက်မှုလက်မှု သိပ္ပံ (ကျောက်ပန်းတောင်း) 

အဖွဲ့(၂)-(က)ဒေါက်တာမျိုးသူ၊ ကျောင်းအုပ်ကြီး၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက် ဆည်)

              (ခ)ဒေါ်သီသီရှိန်၊ သင်တန်းရေးရာဌာနမှူး၊ စက်မှုသင်တန်းကျောင်း (မန္တလေး)

အဖွဲ့(၃)-(က)ဒေါက်တာဇော်မင်းနိုင်၊ ဒုတိယကျောင်းအုပ်ကြီး၊ အစိုးရစက်မှုလက်မှု သိပ္ပံ (ရွှေပြည်သာ)

               (ခ)ဒေါ်စုစန္ဒာထွန်း၊ နည်းပြအရာရှိ၊ စက်မှုသင်တန်းကျောင်း(မြင်းခြံ)

အဖွဲ့(၄)-(က)ဒေါက်တာကြည်ကြည်လွင်၊ ပါမောက္ခ၊ နည်းပညာမြှင့်တင်ရေးသင်တန်း ဌာန(ဘယ်လင်း)

              (ခ)ဒေါ်လိှုင်လိှုင်သာ၊ ဒုတိယကျောင်းအုပ်ကြီး၊ စက်မှုသင်တန်းကျောင်း (ပခုက္ကူ)

၁၅း၄၀ နာရီမှ ၁၅း၅၅နာရီ အထိ

ဧည့်ခံကျွေးမွေးခြင်း

၁၅း၅၅ နာရီမှ ၁၆း၃၅ နာရီ အထိ

အဖွဲ့လိုက်ဆွေးနွေးခြင်းမှ ရလဒ်များ တင်ပြခြင်းနှင့် မေးခွန်းများ မေးမြန်းခြင်း

(၄၀ မိနစ်ခန့်)

မေးခွန်းများ မေးမြန်းချိန်တွင် တင်ပြဆွေးနွေးခဲ့သည့်ပုဂ္ဂိုလ်(၅)ဦး ြပန်လည်နေရာ ယူပေး ပါရန်

၁၆း၃၅ နာရီမှ ၁၆း၅၀ နာရီ အထိ

ပညာရေးဝန်ကြီးဌာန၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့(သုတေသန)၊ ညွှန်ကြား ရေးမှူးချုပ်(တာဝန်)၊ ဒေါက်တာစိုင်းကျော်နိုင်ဦးက နှီးနှောဖလှယ်ပွဲမှ ရရှိလာသော ရလဒ်များ၊ တွေ့ရှိချက်များနှင့် အနာဂတ်အစီအစဉ်များအား အနှစ်ချုပ်တင်ပြခြင်း

၁၆း၅၀ နာရီမှ ၁၇း၀၀ နာရီ အထိ

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးဝင်းမော်ထွန်းက နိဂုံးချုပ် အမှာစကား ပြောကြားခြင်း

နှီးနှောဖလှယ်ပွဲ ပြီးစီးခြင်း

မန္တလေးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ အဖွင့်အမှာစကား

၁။    ပုဂ္ဂလိကကဏ္ဍလူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍ ပူးပေါင်း ဆောင်ရွက်မည့် အစီအစဥ်များချမှတ်ခြင်း နှီးနှောဖလှယ်ပွဲကို ကြွရောက်လာကြတဲ့ ပညာရေး ဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီးနှင့်တကွ အားလုံးသော ပရိတ်သတ်အားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်း ဆက်သ ပါတယ်။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစေကြောင်းလည်း ဆုမွန်ကောင်းတောင်းပေးပါတယ်။   အခု ကျွန်တော် ကမ္ဘာ့အစာအိမ်နှင့် အူလမ်းကြောင်းများနေ့ ဖွင့်ပွဲအခမ်းအနားကနေ ပြန်လာပြီး ယခု ကျင်းပတဲ့ အခမ်းအနားကို လာတက်ခြင်း ဖြစ်ပါတယ်။ ယခု ကျင်းပတဲ့အခမ်းအနားကလည်း အရေးကြီး ပါတယ်။ ဒါကို ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရအနေနဲ့ အားပေးချင်လို့ ဒီလိုအခမ်းအနားကို တက် ရောက်ခြင်း ဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီမိုကရေစီကို ကျွန်တော်တို့ သွားနေတဲ့အခါမှာ ပုဂ္ဂလိကရဲ့ အခန်း ကဏ္ဍကို ပိုမိုဖွံ့ဖြိုးတိုးတက်ရမှာ ဖြစ်ပါတယ်။ 
၂။    ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးမှသာလျှင် ကျွန်တော်တို့နိုင်ငံရဲ့ GDP တက်လာပြီးတော့ တိုင်းပြည်ဆင်းရဲမွဲ တေမှုလည်း တိုက်ဖျက်လို့ရမယ်။  ကျွန်တော်တို့ တိုင်းပြည်လည်း ဖွံ့ဖြိုးတိုးတက်လာမယ်။ အဲဒီတော့ အစိုးရရဲ့ ဝင်စွက်ဖက်မှုနည်းပြီးတော့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် SMEs လုပ်ငန်းကဏ္ဍ ကလည်း အရေးကြီးပါတယ်။ ကုန်သည်များနှင့်စက်မှုလုပ် ငန်းရှင်များအခန်းကဏ္ဍလည်း အရေးကြီး ပါတယ်။ ဘာလို့လည်းဆိုတော့ အဲဒီကဏ္ဍသည် ကျွန်တော်တို့ Job Creation အလုပ်ကိုင်အခွင့် အလမ်းတွေ အများကြီးဖန်တီးပေးပါတယ်။ အလုပ်ကိုင်အခွင့်လမ်းတွေ အများကြီး ဖန်တီးပေးဖို့ဆိုရင် အလုပ်ကိုင် အခွင့်လမ်းတွေရအောင် နိုင်ငံသားတွေကို ကျွန်တော်တို့ အသက်မွေးဝမ်းကြောင်းပညာတွေ သင်ပေးရမှာ ဖြစ်ပါတယ်။ 
၃။    ကျွန်တော်တို့ နိုင်ငံသားတွေအားလုံးက ပွင့်ပွင့်လင်းလင်းပြောရရင် အဆင့်မြင့်ပညာရေး တက္ကသိုလ် အကုန်မတက်နိုင်ကြဘူး။ လမ်းခုလပ်မှာ ကျောင်းထွက်လိုက်ရတဲ့ လူငယ်တွေ အများကြီး ရှိပါတယ်။ ကျွန်တော်က မြို့နယ်တွေ သွားနေတော့ ပိုတွေ့ရပါတယ်။ အဲတော့ ဒီပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေ ဦးဆောင်တဲ့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။ အဲတော့ ဒီလိုလုပ်ငန်းကို ပြောရရင်တော့ ဒါဟာ လုပ်သင့်လုပ် ထိုက်တဲ့ လုပ်ငန်းတစ်ခုပါပဲ။ အစိုးရက ဝင်စွက် ဖက်ဖို့ မဟုတ်ပါဘူး။ ပုဂ္ဂလိကကဏ္ဍကို ဘယ်လို ဖွံ့ဖြိုးအောင် လုပ်ပေးမလဲဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းလိုက်တာပါ။ အဲတော့ ဒီဗဟိုကော်မတီကလည်း နှစ်လတစ်ကြိမ်လောက် အစည်းအဝေး လုပ်တယ် လို့ပြောပါတယ်။ 
၄။    ဗဟိုကော်မတီအောက်မှာ လုပ်ငန်းကော်မတီ(၅)ခုရှိပါတယ်။ အဲဒီ(၅)ခုထဲမှာ အခြေခံလူသား အရင်းအမြစ်တည်ဆောက်ရေး လုပ်ငန်းကော်မတီဆိုတာ လုပ်ငန်းကော်မတီလေး တစ်ခုပါပဲ။ အဲတော့ ဘယ်လို နေရာတွေ လုပ်မှာလဲပေါ့။ ပထမအချက်ကတော့့ ကျွန်တော်တို့မှာ Law တွေ ရှိဖို့လိုတယ်။ ဥပဒေတွေအနေနဲ့ လုပ်ထုံးလုပ်နည်း စည်းမျဥ်းတွေက လုပ်သာကိုင်သာရှိဖို့၊ ပတ်ဝန်းကျင်ကောင်း၊        အခြေအနေကောင်းတွေ ဖြစ်လာဖို့အတွက် ကျွန်တော်တို့ အစိုးရက မူဝါဒချမှတ်ပြီး ပေါင်းစပ် ညှိနှိုင်းရမှာ ဖြစ်တယ်။ ပြောရရင် ကျွန်တော်တို့ တစ်ချို့ဟာတေွက ဖြေလျော့ထားတဲ့ဟာတွေ ရှိပါတယ်။         ဒါပေမယ့် တချို့ဟာတွေက စည်းမျဥ်းစည်းကမ်းတွေနဲ့ ထိန်းသိမ်းထားတာတွေရှိပါတယ်။ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် Liberalization အရေးကြီးပါတယ်။ ဒီလို Liberalization လုပ်မယ် ဆိုတဲ့နေရာတွေကို ညှိနှိုင်းဖို့အတွက် ဒီကော်မတီပေါ်လာတာ ဖြစ်ပါတယ်။ နောက် ပြဿနာအများကြီးရှိပါ တယ်။ အလုပ်သမားနဲ့ဆိုတာက ပြဿနာရှိပါတယ်။ ဖြေရှင်းတဲ့အခါမှာ ဘယ်လို နည်းလမ်းကောင်းတွေ ရှိမလဲ ဆိုတဲ့ဟာတွေလဲ လုပ်ငန်းညှိနှိုင်းဖို့အတွက် ဒီဗဟိုကော်မတီကနေ ကိုင်တွယ်နေတာ ဖြစ်ပါတယ်။ 
၅။    နောက်တခုကတော့ Financial Management ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ အဓိက ခက်နေတဲ့ အခက်အခဲတစ်ခုက ကျွန်တော်တို့ ငွေရေးကြေးရေး စီမံခန့်ခွဲနိုင်ခြင်းမရှိတာ တော်တော် ခက်ပါတယ်။  ဘာလို့လဲဆိုတော့ ငွေရေးကြေးရေး ဆိုပါဆို့။ ဥပမာ- မီးလင်းရေးကော်မတီ ကျွန်တော်တို့ နိုင်ငံက မီးလင်းရေးကို မီးလင်းရေးကော်မတီနဲ့ ရပ်ရွာတွေကို ကော်မတီဖွဲ့ပြီး မီးလင်းအောင် လုပ်ပေးတာ ဖြစ်ပါတယ်။ အစိုးရကအကုန်မတက်နိုင်ဘူး။ အဲတော့ ရွာထဲလိုင်းတွေဆွဲတဲ့အခါ မီးလင်းရေး ကော်မတီက အလုပ်မလုပ်ဘူး။ မီးလင်းရေးကော်မတီတိုင်းက အတိုင်ခံရတာ။ ဘာလို့လဲဆိုတော့ ငွေရေးကြေးရေး သုံးစွဲမှု Transparent မဖြစ်ဘူး။ ပွင့်လင်းမြင်သာမှု မရှိဘူး။ အဲဒီ ပွင့်လင်းမြင်သာမှုကို ပွင့်လင်း မြင်သာစွာနဲ့ ကျွန်တော်တို့ လူထုငွေကို ဘယ်လိုစီမံခန့်ခွဲမလဲဆိုတဲ့ဟာလေးတစ်ခုကို အစီမံကောင်းလေး တွေချမှတ်မယ်၊  မူဝါဒတွေ ချမှတ်မယ်။ ပေါင်းစပ်ညှိနှိုင်းဖို့အတွက် ဒီဗဟိုကော်မတီကို ဖွဲ့စည်းမယ်။
၆။    နောက်တစ်ခုကတော့ ကျွန်တော် တို့ပြောပြောနေတဲ့ဟာ နိုင်ငံတကာရင်းနှီးမြုပ်နှံမှုပဲဖြစ်ဖြစ်၊ ဘာရင်းနှီးမြုပ်မှုပဲဖြစ်ဖြစ်၊ ပြည်တွင်းရင်းနှီးမှုပဲ ဖြစ်ဖြစ် ကုန်သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံမှု (Trade and Investment)ဖြစ်တယ်။ ဒီဟာ ဖွံ့ဖြိုးတိုးတက် လာမှလည်း ပုဂ္ဂလိကကဏ္ဍလည်း ဖွံ့ဖြိုးတိုးတက်လာမယ်။ ဒါတွေကို ဘယ်လိုမူဝါဒတွေ ချမှတ်မလဲ။ အဲဒါကြောင့်မို့လဲ ဒီဗဟိုကော်မတီကို ဖွဲ့စည်းတာ။ နောက်တစ်ခု State Owned Enterprises (SOEs) တစ်ခုမှမအောင်ြမင်ဘူး။ ဘာ့လို့လဲဆိုတော့ အရှုံးပေါ်နေတယ်။ လွှတ်တော်မှာလည်း ဒါတွေကို ပုဂ္ဂလိက ပိုင်လုပ်ပါလို့ အကြိမ်ကြိမ်ဆွေးနွေးပြီးပြီ။ ကျွန်တော်တို့ ပြီးခဲ့တဲ့ ပထမအကြိမ် လွှတ်တော်သက်တမ်းမှာ သုံးနှစ် ကြားဖြတ်ရွေးကောက်ပွဲ ဝင်လာတာပါ။ ဒီ SOEs အကြောင်းကို ဘတ်ဂျက်ကျရင် ဆွေးနွေးရတာ၊ ငြင်းကြခုန်ကြတာ၊ မပေးလို့လဲ မဖြစ်ဘူး။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ ဝန်ထမ်းတွေရိှနေတယ်။ ဒါပေမယ့် အောင်ြမင်လားဆို တော့လည်း မအောင်မြင် ဘူးဗျ။ ဒီ SOEs တွေ ဘယ်လို Privatize လုပ်မလဲ။ ဒီနေရာမှာ ကျွန်တော့် အတွေ့ကြုံနဲ့ ပြောရမယ်ဆိုရင် Privatize လုပ်ပြီဆိုရင် ဝန်ထမ်းတွေအတွက် ဘာအစီအမံကောင်းတွေ ချမှတ်မလဲ။ Privatize လုပ်ြပီး ကျွန်တော်တို့ ဝန်ထမ်းတွေ ဘယ်လိုကာကွယ်မလဲ။ ဘယ်လိုလွှဲထားခဲ့မလဲ။ သူတို့ရဲ့ဘဝကို ဘာလုပ်ပေး နိုင်ခဲ့တယ် ဆိုတာ အရေးကြီးပါတယ်။ 
၇။    နောက်ပြီး အခုခေတ်စားနေတဲ့ Private Public Partnership (PPP)ဖြစ်ပါတယ်။ အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းပြီး ဆောင်ရွက်တယ်။ ဒါပေမယ့် တစ်ခါတစ်လေ အစီမံအကောင်းတွေ လိုတယ်။ ပူးပေါင်းတိုင်း ပူးပေါင်းတိုင်း အောင်မြင်နိုင်မယ်ဆိုတာ ပြောလို့မရဘူး။ အဲဒီတော့ ဒီဟာတွေကလည်း မူဝါဒနှင့်အတူ ကျွန်တော်တို့ ပေါင်းစပ်ညှိနှိုင်းရမယ်။ နောက်ဆုံးတော့ Capacity Building လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု ဆိုပြီးတော့ ြေပာပြောနေကြတယ်။ ကျွန်တော်တို့က Capacity Building လုပ်နေတာ။ Skill Labor တွေ မွေးထုတ်နေတယ်ဆိုတာက ဘာလဲဆို့တော့ ဆင်းရဲမွဲတေမှုကို လျှော့ချချင်လို့ (၁၆)%လောက်ရှိနေတဲ့ ဆင်းရဲမွဲတေမှုကို ဆက်လျှော့ချ ရအုံးမယ်။ မကြာမီ AEC ထဲဝင်တော့မယ်။ Investment က နိုင်ငံခြား ကုမ္ပဏီလာရင် ကျွန်တော်တို့နိုင်ငံသားတွေ ဘယ်လောက် အလုပ်ရမှာလဲ။ ဘယ်နှစ်ရာခိုင်နှုန်း အလုပ်ရ မှာလဲ။ ပထမနှစ်မှာ ၂၅ % ရမယ်၊ ဒုတိယနှစ် ခင်ဗျားတို့ ၅၀% ြဖစ်ရမယ်၊ တတိယနှစ်မှာ ၇၅ % ဖြစ်ရမယ်။ ကျွန်တော်တို့ကတော့ အဲလိုဖြစ်စေချင်တာပါ။ ဒါပေမယ့် ကိုယ့်လူတွေ ကတော့ Skill ဖြစ်ြပီလားဆိုတဲ့ ပြဿနာပေါ်လာတယ်။ ဒါတွေကိုပြင်ရတော့မှာ။ ကျွန်တော်တို့ပြင်ဆင်ဖို့ရာ အတွက် Vocational Training လိုလာတယ်။
၈။    ဒါကြောင့်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ကျွန်တော်တို့ရဲ့ ပညာရေးမှာ Vocational Training ကို အစိတ်အပိုင်းတစ်ခု ဖြစ်လာစေချင်တယ်။ အဲဒီတော့ Capacity Building နဲ့ Vocational Training တွေ လိုလာပြီ။ ဒါတွေက ကျွန်တော် ထင်ပါတယ်။ သက်ဆိုင်ရာတွေက ပြောကြမှာပါ။ ကျွန်တော်ြေပာချင်တာက တိုင်းဒေသကြီးတွေမှာ ဒါကိုပဲ စိတ်ဝင်စားတယ်။ ဒါကို စိတ်ဝင်စားတယ်ဆိုတာ ကျေးလက်ေဒသဖွံ့ဖြို့တိုးတက်ရေးကို ကျွန်တော်တို့ လုပ်မှာဖြစ်ပါတယ်။ တတ်နိုင် သမျှ လမ်းတံတားတွေ၊ မီးလင်းရေးကိစ္စတွေ၊ အခြေခံကျတဲ့ဟာတွေ အကုန်လုပ်ပါတယ်။ ဒါပေမဲ့ ဒါတွေ လုပ်ပြီးရင် ပြီးသလား ဆိုတော့ ကျွန်တော်တို့ ကွင်းဆင်းကြည့်လိုက်တဲ့အခါ Job Creation အလုပ်အကိုင် ယူဆမှုအတွက် သင်တန်းပေးဖို့လိုတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးကပေးနေတဲ့ သင်တန်းေတွရှိပါတယ်။ ပြည်နယ်စိုက်ပျိုး မွေးမြူရေးကပေးနေတဲ့ စက်ချုပ်သင်တန်းတွေ ရှိပါတယ်။ Sponsor ရှိရင် ရှိသလို ပေးပါတယ်။ စက်မှုဝန်ကြီးဌာနက Mobile Team ဆိုတာ ရှိပါတယ်။ Vocational Training (၃)ပတ် သင်တန်းတွေကို နယ်တွေ လိုက်ပေးနေတယ်။ Sponsor ရရင် ရသလောက် ကျွန်တော်တို့ လိုက်ပေးတယ်။ ကျွန်တော်တို့ပေးမယ့်ဟာသည် ထောင်ချီပဲ ရှိတာဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံမှာ အသက် (၁၅)နှစ်မှ (၄၅)နှစ်အတွင်း ရှိတဲ့လူဦးရေက အများဆုံးဖြစ်ပါတယ်။ (၅၅)%လောက် ရှိပါတယ်။ အဲဒီတော့ တစ်ချို့ကို သင်တန်းပေးကိုပေးရမယ်။ မပေးလို့မရပါဘူး။ ကျွန်တော်တို့ နောက်ဆုံး သင်တန်းပေးလိုက် တဲ့အခါ သင်တန်းတက်ရောက်တဲ့အထဲမှာ အသက် (၄၀) ကျော်၊ (၅၀)ကျော်တွေ ဘာမှမသိသေးပါဘူး။ အခြေခံကျတဲ့ မော်တော်ဆိုင်ကယ်ပြင် သင်တန်း၊ ဝါယာသွယ်တန်းခြင်းသင်တန်း၊ ဂဟေဆက်သင်တန်း တွေကို ပေးပါမယ်။ 
၉။    ကျွန်တော်ပြောချင်တဲ့ နောက်ဆုံး Massage တစ်ခုက ကျွန်တော် အိန္ဒိယသံအမတ်နှင့် ဟိုတစ်နေ့ ကတွေ့ပါတယ်။ ကျွန်တော် ဘာပဲတောင်းဆိုသလဲဆိုတော့ Training School လေးတွေ ဆောက်ပေး နိုင်မလား။ အကူအညီပေးနိုင် သလားဆို့တော့ ရပါတယ်။ အစိုးရကသာလုပ်  ဒေါ်လာတစ်သန်းအောက် ဆိုရင် ကျွန်တော်တို့ အကုန်ပေးမယ်။ ကျွန်တော် အာမခံ ချက်တစ်ခုရခဲ့တယ်။ ကျွန်တော်ပြောချင်တာ တိုင်းဒေသကြီးအစို့ရအဖွဲ့က Vocational Training School တစ်ခုကို အဓိကထား လုပ်ပေးနေမယ်။ အဲဒီတော့ ပုဂ္ဂလိကအလှူရှင် ပေါ်လာမယ်။ သူတို့လည်း Vocational Training School လေးတွေ လုပ်ပေးချင်ပါတယ်။ ဒါ ပုဂ္ဂလိကကဏ္ဍ လုပ်ငန်းရှင်တွေ အကုန်လုံး သက်မွေးပညာမှာ Skill Labor ဖြစ်ဖို့အရေးကို သဘောပေါက်လာတယ်။ ဘာလို့လဲဆိုတော့ သူတို့ပဲ ပြန်ခံစားရမှာဖြစ်တယ်။ ဒီလူတွေကို သင်တန်းပေးပြီးရင် အလုပ်ထဲ ဘယ်သူတွေကရမလဲ။ သူတို့ပဲရမှာဖြစ်တယ်။ ဒါကြောင့် ကျွန်တော် ပြောပါတယ်။ ခင်ဗျားတို့ လုပ်ငန်း လုပ်ပြီဆိုလို့ရှိရင် အလုပ်သမားလေးတွေအတွက်  Skill သင်တန်းလေး တွေလုပ်ပေးပါ။ ပြီးရင် ခင်ဗျားတို့ လုပ်ငန်းရှင်တွေနဲ့ ပြန်အပ်ရင် အထူးသဖြင့် Construction လုပ်ငန်း ‌ေတွမှာ ပန်းရံတွေ၊ လက်သမားတွက  အစက ဘာမှမတတ်ဘူး။ ဒီလိုပဲ ပြီးစလွယ် ဆောက်ကြတယ်။ Quality Control ကျတော့ အကုန်လုံး ပြဿနာ တက်ကြတယ်။ 
၁၀။    Quality Control ပြဿနာနှင့် ပတ်သက်ပြီး ကျွန်တော်တို့ အစိုးရလက်ထက်မှာ မန္တလေး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က တော်တော်လေး အလုပ်လုပ်ပါတယ်။ ဒါ ပွင့်ပွင့်လင်းလင်း ြေပာတာပါ။ ဆောက်ပြီးသမျှ အဆောက်အဦးတွေကို လိုက်ကြည့်တယ်။ ကျေနပ်ဖွယ်ရာ မရှိတော့ တိုင်ကြားကြတယ်။ ကျွန်တော်တို့လည်း လိုက်စစ်ကြတယ်။ ပြန်ပြင်ရတယ်။ ဟုတ်လည်း ဟုတ်ပါတယ်။ ဘာလို့လည်းဆိုတော့ ကျောင်းတစ်ခု၊ ဆေးရုံတစ်ခု တည်ဆောက်နေတဲ့ တတ်ကျွမ်းတဲ့ အင်ဂျင်နီယာ တစ်ယောက်မှမပါဘူး။ လုပ်ငန်းအပ်ပြီးတော့  အလုပ်သမားတွေနဲ့ ပန်းရံသမားတွေ လွှဲသွားတယ်။ ကျွန်တော်တို့ စောင့်ကြည့်ဖို့လို့တယ်။ စောင့်ကြည့်ဖို့လည်း လိုအပ်သလို Skill Labor လဲ လိုအပ်တဲ့အချိန် ဖြစ်တယ်။ အဲဒီတော့ အဖြစ်နိုင်ဆုံး အကောင်းဆုံးကတော့ တိုတိုနဲ့နဲ့မြန်မြန်ကတော့ Vocational Training School တွေ ပေါ်လာဖို့ပဲ။ ဒါကြောင့် အစိုးရနှင့် ပုဂ္ဂလိကဟာ ပူးပေါင်းနေရမှာ ဖြစ်တယ်။ ကျွန်တော်တို့ တုိင်းဒေသကြီးအစိုးရက ပုဂ္ဂလိက လုပ်ငန်းရှင်တော်တော်များများကို အကူအညီ တောင်းပါတယ်။ သူတို့ လိုအပ်တာရှိရင်လည်း လုပ်ပေးပါတယ်။ 
၁၁။    ယနေ့ကျင်းပတဲ့ နှီးနှောဖလှယ်ပွဲမျိုးဆို သူတို့ ဖိတ်တိုင်း ကျွန်တော်လာမှာပါ။ ဘာလို့လဲဆိုတော့ မန္တလေးတိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်မှုအတွက် သူတို့က မောင်းနှင်းအားတစ်ခုပဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကြောက်လို့ လာခြင်းဖြစ်သလို အကူအညီ တောင်းဖို့ လာတာလည်း ဖြစ်တယ်။ လောလော ဆယ်တော့ MRCCI က ကျွန်တော့ဆီ မြေတောင်းနေပါ တယ်။ အဲတော့ ရအောင်လုပ်ပေးပါမယ်။ ကျွန်တော်တို့ မန္တလေးဒေသကြီးအတွက်တင် မဟုတ်ပဲ နိုင်ငံတော်အတွက် ဒီလို လုပ်ငန်းလေးတွေမှာ တက်တက်ကြွကြွ ဆွေးနွေးပေးကြပါလို့ ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။
 

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာမျိုးသိမ်းကြီး၏ အမှာစကား

၁။    ယနေ့ ကျင်းပပြုလုပ်သော  ပုဂ္ဂလိကကဏ္ဍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နှီးနှောဖလှယ်ပွဲ အခမ်းအနားကို တက်ရောက် လာကြသော မန္တလေးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးကော်မတီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ် ငန်းရှင်များအသင်းချုပ်(UMFCCI)နှင့် မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင် များအသင်း(MRCCI)တို့မှ တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ ဌာန ဆိုင်ရာ အကြီးအကဲများ၊ မန္တလေးမြို့ရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ သက်မွေးပညာ သင်တန်း ကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် သင်တန်းနည်းပြ ဆရာ၊ ဆရာမများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊  ပြည်တွင်းပြည်ပဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များ အားလုံးကို မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ 
၂။    ယနေ့ နှှီးနှောဖလှယ်ပွဲ ဖြစ်မြောက်ဖို့အတွက် ဝိုင်းဝန်းကူညီပေးကြသော UMFCCI နှင့် MRCCI တို့မှ တာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ အားလုံးကို လည်း ဒီနေရာကနေမှ အားလုံးရဲ့ကိုယ်စား ကျေးဇူးအထူးတင်ရှိပါတယ်လို့ ပြောကြားအပ်ပါတယ်။ နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးချုပ်ပြောကြားသွားသကဲ့သို့ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးဟာ အလွန်အရေးပါ ပါတယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရအနေနဲ့လည်း ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေးမူဘောင်ကို ချမှတ်ထားပြီး ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ဖို့လို့အတွက် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို ဒုတိယသမ္မတ(၁) ဦးဆောင်၍ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီလို ဖွဲ့စည်းဆောင်ရွက်တဲ့အခါမှာ လုပ်ငန်းကော်မတီ (၅)ရပ်ထဲမှ အခြေခံလူသားအရင်းအမြစ်တည် ဆောက်ရေးလုပ်ငန်းကော်မတီကို ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ ဦးဆောင်ပြီး ဆောင်ရွက်လျက် ရှိပါတယ်။ ဒီလို ပုဂ္ဂလိကကဏ္ဍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်တဲ့အခါမှာ အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်နိုင်မှုဟာ အလွန်အရေးကြီးပါတယ်။ ဒီကဏ္ဍရဲ့ ပိုင်ရှင်တွေသည် ပုဂ္ဂလိကကဏ္ဍမှ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပညာရေးဝန်ကြီးဌာနနဲ့ အစိုးရဟာ အရှိန်အဟုန်မြင့်မားပြီး အောင်မြင်မှုရတဲ့အထိ ဝိုင်းဝန်ကူညီဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ 
၃။    ဒါကြောင့်မို့ နည်းပညာနှင့်သက်မွေး ပညာရေးနှင့် လေ့ကျင့်ရေး(Technical and Vocational Education and Training)သည် ဒီကဏ္ဍ၏ အသက်သွေးကြောဖြစ်ပါတယ်။ TVET လို့ ပြောမယ်ဆိုရင် ကမ္ဘာပေါ်မှာ အောင်မြင်နေသည့် နိုင်ငံသည် (၅) နိုင်ငံလောက်သာရှိပါတယ်။ ဆွဇ်ဇလန်၊ ဩစတြေးလျ၊ ဂျာမနီ၊ ဒိန်းမတ်နှင့် လူဇင်ဘတ်နိုင်ငံတွေသည် ကမ္ဘာပေါ်မှာ TVET ကဏ္ဍမှာ အအောင်မြင်ဆုံး နိုင်ငံတွေဖြစ်ပါတယ်။ သူတို့တေွရဲ့ အောင်မြင်မှုကို ကြည့်ပြီးတော့လည်း အတုယူပြီး အကောင်အထည် ဖော်ဆောင်ရွက်လို့ မရပါဘူး။ ကျွန်တော်တို့နိုင်ငံရဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့ ရိုးရာဓလေ့ ထုံးတမ်း စဉ်လာ၊ ယဉ်ကျေးမှုနဲ့ တန်ဖိုးတွေကိုလည်း ထည့်တွက်ပြီးတော့မှ ကျွန်တော်တို့နိုင်ငံရဲ့ လိုက်လျောညီထွေ ဖြစ်တဲ့ TVET ကဏ္ဍကို ဆောင်ရွက်ဖို့လို့ အတွက် အ‌ေရးကြီးပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ TVET မှာ Technical and Vocational ဆိုတဲ့ စကားလုံးနှစ်လုံးကို ခွဲလို့မရပါဘူး။ နည်းပညာလို့ပြောရင် သက်မွေးပါကိုပါရမလို သက်မွေးလို့ပြောရင် နည်းပညာပါရပါမယ်။ Education and Training မှာလည်း Education ပါရင် Training ပါရမလို Training ပါရင် Education ပါရမှာ ဖြစ်ပါတယ်။ သို့သော် Education and Training မှာ ရှေ့ နောက် အငြင်းပွားဖွယ်ရာ ရှိပါတယ်။ ပညာရေး အရင်လာ သင့်သလား၊ လေ့ကျင့်ရေးအရင်လာသင့်သလား ဆိုတာ ရှိပါတယ်။ သို့သော် ပညာရေးဝန်ကြီးဌာနမှာ ရှေးနှစ်ပေါင်းများစွာကတည်းကရှိတာသည် ကလေးငယ်တွေကို လေ့ကျင့်ပျိုးထောင် သင်ကြားပေးရမည် ဟုဖြစ်တဲ့အတွက် လေ့ကျင့်ရေးသည် အရင်လာရမယ်လို့ ဆရာ၊ ဆရာမတွေရဲ့ စိတ်ထဲမှာ၊ ပညာရေး ဝန်ကြီးဌာနမှာ ဓလေ့ထုံးတမ်းအစဉ်အလာ ဖြစ်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ သေချာပြန်ကြည့်မယ် ဆိုရင် လူသားတစ်ယောက်ကို ပျိုးထောင်တဲ့အခါ သူလိုအပ်တဲ့ ပညာတွေ Thinking Skill တွေ Problem Skill တွေနဲ့ Creativity တွေကို ရရှိအောင် သင်ကြားပေးပြီးတော့မှသာလျှင် လေ့ကျင့်ခြင်းကသာ အဆင်ပြေမှာဖြစ်ပါတယ်။
၄။    ယနေ့ ကျွန်တော်တို့ဆွေးနွေးတဲ့ နှီးနှောဖလှယ်ပွဲရဲ့ ပိုင်ရှင်တွေသည် ပုဂ္ဂလိကကဏ္ဍမှ လုပ်ငန်း ရှင်များ ဖြစ်ပါတယ်။ ဒီ လုပ်ငန်းရှင်များအတွက် TVET ကဏ္ဍသည် အရေးကြီးပါတယ်။ TVET ကဏ္ဍကို ကျွန်တော်အနေနဲ့တင်ပြရမည်ဆိုရင် အခြေခံပညာအလယ်တန်းအဆင့်ကို သင်ယူပြီးမြောက်ရမှာ ဖြစ်ပါ တယ်။အလယ်တန်းပညာသင်ယူပြီးမြောက်ပြီးမှသာ ဝန်ကြီးချုပ်လမ်းညွှန်သွားသည့်အတိုင်း Vocational ဝါသနာပါရာရင် Vocational ကိုသွားမည်ဖြစ်သလို အဆင့်မြင့်ပညာကို ဆက်တက်ချင်ရင် တက်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မည်သူတစ်ဦးတစ်ေယာက်ကပင်ဖြစ်စေ အသက်အရွယ်အရ ၁၈ နှစ်နှင့် အထက် ဖြစ်လာပြီဆိုရင် အလုပ်အကိုင်လုပ်နိုင်တဲ့အရွယ်ဖြစ်လို့ လုပ်ငန်းခွင်ထဲမရောက်ခင်မှာ TVET ပညာများ သင်ကြားပေးဖို့ လေ့ကျင့်ပေးဖို့ လိုအပ်တယ်လို့ ပြောလိုပါတယ်။ ကမ္ဘာပေါ်မှာ TVET ကဏ္ဍ အောင်မြင် နေသည့် နိုင်ငံ (၅)နိုင်ငံသည် ပုဂ္ဂလိကကဏ္ဍမှာ သူတို့တွေသည် Owner တေွ ဖြစ်ပါတယ်။ သူတို့ လိုအပ်တဲ့ဦးရေကိုသာ သင်ကြားလေ့ကျင့်ပေးသွားတာ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့နိုင်ငံတွေဟာ Demand Driven ကို သွားတာဖြစ်တယ်။ လိုအပ်သလောက်သာ လေ့ကျင့်ပေးသည့်အတွက် အလုပ် လက်မဲ့မဖြစ်တာကို တွေ့ရပါတယ်။ လုပ်ငန်းခွင်မှာရောက်ရှိတဲ့သူကလည်း ကြိုတင်လေ့ကျင့်ထားပြီး ဖြစ်တဲ့အတွက် လုပ်ငန်းကျွမ်းကျင်မှုတွေ ရှိနေပါတယ်။ ကျွန်တော်တို့ ပညာရေးဝန်ကြီးဌာနဟာ ပုဂ္ဂလိက ကဏ္ဍအား အားပေးမြှင့်ဖို့အတွက် ယာယီ အားဖြည့်ပူးပေါင်းဆောင်ရွက်တဲ့သဘောပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့တွေသည် လိုအပ်တာများကို ပူးပေါင်းဖို့အတွက် လာရောက်ခြင်းဖြစ်ပါတယ်။ ဒီဒေသမှာ လိုအပ်တဲ့ အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းများ(Small and Mediun Enterprises (SMEs) ) ကို အထောက်အကူပြုမယ့် လိုအပ်တဲ့ လုပ်သားဈေးကွက်ကို အထောက်အကူပြုမယ့် သင်တန်းတေွ လိုအပ်ပါတယ်။ လိုအပ်တဲ့သင်တန်းတေွအတွက် လိုအပ်တဲ့ လူတွေကို ကျွမ်းကျင်လုပ်သားတေွ ဖြစ်အောင် မွေးထုတ်ပေးမှာ ဖြစ်ပါတယ်။
၅။    Technical and Vocational Education and Training ဖြစ်ဖို့ဆိုရင် (၄)ခု ရှိပါတယ်။ နံပါတ်တစ်အနေနဲ့ Skill ရှိရမယ်။ နံပါတ်နှစ်အနေနဲ့ Motivate ရှိရမယ်။  နံပါတ်သုံးသည် လုပ်ငန်းကို လုပ်ကိုင်နိုင်တဲ့ Professional ဖြစ်ရမယ်။  နောက်ဆုံးအချက်သည် Personality  ဖြစ်ပါတယ်။  ၎င်း အချက်(၄)ချက်သည် လုပ်ငန်းခွင်အတွက် အလွန်အရေးကြီးပါတယ်။ လုပ်ငန်းခွင်ထဲမရောက်ခင်မှာ နိုင်ငံတော်က ပြုစုနေတဲ့ National Qualification Framework(NQF)အရ Level 1 နဲ့ 2 သည် နိုင်ငံတော်တော်များများမှာမရှိပါဘူး။ Primary Education သည် Level 1 မရှိရပါဘူး၊ Middle School Education သည် Level 2 မရှိရပါဘူး။ အခြေခံပညာအလယ်တန်းအဆင့် သင်ယူပြီးမြောက်ပြီး မှသာလျှင် Vocational Training သွားရမယ် ဒါမှမဟုတ် University သွားဖို့အတွက် High School ကို ဆက်တက်ရမယ်။ ဒါကြောင့် National Qualification Framework(NQF)အရ လုပ်ငန်းရှင်တွေအနေနဲ့ လိုအပ်တဲ့ လုပ်သားဈေးကွက်ကိုသာ ပြူစုပျိုးထောင်ပေးဖို့ အရေးကြီးပါတယ်။ ဒီ လုပ်ငန်း အောင်မြင် ရေးအတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနဲ့ပါ ပူးပေါင်းပါဝင် ဆောင်ရွက်သွားပါမယ်။ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း အတွက် အားလုံးက သည်းခံပြီး ဆောင်ရွက်ဖို့တော့ လိုပါတယ်။ ပညာရေးဝန်ကြီးဌာနအနေဖြင့် School Dropout တေွ များပြားနေတဲ့အတွက် လျောချဖို့ လိုပါတယ်။ စာတတ်မြောက်မှု အရေအတွက် များပြားဖို့ အတွက်လည်း ဆောင်ရွက်ဖို့လိုအပ်နေပါတယ်။ Vocational Education ကိုလည်း First Class TVET ဖြစ်အောင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွှန်မှာကြားသွားသည့်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ဖို့ လိုနေပါတယ်။ ဒီလိုအကောင်အထည်ဖော် ဆောင်ရွက်တဲ့အခါ TVET ကဏ္ဍ အရည် အသွေးမြင့်မားပြီး အောင်မြင်နိုင်ဖို့အတွက် အားလုံးက ဝိုင်းဝန်းကူညီ ပူးပေါင်းဆောင်ရွက်ပေးပါလို့ အနူး အညွတ် မေတ္တာရပ်ခံ တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်ပါတယ်။
    အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။
 

မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း၊ ဥက္ကဋ္ဌ၊ ဦးအောင်သန်း၏ ကြိုဆိုနှုတ်ခွန်းဆက်စကား

၁။    ပုဂ္ဂလိကကဏ္ဍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မည့်အစီအစဥ်များ ချမှတ်ခြင်း နှီးနှောဖလှယ်ပဲွသို့ ကြွရောက်လာကြပါသော  ပြည်ထောင်စု ဝန်ကြီး ေဒါက်တာမျိုးသိမ်းကြီးနှင့်တကွ ဒုတိယဝန်ကြီး ဦးဝင်းေမာ်ထွန်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ေရးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်း အတွင်းဝန်များနှင့် အကြီးအကဲများ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ ADB မှ ပညာရှင်များ၊ လုပ်ငန်းပိုင်းဆိုင်ရာမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရေးဆိုင်ရာ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ အထူးသဖြင့် မန္တလးတိုင်းေဒသကြီး ဝန်ကြီးချုပ်နှင့် အမှုေဆာင်ဝန်ကြီးများအားလုံး စုံစုံညီညီ တက်ေရာက် ချီးမြှင့်ေပးကြသည့် ပုဂ္ဂိုလ်များအားလုံးကို မင်္ဂလာအေပါင်းနှင့် ပြည့်စုံကြပါစေကြောင်း ပထမဦးစွာ နှုတ်ခွန်းဆက်သပါ ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
၂။    ယနေ့ကျင်းပပြုလုပ်သည့် ပုဂ္ဂလိကကဏ္ဍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မည့်အစီအစဥ်များချမှတ်ခြင်း နှီးနှောဖလှယ်ပဲွအား ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ကြိုဆိုပါေကြာင်း၊ ရန်ကုန် မြို့တွင်လည်း ယခုကဲ့သို့ ကျင်းပပြုလုပ်ခဲ့ပါေကြာင်း၊ အထူးသဖြင့် မန္တလးတိုင်းေဒသကြီးအေနဖြင့် လက်ခံ ကျင်းပပြုလုပ်ေပးသည့်အတွက် အထူးပင်ေကျးဇူးတင်ရှိပါေကြာင်း၊ ပုဂ္ဂလိကကဏ္ဍသည် များစွာ အေရး ကြီးပါကြာင်း၊ နိုင်ငံေတာ်၏ ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ေရးအတွက် နိုင်ငံတာ်အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ တို့ ပူးေပါင်းေဆာင်ရွက်မှသာ ေအာင်မြင်မှုများ ရရှိမည်ဖြစ်သည်ကို အားလုံး အသိပင် ဖြစ်ပါကြာင်း၊   ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအား နိုင်ငံတာ်အစိုးရမှ အထူးအာရုံပြု ေဆာင်ရွက်ေပးေနသည်ကိုေတွ့မြင်ကြရမည် ဖြစ်ပါေကြာင်း ဆွေးနွေးပြောကြားပါသည်။
၃။    ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက ေတွ့ကြုံရင်ဆိုင်ေနရသည့် စိန်ေခါ်မှုများမှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး(Human Resources Sector)သည် အေရးကြီးသည်ကို အားလုံး လက်ခံကြရမည် ဖြစ်ပါေကြာင်း၊ ေငွေကြးအရင်းအနှီး ေမြာက်များစွာဖြင့် လုပ်ကိုင်ေဆာင်ရွက်ေနသည့် စီးပွားေရးလုပ်ငန်းများတွင် စွမ်းဆာင်ရည်ရှိသည့် လူသားအရင်းအမြစ် မရှိပါက မေအာင်မြင်နိုင်သည်ကို လက်ေတွ့ လုပ်ကိုင်ေဆာင်ရွက်ေနသည့် စီးပွားေရးလုပ်ငန်းရှင်များ အသိပင် ဖြစ်ပါကြောင်း၊ စီးပွားေရး လုပ်ကိုင်ေနသည့် ကဏ္ဍတိုင်းတွင် အတတ်ပညာနှင့် အသိပညာ ကျွမ်းကျင်သည့် ပုဂ္ဂိုလ်များ လိုအပ်သကဲ့သို့ သက်ေမွးပညာ(Vocational Training) တတ်ကျွမ်းသည့် ပုဂ္ဂိုလ်များ များစွာ လိုအပ်ပါေကြာင်း၊  အချို့မိသားစုများ၌ ဘွဲ့ရသင်တန်းများ တက်ေရာက်ရန် အခက်အခဲများ ရှိကြပါေကြာင်း၊        အေခြခံပညာ အထက်တန်းကျောင်း ေအာင်မြင်ပြီးပါက  သက်ေမွးပညာသင်တန်းများသို့ တက်ရာက်၍ လုပ်ငန်းခွင်များ ဝင်ေရာက်ပါက များစွာ အကျိုးရှိမည် ဖြစ်ပါေကြာင်း၊  ထုတ်လုပ်ေရးလုပ်ငန်းရှင်များ၊ Manufacturing Sectors များတွင် သက်ေမွးပညာသင်တန်းဆင်းများ လိုအပ်လျက်ရှိပြီး အဆိုပါ လုပ်ငန်းများအတွက် သက်ေမွးသင်တန်းဆင်းများအား ကြိုဆိုပါေကြာင်း ဆွေးနွေးပြောကြားပါသည်။
၄။    ပညာေရးဝန်ကြီးဌာန၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူဝင်မှုကြီးကြပ်ေရးဝန်ကြီးဌာန နှင့်အတူ ပုဂ္ဂလိကကဏ္ဍ အတွက် လိုအပ်လျက်ရှိသည့် ပညာရပ်များကို သင်ကြားပေးသည့် အဖွဲ့အစည်းများလည်း ရှိပါကြောင်း၊ ဝိုင်းဝန်းအားပေးဆောင်ရွက်မှသာ အောင်မြင်မည် ဖြစ်ပါကြောင်း၊ ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေ ဦးဆောင်သည့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုဝန်ကြီး (၅)ဦး ပါဝင် ပြီး အစည်းအဝေးများကို ကျင်းပပြုလုပ်ခဲ့ရာ (၆)ကြိမ်မြောက်ရှိပြီ ဖြစ်ပါကြောင်း၊ ဗဟိုကော်မတီအောက် တွင် အဖွဲ့ဝင်အဖြစ် ပါဝင်၍ ပုဂ္ဂလိကကဏ္ဍ၏ အခက်အခဲများ၊ စိန်ခေါ်မှုများ၊ တင်ပြရမည့် အချက် အလက်များကို တင်ပြဆွေးနွေးခဲ့ပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော်မတီ (၅)ရပ် ဖွဲ့စည်း၍ ဆွေးနွေးညှိနှိုင်းမှုများအား ဆောင်ရွက်ခဲ့ပါကြောင်း၊ ကော်မတီ(၅)ရပ်တွင် ငွေကြေး အရင်းအနှီး ရရှိမည့် ကိစ္စရပ်များ၊ ယခုဆွေးေနွးသည့် လူသားအရင်းအမြစ်တည်ဆောက်ရေး ကိစ္စရပ်များသည် ကဏ္ဍတစ်ရပ်အနေဖြင့် ပါဝင်ပြီး ပညာရေးဝန်ကြီးဌာနမှ ငွေကြေးအနေဖြင့် အားပေး၍ ဆောင်ရွက်ခဲ့ ပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍအနေဖြင့် ပညာရေးဝန်ကြီးဌာနအား ကျေးဇူးအထူးတင်ရှိပါေကြာင်း၊ စက်မှု ဝန်ကြီးဌာနနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့ ပူးပေါင်း၍ ပုဂ္ဂလိကကဏ္ဍအတွက် စက်မှုဇုန်များတွင် Vocational Training များ ပြုလုပ်ေပးခဲ့ပါကြောင်း၊ အထူးသဖြင့် လျှပ်စစ်ဆိုင်ရာ သင်တန်းများ၊ Welding နှင့် ပတ်သက်၍ ဂဟေဆော်နည်းသင်တန်းများ ဖွင့်လှစ်ပို့ချပေးခဲ့ကြပါကြောင်း၊ အသင်းချုပ်တွင်လည်း Vocational Unit  တစ်ခု ဖွဲ့စည်း၍ Technical Position Unit မှ သင်တန်းများ ဖွင့်လှစ် ဆောင်ရွက်နေသကဲ့သို့ အခြားသော စီမံခန့်ခွဲမှုပညာရပ်များ ကိုလည်း ဖွင့်လှစ် ဆောင်ရွက်နေပါကြောင်း၊ အထူးသဖြင့် မန္တလေးတိုင်းဒေသကြီးတွင်  UDCC နှင့် ပူးပေါင်း၍ MBA Course များကို အသင်းတွင် ဖွင့်လှစ်ခဲ့ပါေကြာင်း၊ နောက်ပိုင်းတွင် Level များ  ပိုမိုမြှင့်တင်ဆောင်ရွက်ရန် အစီအစဉ်များ ရှိနေသည်ကို အသိပေးြေပာကြားလိုပါကြောင်း၊ လူသားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားအရင်းအမြစ်တည်ဆောက်ရေးကို ပုဂ္ဂလိကကဏ္ဍ တစ်ခုတည်းမှ ဆောင်ရွက်၍ မရနိုင်သည်ကို အားလုံးအသိပင် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများ၊ တက္ကသိုလ်များမှ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်း၍ နိုင်ငံတော် ၏ လိုအပ်ချက်၊ ပုဂ္ဂလိကကဏ္ဍ၏ လိုအပ်ချက်ဖြစ်သည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေသကဲ့သို့ သုတေတနလုပ်ငန်းများကို ဆွေးနွေး၊ ညှိနိှုင်း၊ နှီးေနှာအဖြေရှာမှသာ ပုဂ္ဂလိက ကဏ္ဍ၊ နိုင်ငံေတာ်၏ကဏ္ဍ ဖွံ့ဖြိုးတိုးတက် အကျိုးရှိလာမည်ဖြစ်ပါကြောင်း၊ Vocational  Education တွင် Training စဥ်ဆက်မပြတ် လုပ်ဆောင်မှသာ အဆင်ပြေမည််ဖြစ်ပါကြောင်း၊ TVET ကဏ္ဍတွင် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားပါသည်။
၅။    မြန််မာနိုင်ငံ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအား နိုင်ငံတော်ပိုင်းနှင့် ပုဂ္ဂလိက လုပ်ငန်းအဖွဲ့အစည်းအချို့မှ ဆောင်ရွက်နေသကဲ့သို့ ပြည်ပအဖွဲ့အစည်းများမှလည်း ေဆာင်ရွက်နေ ပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲသို့  Swiss CBT မှလည်း တက်ရောက်လာ ပါကြောင်း၊ Development Partner (DPs)များမှလည်း ပူးပေါင်းပါဝင် ဆောင်ရွက်မည်ဖြစ်သည့်အတွက် ယနေ့ပွဲ သည် မန္တလေးတိုင်းဒေသကြီးရှိ ပြည်သူများနှင့် ပုဂ္ဂလိက လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးေပါင်းေဆာင်ရွက်နိုင်မည့် အခွင့်အလမ်းများ ရရှိလာမည်ဖြစ်ပါကြောင်း၊ အသင်းချုပ်အနေဖြင့် လိုအပ်သည်များ ကို ဆက်လက် ကူညီေဆာင်ရွက်သွားမည် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားပါသည်။ 
၆။    နောက်ထပ်သိရှိရသည့် အချက်တစ်ခုမှာ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလတွင် အမျိုးသားပညာရေး ဥပဒေ ပြဋ္ဌာန်းခဲ့ပြီး အမျိုးသားပညာရေးမူဝါဒကော်မရှင် ဖွဲ့စည်းခဲ့ပါကြောင်း၊ အမျိုးသားပညာရေးမူဝါဒ ကော်မရှင် ဖွဲ့စည်းမှုနှင့်အတူ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလတွင်လည်း အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီ (National Accreditation And Quality Assurance Committee) တစ်ရပ်အား ဖွဲ့စည်း၍ လုပ်ငန်းတာဝန် (၁၂)ရပ်ဖြင့် ဆောင်ရွက်နေသည်ကို ကြားသိရ သည့်အတွက် ဝမ်းသာမိပါကြောင်း၊ သို့မှသာ မြန်မာနိုင်ငံ၏ ပညာရေးအဆင့်အတန်းနှင့် အရည်အသွေး အား အကဲဖြတ်နိုင်မည် ဖြစ်ပြီး နိုင်ငံတကာ ကွန်ယက်များနှင့် ချိတ်ဆက်၍ ပညာအရည်အသွေး အကဲ ဖြတ်မှု၊ ပညာရေးအဆင့်အတန်း သတ်မှတ်ခြင်းများကိုလည်း ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ မြန်မာ နိုင်ငံ၏ ပညာအရည်အသွေးအား နိုင်ငံတကာမှ အသိအမှတ်ပြုနိုင်ရေးအတွက် အရေးတကြီး လုပ်ငန်း တစ်ရပ်အနေဖြင့် ကြိုးပမ်း အကောင်အထည်ဖော်ရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်မှ မြန်မာနိုင်ငံ၏ ပညာရေးအား Priority Sector တစ်ခုအနေဖြင့် အားပေး ချီးမြှင့်၍ ဆောင်ရွက်ပေးသည့်အတွက် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ အထူးအားဖြင့် Technical And Vocational သက်မွေးဝမ်းကျောင်း ပညာရပ်များအား အရေးကြီးသော ကဏ္ဍအနေဖြင့် အသိအမှတ်ပြု ဆောင်ရွက််ရန်အတွက် အမြဲလမ်းညွှန် ပြောကြားသည့်အတွက် ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အစိုးရနှင့် ပုဂ္ဂလိက ယခုထက်ပို၍ ပူးပေါင်းဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။
၇။    ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲမှ ရလဒ်များသည် အထူးကောင်းမွန်ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးအနေဖြင့် ယနေ့ကျင်းပပြုလုပ်သည့် နှီးနှောဖလှယ်ပွဲမှ ရရှိသည့် အချက်များ အပေါ် ထိထိရောက်ရောက် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါရန် အထူးတိုက်တွန်း ပြောကြားလိုပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် နှီးနှောဖလှယ်ပွဲတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးနှင့် စပ်လျဉ်း၍ အေတွ့အကြုံများစွာရှိသည့် အသိပညာရှင်၊ အတတ်ပညာရှင်များမှ ဆွေးေနွးတင်ပြကြမည်ဖြစ်ပြီး ဆွေးနွေးပွဲမှ ထွက်ပေါ်လာမည့် ကောင်းမွန်သော အကျိုးရလဒ်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ရရှိလာမည့် အကျိုးရလဒ်များအပေါ် အခြေတည်၍ ပုဂ္ဂလိကကဏ္ဍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍ ပူးပေါင်းဆောင်ရွက်မည့် အစီအစဥ်များအား ချမှတ်နိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ဆက်လက် ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်မှသာ အတတ်ပညာနှင့် အသိပညာ ကျွမ်းကျင်မှုရှိသည့် ပုဂ္ဂိုလ်များ၊ စွမ်းဆောင်ရည်ရှိသည့် ပုဂ္ဂိုလ်များ ပေါ်ထွန်းလာမည်ဖြစ်ပြီး ပြည်တွင်း ပုဂ္ဂလိကကဏ္ဍနှင့် ပြည်ပမှ လာရောက်၍ ရင်းနှီးမြှုပ်နှံကြမည့် စီးပွားရေးလုပ်ငန်းများ၏ ကျွမ်းကျင်လုပ်သား လိုအပ်ချက်များကိုလည်း ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ပြည်ပမှ ကျွမ်းကျင်လုပ်သား လိုအပ်ချက်များကိုလည်း အထိုက်အလျောက် စီးဆင်းသွားနိုင်ရေး ဆောင်ရွက်သွား နိုင်မည် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားပါသည်။
၈။    နိဂုံးချုပ်အနေဖြင့် AEC Community နှင့် ပတ်သက်၍ ASEAN အတွင်း၌ ငွေကြေး အရင်းအနှီး များ အပြန်အလှန် လုပ်ဆောင်သကဲ့သို့ လူသားအရင်းအနှီးများကိုလည်း အပြန်အလှန် လုပ်ဆောင်ရာ၌ အခြားတစ်ဖက်မှ လာရောက်လုပ်ကိုင်ခြင်းထက် နိုင်ငံအတွင်းမှ တတ်ကျွမ်းသည့် Skill Engineer နှင့် Vocational များ မွေးထုတ်ပေး၍ လုပ်ကိုင်နိုင်မှသာ အကျိုးရှိမည်ဖြစ်ပြီး တစိုက်မတ်မတ် ဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု ရရှိပြီး လူသားအရင်းအမြစ် အောင်မြင်စွာ တည်ဆောက်နိုင်ပါက နိုင်ငံတွင်း လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာမည် ဖြစ်ပါကြောင်း၊ ဆင်းရဲနွမ်းပါးမှု လျော့ချရေးအား အထောက်အကူဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ အားလုံးကို ကျေးဇူး တင်ပါကြောင်း ဆွေးနွေး ပြောကြားခဲ့ပါသည်။
 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၏ ကြိုဆိုနှုတ်ခွန်းဆက်စကား

၁။    ပုဂ္ဂလိကကဏ္ဍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မည့်အစီအစဥ်များ ချမှတ်ခြင်း နှီးနှောဖလှယ်ပဲွသို့ ကြွရောက်လာကြပါသော  ပြည်ထောင်စု ဝန်ကြီး ေဒါက်တာမျိုးသိမ်းကြီးနှင့်တကွ ဒုတိယဝန်ကြီး ဦးဝင်းေမာ်ထွန်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ေရးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်း အတွင်းဝန်များနှင့် အကြီးအကဲများ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ ADB မှ ပညာရှင်များ၊ လုပ်ငန်းပိုင်းဆိုင်ရာမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရေးဆိုင်ရာ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ အထူးသဖြင့် မန္တလးတိုင်းေဒသကြီး ဝန်ကြီးချုပ်နှင့် အမှုေဆာင်ဝန်ကြီးများအားလုံး စုံစုံညီညီ တက်ေရာက် ချီးမြှင့်ေပးကြသည့် ပုဂ္ဂိုလ်များအားလုံးကို မင်္ဂလာအေပါင်းနှင့် ပြည့်စုံကြပါစေကြောင်း ပထမဦးစွာ နှုတ်ခွန်းဆက်သပါ ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
၂။    ယနေ့ကျင်းပပြုလုပ်သည့် ပုဂ္ဂလိကကဏ္ဍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မည့်အစီအစဥ်များချမှတ်ခြင်း နှီးနှောဖလှယ်ပဲွအား ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ကြိုဆိုပါေကြာင်း၊ ရန်ကုန် မြို့တွင်လည်း ယခုကဲ့သို့ ကျင်းပပြုလုပ်ခဲ့ပါေကြာင်း၊ အထူးသဖြင့် မန္တလးတိုင်းေဒသကြီးအေနဖြင့် လက်ခံ ကျင်းပပြုလုပ်ေပးသည့်အတွက် အထူးပင်ေကျးဇူးတင်ရှိပါေကြာင်း၊ ပုဂ္ဂလိကကဏ္ဍသည် များစွာ အေရး ကြီးပါကြာင်း၊ နိုင်ငံေတာ်၏ ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ေရးအတွက် နိုင်ငံတာ်အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ တို့ ပူးေပါင်းေဆာင်ရွက်မှသာ ေအာင်မြင်မှုများ ရရှိမည်ဖြစ်သည်ကို အားလုံး အသိပင် ဖြစ်ပါကြာင်း၊   ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအား နိုင်ငံတာ်အစိုးရမှ အထူးအာရုံပြု ေဆာင်ရွက်ေပးေနသည်ကိုေတွ့မြင်ကြရမည် ဖြစ်ပါေကြာင်း ဆွေးနွေးပြောကြားပါသည်။
၃။    ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက ေတွ့ကြုံရင်ဆိုင်ေနရသည့် စိန်ေခါ်မှုများမှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး(Human Resources Sector)သည် အေရးကြီးသည်ကို အားလုံး လက်ခံကြရမည် ဖြစ်ပါေကြာင်း၊ ေငွေကြးအရင်းအနှီး ေမြာက်များစွာဖြင့် လုပ်ကိုင်ေဆာင်ရွက်ေနသည့် စီးပွားေရးလုပ်ငန်းများတွင် စွမ်းဆာင်ရည်ရှိသည့် လူသားအရင်းအမြစ် မရှိပါက မေအာင်မြင်နိုင်သည်ကို လက်ေတွ့ လုပ်ကိုင်ေဆာင်ရွက်ေနသည့် စီးပွားေရးလုပ်ငန်းရှင်များ အသိပင် ဖြစ်ပါကြောင်း၊ စီးပွားေရး လုပ်ကိုင်ေနသည့် ကဏ္ဍတိုင်းတွင် အတတ်ပညာနှင့် အသိပညာ ကျွမ်းကျင်သည့် ပုဂ္ဂိုလ်များ လိုအပ်သကဲ့သို့ သက်ေမွးပညာ(Vocational Training) တတ်ကျွမ်းသည့် ပုဂ္ဂိုလ်များ များစွာ လိုအပ်ပါေကြာင်း၊  အချို့မိသားစုများ၌ ဘွဲ့ရသင်တန်းများ တက်ေရာက်ရန် အခက်အခဲများ ရှိကြပါေကြာင်း၊        အေခြခံပညာ အထက်တန်းကျောင်း ေအာင်မြင်ပြီးပါက  သက်ေမွးပညာသင်တန်းများသို့ တက်ရာက်၍ လုပ်ငန်းခွင်များ ဝင်ေရာက်ပါက များစွာ အကျိုးရှိမည် ဖြစ်ပါေကြာင်း၊  ထုတ်လုပ်ေရးလုပ်ငန်းရှင်များ၊ Manufacturing Sectors များတွင် သက်ေမွးပညာသင်တန်းဆင်းများ လိုအပ်လျက်ရှိပြီး အဆိုပါ လုပ်ငန်းများအတွက် သက်ေမွးသင်တန်းဆင်းများအား ကြိုဆိုပါေကြာင်း ဆွေးနွေးပြောကြားပါသည်။
၄။    ပညာေရးဝန်ကြီးဌာန၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူဝင်မှုကြီးကြပ်ေရးဝန်ကြီးဌာန နှင့်အတူ ပုဂ္ဂလိကကဏ္ဍ အတွက် လိုအပ်လျက်ရှိသည့် ပညာရပ်များကို သင်ကြားပေးသည့် အဖွဲ့အစည်းများလည်း ရှိပါကြောင်း၊ ဝိုင်းဝန်းအားပေးဆောင်ရွက်မှသာ အောင်မြင်မည် ဖြစ်ပါကြောင်း၊ ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေ ဦးဆောင်သည့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုဝန်ကြီး (၅)ဦး ပါဝင် ပြီး အစည်းအဝေးများကို ကျင်းပပြုလုပ်ခဲ့ရာ (၆)ကြိမ်မြောက်ရှိပြီ ဖြစ်ပါကြောင်း၊ ဗဟိုကော်မတီအောက် တွင် အဖွဲ့ဝင်အဖြစ် ပါဝင်၍ ပုဂ္ဂလိကကဏ္ဍ၏ အခက်အခဲများ၊ စိန်ခေါ်မှုများ၊ တင်ပြရမည့် အချက် အလက်များကို တင်ပြဆွေးနွေးခဲ့ပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော်မတီ (၅)ရပ် ဖွဲ့စည်း၍ ဆွေးနွေးညှိနှိုင်းမှုများအား ဆောင်ရွက်ခဲ့ပါကြောင်း၊ ကော်မတီ(၅)ရပ်တွင် ငွေကြေး အရင်းအနှီး ရရှိမည့် ကိစ္စရပ်များ၊ ယခုဆွေးေနွးသည့် လူသားအရင်းအမြစ်တည်ဆောက်ရေး ကိစ္စရပ်များသည် ကဏ္ဍတစ်ရပ်အနေဖြင့် ပါဝင်ပြီး ပညာရေးဝန်ကြီးဌာနမှ ငွေကြေးအနေဖြင့် အားပေး၍ ဆောင်ရွက်ခဲ့ ပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍအနေဖြင့် ပညာရေးဝန်ကြီးဌာနအား ကျေးဇူးအထူးတင်ရှိပါေကြာင်း၊ စက်မှု ဝန်ကြီးဌာနနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့ ပူးပေါင်း၍ ပုဂ္ဂလိကကဏ္ဍအတွက် စက်မှုဇုန်များတွင် Vocational Training များ ပြုလုပ်ေပးခဲ့ပါကြောင်း၊ အထူးသဖြင့် လျှပ်စစ်ဆိုင်ရာ သင်တန်းများ၊ Welding နှင့် ပတ်သက်၍ ဂဟေဆော်နည်းသင်တန်းများ ဖွင့်လှစ်ပို့ချပေးခဲ့ကြပါကြောင်း၊ အသင်းချုပ်တွင်လည်း Vocational Unit  တစ်ခု ဖွဲ့စည်း၍ Technical Position Unit မှ သင်တန်းများ ဖွင့်လှစ် ဆောင်ရွက်နေသကဲ့သို့ အခြားသော စီမံခန့်ခွဲမှုပညာရပ်များ ကိုလည်း ဖွင့်လှစ် ဆောင်ရွက်နေပါကြောင်း၊ အထူးသဖြင့် မန္တလေးတိုင်းဒေသကြီးတွင်  UDCC နှင့် ပူးပေါင်း၍ MBA Course များကို အသင်းတွင် ဖွင့်လှစ်ခဲ့ပါေကြာင်း၊ နောက်ပိုင်းတွင် Level များ  ပိုမိုမြှင့်တင်ဆောင်ရွက်ရန် အစီအစဉ်များ ရှိနေသည်ကို အသိပေးြေပာကြားလိုပါကြောင်း၊ လူသားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားအရင်းအမြစ်တည်ဆောက်ရေးကို ပုဂ္ဂလိကကဏ္ဍ တစ်ခုတည်းမှ ဆောင်ရွက်၍ မရနိုင်သည်ကို အားလုံးအသိပင် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများ၊ တက္ကသိုလ်များမှ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်း၍ နိုင်ငံတော် ၏ လိုအပ်ချက်၊ ပုဂ္ဂလိကကဏ္ဍ၏ လိုအပ်ချက်ဖြစ်သည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေသကဲ့သို့ သုတေတနလုပ်ငန်းများကို ဆွေးနွေး၊ ညှိနိှုင်း၊ နှီးေနှာအဖြေရှာမှသာ ပုဂ္ဂလိက ကဏ္ဍ၊ နိုင်ငံေတာ်၏ကဏ္ဍ ဖွံ့ဖြိုးတိုးတက် အကျိုးရှိလာမည်ဖြစ်ပါကြောင်း၊ Vocational  Education တွင် Training စဥ်ဆက်မပြတ် လုပ်ဆောင်မှသာ အဆင်ပြေမည််ဖြစ်ပါကြောင်း၊ TVET ကဏ္ဍတွင် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားပါသည်။
၅။    မြန််မာနိုင်ငံ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအား နိုင်ငံတော်ပိုင်းနှင့် ပုဂ္ဂလိက လုပ်ငန်းအဖွဲ့အစည်းအချို့မှ ဆောင်ရွက်နေသကဲ့သို့ ပြည်ပအဖွဲ့အစည်းများမှလည်း ေဆာင်ရွက်နေ ပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲသို့  Swiss CBT မှလည်း တက်ရောက်လာ ပါကြောင်း၊ Development Partner (DPs)များမှလည်း ပူးပေါင်းပါဝင် ဆောင်ရွက်မည်ဖြစ်သည့်အတွက် ယနေ့ပွဲ သည် မန္တလေးတိုင်းဒေသကြီးရှိ ပြည်သူများနှင့် ပုဂ္ဂလိက လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးေပါင်းေဆာင်ရွက်နိုင်မည့် အခွင့်အလမ်းများ ရရှိလာမည်ဖြစ်ပါကြောင်း၊ အသင်းချုပ်အနေဖြင့် လိုအပ်သည်များ ကို ဆက်လက် ကူညီေဆာင်ရွက်သွားမည် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားပါသည်။ 
၆။    နောက်ထပ်သိရှိရသည့် အချက်တစ်ခုမှာ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလတွင် အမျိုးသားပညာရေး ဥပဒေ ပြဋ္ဌာန်းခဲ့ပြီး အမျိုးသားပညာရေးမူဝါဒကော်မရှင် ဖွဲ့စည်းခဲ့ပါကြောင်း၊ အမျိုးသားပညာရေးမူဝါဒ ကော်မရှင် ဖွဲ့စည်းမှုနှင့်အတူ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလတွင်လည်း အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီ (National Accreditation And Quality Assurance Committee) တစ်ရပ်အား ဖွဲ့စည်း၍ လုပ်ငန်းတာဝန် (၁၂)ရပ်ဖြင့် ဆောင်ရွက်နေသည်ကို ကြားသိရ သည့်အတွက် ဝမ်းသာမိပါကြောင်း၊ သို့မှသာ မြန်မာနိုင်ငံ၏ ပညာရေးအဆင့်အတန်းနှင့် အရည်အသွေး အား အကဲဖြတ်နိုင်မည် ဖြစ်ပြီး နိုင်ငံတကာ ကွန်ယက်များနှင့် ချိတ်ဆက်၍ ပညာအရည်အသွေး အကဲ ဖြတ်မှု၊ ပညာရေးအဆင့်အတန်း သတ်မှတ်ခြင်းများကိုလည်း ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ မြန်မာ နိုင်ငံ၏ ပညာအရည်အသွေးအား နိုင်ငံတကာမှ အသိအမှတ်ပြုနိုင်ရေးအတွက် အရေးတကြီး လုပ်ငန်း တစ်ရပ်အနေဖြင့် ကြိုးပမ်း အကောင်အထည်ဖော်ရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်မှ မြန်မာနိုင်ငံ၏ ပညာရေးအား Priority Sector တစ်ခုအနေဖြင့် အားပေး ချီးမြှင့်၍ ဆောင်ရွက်ပေးသည့်အတွက် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ အထူးအားဖြင့် Technical And Vocational သက်မွေးဝမ်းကျောင်း ပညာရပ်များအား အရေးကြီးသော ကဏ္ဍအနေဖြင့် အသိအမှတ်ပြု ဆောင်ရွက််ရန်အတွက် အမြဲလမ်းညွှန် ပြောကြားသည့်အတွက် ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အစိုးရနှင့် ပုဂ္ဂလိက ယခုထက်ပို၍ ပူးပေါင်းဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။
၇။    ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲမှ ရလဒ်များသည် အထူးကောင်းမွန်ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးအနေဖြင့် ယနေ့ကျင်းပပြုလုပ်သည့် နှီးနှောဖလှယ်ပွဲမှ ရရှိသည့် အချက်များ အပေါ် ထိထိရောက်ရောက် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါရန် အထူးတိုက်တွန်း ပြောကြားလိုပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် နှီးနှောဖလှယ်ပွဲတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးနှင့် စပ်လျဉ်း၍ အေတွ့အကြုံများစွာရှိသည့် အသိပညာရှင်၊ အတတ်ပညာရှင်များမှ ဆွေးေနွးတင်ပြကြမည်ဖြစ်ပြီး ဆွေးနွေးပွဲမှ ထွက်ပေါ်လာမည့် ကောင်းမွန်သော အကျိုးရလဒ်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ရရှိလာမည့် အကျိုးရလဒ်များအပေါ် အခြေတည်၍ ပုဂ္ဂလိကကဏ္ဍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍ ပူးပေါင်းဆောင်ရွက်မည့် အစီအစဥ်များအား ချမှတ်နိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ဆက်လက် ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်မှသာ အတတ်ပညာနှင့် အသိပညာ ကျွမ်းကျင်မှုရှိသည့် ပုဂ္ဂိုလ်များ၊ စွမ်းဆောင်ရည်ရှိသည့် ပုဂ္ဂိုလ်များ ပေါ်ထွန်းလာမည်ဖြစ်ပြီး ပြည်တွင်း ပုဂ္ဂလိကကဏ္ဍနှင့် ပြည်ပမှ လာရောက်၍ ရင်းနှီးမြှုပ်နှံကြမည့် စီးပွားရေးလုပ်ငန်းများ၏ ကျွမ်းကျင်လုပ်သား လိုအပ်ချက်များကိုလည်း ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ပြည်ပမှ ကျွမ်းကျင်လုပ်သား လိုအပ်ချက်များကိုလည်း အထိုက်အလျောက် စီးဆင်းသွားနိုင်ရေး ဆောင်ရွက်သွား နိုင်မည် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားပါသည်။
၈။    နိဂုံးချုပ်အနေဖြင့် AEC Community နှင့် ပတ်သက်၍ ASEAN အတွင်း၌ ငွေကြေး အရင်းအနှီး များ အပြန်အလှန် လုပ်ဆောင်သကဲ့သို့ လူသားအရင်းအနှီးများကိုလည်း အပြန်အလှန် လုပ်ဆောင်ရာ၌ အခြားတစ်ဖက်မှ လာရောက်လုပ်ကိုင်ခြင်းထက် နိုင်ငံအတွင်းမှ တတ်ကျွမ်းသည့် Skill Engineer နှင့် Vocational များ မွေးထုတ်ပေး၍ လုပ်ကိုင်နိုင်မှသာ အကျိုးရှိမည်ဖြစ်ပြီး တစိုက်မတ်မတ် ဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု ရရှိပြီး လူသားအရင်းအမြစ် အောင်မြင်စွာ တည်ဆောက်နိုင်ပါက နိုင်ငံတွင်း လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာမည် ဖြစ်ပါကြောင်း၊ ဆင်းရဲနွမ်းပါးမှု လျော့ချရေးအား အထောက်အကူဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ အားလုံးကို ကျေးဇူး တင်ပါကြောင်း ဆွေးနွေး ပြောကြားခဲ့ပါသည်။
 

ပညာရေးဝန်ကြီး ဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ်၊ ဒေါက်တာအေးြမင့်၏ ရှင်းလင်းတင်ပြချက်များ

၁။    အခြေခံလူသားအရင်းအမြစ်တည်ဆောက်ရေးလုပ်ငန်းကော်မတီ၊ ဒုတိယဥက္ကဋ္ဌ၊ ပညာရေးဝန်ကြီး ဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ်၊ ဒေါက်တာအေးြမင့်က အခြေခံလူသားအရင်းအမြစ် တည်ဆောက်ရေးလုပ်ငန်းကော်မတီနှင့်စပ်လျဉ်းသော အကြောင်းအရာများ နှင့် ကော်မတီ၏ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပါသည်။
၂။    ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး မူဘောင်ပါအစီအစဉ်များကို ပိုမိုထိရောက်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်စေရေးအတွက် အဖွဲ့ဝင်(၁၈)ဦးပါဝင်သော “ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးကော်မတီ”ကို နိုင်ငံတော်သမ္မတရုံးမှ အမိန့် ကြော်ငြာစာအမှတ်(၇၉/၂၀၁၆) ဖြင့် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့တွင် စတင်ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ အဓိကမူဘောင်(၅)ရပ်ကို ချမှတ်ထားပါကြောင်း၊ ယင်းတို့မှာ-
(က) ပုဂ္ဂလိကကဏ္ဍဆိုင်ရာဥပဒေနှင့် စည်းမျဉ်းများ အရည်အသွေး တိုးတက်ကောင်းမွန် လာစေ ရေးနှင့်  အငြင်းပွားမှုဖြေရှင်းခြင်းတို့အတွက် ကောင်းမွန်သော အစီအမံများ ချမှတ်နိုင်ရန် မူဝါဒ လမ်းညွှန်  ချက်များ ချမှတ်ပေးခြင်း၊ ညှိနှိုင်းပေါင်းစပ်ဖြေရှင်းပေးခြင်း၊ 
(ခ)    ငွေကြေးဆိုင်ရာကဏ္ဍနှင့် စပ်လျဉ်း၍ ပိုမိုပွင့်လင်းမြင်သာမှုရှိသည့် မူဝါဒများနှင့် စည်းမျဉ်း များ  ရေးဆွဲနိုင်ရန် မူဝါဒလမ်းညွှန်ချက်များ ချမှတ်ပေးခြင်း၊ ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ 
(ဂ)    ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက်လာစေရန် မူဝါဒလမ်းညွှန်ချက်များ ချမှတ် ပေးခြင်း၊  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ 
(ဃ)    နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ ပြုပြင်ပြောင်းလဲရေး၊ ခိုင်မာသော အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (Private Public- Partnership) လုပ်ငန်းအစီအစဉ်တို့အတွက် မူဝါဒလမ်းညွှန်ချက်များ ချမှတ်ပေးခြင်း၊ ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ 
(င)    လူ့စွမ်းအားအရင်းအမြစ် ပိုမိုကောင်းမွန်လာရေး၊ ဆင်းရဲနွမ်းပါးမှုလျော့ချရေး၊ ပညာရေး ကဏ္ဍ  ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် မူဝါဒလမ်းညွှန်ချက်များ ချမှတ်ပေးခြင်း၊ ညှိနှိုင်း ဆောင် ရွက်ပေးခြင်း တို့ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြပါသည်။
၃။    ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီသည် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးမူဘောင်တွင် ပါရှိသည့် မဏ္ဍိုင်(၅)ရပ်အား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အခြေခံလူသားအရင်း အမြစ် တည်ဆောက်ရေးလုပ်ငန်းကော်မတီကို (၅-၁-၂၀၁၇) ရက်နေ့တွင် အဖွဲ့ဝင်(၂၁)ဦးဖြင့် စတင် ဖွဲ့စည်း ပေးခဲ့ပြီး ယခုအခါ အဖွဲ့ဝင်(၂၃)ဦးဖြင့် ပြောင်းလဲ ဖွဲ့စည်းခဲ့ပါကြောင်း၊ ကော်မတီ၏ လုပ်ငန်းတာဝန်များမှာ-
(က)    မြန်မာနိုင်ငံတွင် ရှင်သန်တိုးတက်သော ပုဂ္ဂလိကကဏ္ဍနှင့် စီးပွားရေးစနစ် ပေါ်ပေါက် လာရေး အတွက် အဓိကလိုအပ်ချက်ဖြစ်နေသည့် လူသားအရင်းအနှီး အားကောင်းရေး ကြိုးပမ်းအားထုတ် မှုများကို အားပေးပံ့ပိုးမြှင့်တင်ခြင်း။
(ခ)    အမျိုးသားအဆင့်စီးပွားေရးနှင့် စက်မှုဖွံဖြိုးရေးမဟာဗျူဟာများတွင် လူသားအရင်းအနှီး ဖွံ့ဖြိုးရေးကို အဓိကအစိတ်အပိုင်းအဖြစ် ထည့်သွင်းနိုင်ရန်ဆောင်ရွက်ခြင်း။
(ဂ)    ပညာရေးအတွက် ဘဏ္ဍာငွေကြေးဖြည့်ဆည်းပေးနိုင်ရန်နှင့် စီမံကိန်းများရေးဆွဲ အကောင်         အထည် ဖော်နိုင်ရန် ပူးပေါင်းဆောင်ရွက်ပေးခြင်း။
(ဃ)    ပညာရေးစနစ်များ အထူးသဖြင့် အလယ်တန်း၊အထက်တန်း၊ အဆင့်မြင့်ပညာရေး  ပုံမှန် လမ်းကြောင်းနှင့် TVETတို့ စုစည်းညီညွတ်မှုရှိပြီး မဟာဗျူဟာမြောက် ချိတ်ဆက်လျက် အလုပ်ရှင်များ၏ ပြောင်းလဲနေသော ရုပ်ဝတ္တုပိုင်းနှင့် စဥ်းစားတွေးခေါ်မှု ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုလိုအပ်ချက်များ၊ အသစ်ထွက်ပေါ်လျက်ရှိသော အလုပ်သမား စျေးကွက်နှင့် သက်ဆိုင်သည့်လိုအပ်ချက်များကို ဖော်ထုတ်လျက် ပညာရေးစနစ်က ယင်းကျွမ်းကျင်မှု များကို     သင်ကြားလေ့ကျင့်ပေးနိုင်ရန် ပူးပေါင်းဆောင်ရွက်ပေးခြင်း။
(င)    ပညာရေးကဏ္ဍ ဥပဒေသစ်များနှင့် စည်းမျဥ်းသစ်များမှာ နီးကပ်စွာညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပြီး တစ်စုတစ်စည်းတည်းရှိစေရန်  စီမံဆောင်ရွက်ခြင်း။
(စ)    မူဝါဒသစ်များတွင် ငယ်ရွယ်သော အမျိုးသား၊ အမျိုးသမီးများအတွက် ကျောင်း ပညာရေးမှ အလုပ်အကိုင်သို့ ချိတ်ဆက်မှုများကို ပိုမိုရှင်းလင်းစွာ ဖော်ပြနိုင်ရေးနှင့် စဥ်းစားတွေးခေါ်သည့် ကျွမ်းကျင်မှုများကို တိုးတက်ဖွံ့ဖြိုးစေရေး အဓိကထား လုပ်ဆောင် ရေး စီမံဆောင်ရွက်ခြင်း။
(ဆ)    TVETကို ကျောင်းသင်နှင့် ကျောင်းပြင်ပ ချိတ်ဆက်သင်ကြား၍ TVET ဥပဒေနှင့် ဆက်စပ်ဥပဒေများမှာ TVET အမျိုးအစားအားလုံးကို လွှမ်းခြုံသည့် စုစည်းညီညွတ် သော မူဘောင်     ဖြည့်ဆည်းပေးနိုင်ရေး သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများ အားလုံးနှင့် ပုဂ္ဂလိကကဏ္ဍတို့     ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်မှုကို ပံ့ပိုးမှုပေးရေး အစီအမံများကို အားကောင်းစေခြင်း။
(ဇ)    အမျိုးသားအဆင့်အရည်အသွေးမူဘောင်  (National Qualification Framework)နှင့် နည်းပညာနှင့်သက်မွေးပညာကဏ္ဍအတွက်အမျိုးသားအဆင့်ကျွမ်းကျင်မှု စံသတ်မှတ်ရေး အဖွဲ့     (National Skill Standard Authority –NSSA) အရည်အသွေး စံသတ်မှတ် ချက်များနှင့်အညီ(Testing Centre)များထူထောင်၍ ကဏ္ဍအလိုက်ကျွမ်းကျင်မှု အဆင့် အတန်းအလိုက် Skill Certificate များ ထူထောင်ဆောင်ရွက်မှုအား အမြန်ဆုံးထူထောင် ဆောင်ရွက်ခြင်း။
(ဈ)    ဘာသာရပ်အလိုက် ကျွမ်းကျင်သည့် ပညာရှင်များ မွေးထုတ်နိုင်ရန် အစိုးရပုဂ္ဂလိက ပူးပေါင်းမှု၊     နိုင်ငံတကာအဖွဲ့အစည်းများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်းမှုဖြင့် (Training for Trainer-TOT) အစီအစဥ်များ ရေးဆွဲအကောင်အထည်ဖော်ခြင်း။
(ည)    မူဘောင်နှင့် လုပ်ငန်းစီမံချက်ပါ ကာလတို၊ ကာလရှည်လုပ်ငန်းများအား ကြီးကြပ် အကောင် အထည်ဖော်ဆောင်ရွက်ခြင်း တို့ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြပါသည်။
၄။    အခြေခံလူသားအရင်းအမြစ် တည်ဆောက်ရေးလုပ်ငန်းကော်မတီကို ဖွဲ့စည်းခဲ့ပြီး လုပ်ငန်း ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို (၂)ပတ်လျှင် (၁)ကြိမ်ခန့်၊ စုစုပေါင်း(၈)ကြိမ် ကျင်းပ ပြုလုပ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ပြုလုပ်ကျင်းပခဲ့သော အခြေခံလူသားအရင်းအမြစ်တည်ဆောက်ရေးလုပ်ငန်း ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများမှာ-

စဉ်

ရက်စွဲ

အစည်းအဝေး အမှတ်စဉ်

နေရာ

၁၇-၁-၂၀၁၇

၁/၂၀၁၇

ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၁)၊ နေပြည်တော်

၃၁-၁-၂၀၁၇

၂/၂၀၁၇

ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၁)၊ နေပြည်တော်

၁၄-၂-၂၀၁၇

၃/၂၀၁၇

ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၁)၊ နေပြည်တော်

၂၈-၂-၂၀၁၇

၄/၂၀၁၇

ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၁)၊ နေပြည်တော်

၂၁-၃-၂၀၁၇

၅/၂၀၁၇

UMFCCI၊ ရန်ကုန်မြို့

၁၈-၄-၂၀၁၇

၆/၂၀၁၇

ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၁)၊ နေပြည်တော်

၂-၅-၂၀၁၇

၇/၂၀၁၇

ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၁)၊ နေပြည်တော်

၁၆-၅-၂၀၁၇

၈/၂၀၁၇

ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၁)၊ နေပြည်တော်

၅။    ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးမူဘောင်တွင် အဓိကအရေးကြီးသော လုပ်ငန်းစဉ်တစ်ရပ်သည်  ပုဂ္ဂလိကကဏ္ဍ၏လိုအပ်ချက်အား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် ပညာရေးစနစ်သို့ပြုပြင် ပြောင်းလဲ ဖော်ဆောင်နိုင်ရေးပင်ဖြစ်ပါကြောင်း၊ ထိုသို့ဖော်ဆောင်နိုင်ရန်မှာအခြေခံပညာအလယ်တန်းအဆင့်နှင်‌့ နည်းပညာ၊ သက်မွေးပညာနှင်‌့ လေ့ကျင်‌့ရေးကဏ္ဍတို့တွင် ပုဂ္ဂလိကကဏ္ဍမှ လိုအပ်လျက်ရှိသော ကျွမ်းကျင်မှု (Hard Skill and Soft Skill)များ သေချာစွာ လေ့လာစိစစ်၍ ထည့်သွင်း အကောင် အထည်ဖော်နိုင်ရန် လိုအပ်လျက်ရှိပါကြောင်း၊ အခြေခံလူသားအရင်းအမြစ်တည် ဆောက်ရေးလုပ်ငန်း ကော်မတီသည် “ပုဂ္ဂလိကကဏ္ဍလူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင် ရွက်မှုဆိုင်ရာ နှီးနှောဖလှယ်ပွဲဲ”ကို (၂၃-၃-၂၀၁၇) ရက်နေ့နှင့် (၂၄-၃-၂၀၁၇) ရက်နေ့ များတွင် ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)တွင် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပြီး ယခုအခါ “ပုဂ္ဂလိကကဏ္ဍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များချမှတ်ခြင်း နှီးနှောဖလှယ်ပွဲ”ကို ယနေ့(၂၀၁၇ခုနှစ်၊ မေလ (၂၁)ရက်နေ့)တွင် မန္တလေးမြို့ရှိ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၌ စီစဉ်ပြုလုပ်နိုင်ခဲ့ပါ‌ေကြာင်း ရှင်းလင်းတင်ပြ ပါသည်။
၆။    ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)တွင် ကျင်းပပြုလုပ်သော “ပုဂ္ဂလိကကဏ္ဍလူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင် ရွက်မှုဆိုင်ရာ နှီးနှောဖလှယ်ပွဲဲ”ကို အောက်ပါ ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း-
(က)    လုပ်ငန်းခွင်တွင် လိုအပ်သည့် ကျွမ်းကျင်မှုများ ရရှိနိုင်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍတို့၏ တူညီသော ရည်မှန်းချက်များ၊ အစီအစဉ်များနှင့် အမြင် သဘောထားများအား ဖလှယ်နိုင်ရေး၊ 
(ခ)    နိုင်ငံတကာ အတွေ့အကြုံများကိုရယူ၍ မြန်မာနိုင်ငံနှင့် သင့်လျော်မည့် လုပ်ငန်းခွင်တွင် လိုအပ်သည့် ကျွမ်းကျင်မှုများ(Skill Demands)နှင့် ဆောင်ရွက် ပေးသည့် ကျွမ်းကျင်မှုများ (Skill Supply) ကိုက်ညီမှု ရှိစေရေး၊ 
(ဂ)    အစိုးရနှင့် ပုဂ္ဂလိက အတူပူးတွဲ စိတ်ဝင် စားမှု ရှိသော ဦးစားပေး နယ်ပယ်များ အလိုက် လုပ်ငန်းခွင်တွင် လိုအပ်သည့် ကျွမ်းကျင်မှု(Hard Skill)နှင့် အသိပညာ (Soft Skill) ရရှိနိုင်ရေးတို့အတွက် ရည်မှန်းဆောင်ရွက်သင့်သော ကာလတို အစီအစဉ်များ၊ ကာလလတ် အစီအစဉ်များ ချမှတ်နိုင်ရေး တို့ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြပါသည်။
၇။    မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၌ ယနေ့ ကျင်းပ ပြုလုပ်သော “ပုဂ္ဂလိကကဏ္ဍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များချမှတ်ခြင်း နှီးနှောဖလှယ်ပွဲ” ကို အောက်ပါ ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း-
(က)    အစိုးရနှင့်ပုဂ္ဂလိက ချိတ်ဆက် ဆောင်ရွက်မှု ခိုင်မာအားကောင်းစေရေး၊
(ခ)    ဒေသတွင်း လုပ်ငန်းများတွင် လိုအပ်လျက်ရှိသည့် လက်တွေ့ကျွမ်းကျင်မှု(Hard Skill) လိုအပ် ချက်များ ဖော်ထုတ်နိုင်ရေး၊
(ဂ)    ဒေသတွင်း လုပ်ငန်းများတွင် လိုအပ်လျက်ရှိသည့် ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်သော စွမ်းရည်၊ ပြဿနာဖြေရှင်းနိုင်သောစွမ်းရည်နှင့် ခွဲခြားဆန်းစစ်လေ့လာနိုင်သော စွမ်းရည် စသည့် (Soft Skill) လိုအပ် ချက်များ ဖော်ထုတ်ဆွေးနွေးရေး၊
(ဃ)    ဒေသမှ တောင်းဆိုမှုအများဆုံးဖြစ်သည့် သင်တန်းအမျိုးအစားတစ်မျိုး စတင်ဖွင့်လှစ် နိုင်ရေး၊
(စ)    ဖွင့်လှစ်မည့် သင်တန်းများကို ရေရှည်တည်တံ့ဖွံ့ဖြိုးနိုင်မည့် အစီအစဉ်များ ဖော်ထုတ် နိုင်ရေး တို့ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြပါသည်။
၈။    ၂၀၁၇ ခုနှစ် ဧပြီလ ၅ ရက်နေ့၊ Park Royal Hotel၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သော PSD Frame Work and Action Plan Workshop အလုပ်ရုံဆွေးနွေးပွဲတွင် လုပ်ငန်းကော်မတီအသီးသီးမှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါကြောင်း၊ အဆိုပါ Workshop တွင် အဓိက အချက်(၂)ချက်ကို ကော်မတီဝင်များမှ စုပေါင်းညှိနှိုင်းဆွေးနွေးခဲ့ကြပါကြောင်း၊ ယင်းအချက်(၂)ချက်မှာ -
(က)    လုပ်ငန်းကော်မတီများအနေဖြင့် PSD Frame Work and Action Plan (၅)နှစ် စီမံကိန်းကိုအခြေခံ၍ ပထမ (၆) လတာ ကာလအတွင်း ဆောင်ရွက်မည့် လုပ်ငန်းများ ရွေးချယ်တင်ပြ     ဆောင်ရွက်ရန်။
(ခ) တိုင်းဒေသကြီး/ပြည်နယ်အသီးသီးသို့ လုပ်ငန်းကော်မတီအလိုက် ကွင်းဆင်းပြီး ပုဂ္ဂလိက လုပ်ငန်း ရှင်များဖြင့် တွေ့ဆုံဆွေးနွေးဆောင်ရွက်မည့် အစီအမံများကို ရေးဆွဲတင်ပြ ဆောင်ရွက်သွားရန်။
၉။    အခြေခံလူသားအရင်းအမြစ်တည်ဆောက်ရေး လုပ်ငန်းကော်မတီအနေဖြင့် ပထမ (၆) လတာ ကာလအတွင်း လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်သွားရန် လျာထားပါကြောင်း၊ ယင်းတို့မှာ-
(က)    အစိုးရနှင့်ပုဂ္ဂလိကချိတ်ဆက်ဆောင်ရွက်မှုခိုင်မာအားကောင်းစေရေးဆောင်ရွက်ရန်၊
(ခ)    ဒေသတွင်း လုပ်ငန်းများတွင် လိုအပ်လျက်ရှိသည့် လက်တွေ့ကျွမ်းကျင်မှု (Hard Skill) လိုအပ် ချက်များ ဖော်ထုတ်နိုင်ရေး ဆွေးနွေးဆောင်ရွက်ရန်၊ 
(ဂ)    ဒေသတွင်း လုပ်ငန်းများတွင် လိုအပ်လျက်ရှိသည့် ဝေဖန်ပိုင်းခြား တွေးခေါ်နိုင်သော စွမ်းရည်၊ ပြဿနာဖြေရှင်းနိုင်သောစွမ်းရည်နှင့် ခွဲခြားဆန်းစစ်လေ့လာနိုင်သောစွမ်းရည် စသည့် (Soft Skill) လိုအပ်ချက်များ ဖော်ထုတ်ဆွေးနွေးရေး ဆောင်ရွက်ရန်၊ 
(ဃ)    ဒေသမှ တောင်းဆိုမှုအများဆုံးဖြစ်သည့် သင်တန်းအမျိုးအစားတစ်မျိုး စတင်ဖွင့်လှစ် နိုင်ရေးဆောင်ရွက်ရန်၊
(င)    ဖွင့်လှစ်မည့် သင်တန်းများကို ရေရှည်တည်တံံ့ဖွံ့ဖြိုးနိုင်မည့် အစီအစဉ်များ ဖော်ထုတ် နိုင်ရေးဆောင်ရွက်ရန်၊ တို့ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြပါသည်။
၁၀။    တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ပုဂ္ဂလိကလုပ်ငန်းရှင်များဖြင့် တွေ့ဆုံဆွေးနွေးဆောင်ရွက် မည့်အစီအမံများနှင့်စပ်လျဉ်း၍ အခြေခံလူသားအရင်းအမြစ်တည်ဆောက်ရေးလုပ်ငန်းကော်မတီ အနေ ဖြင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့နှင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့များသို့ကွင်းဆင်းပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များဖြင့် တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်ပါကြောင်း၊ ကွင်းဆင်းဆောင်ရွက်ရာတွင် အခြေခံလူသားအရင်းအမြစ်တည်ဆောက်ရေး လုပ်ငန်းကော်မတီ၊ ဥက္ကဋ္ဌ၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးဝင်းမော်ထွန်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး၊ ဒေါ်ခိုင်ခိုင်နွယ်တို့မှ ဦးဆောင်၍ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် သင်တန်းကျောင်းများ ဖွင့်လှစ် ထားသော ဦးစီးဌာနများနှင့်သက်ဆိုင်သည့် အခြေခံလူသားအရင်းအမြစ် တည်ဆောက်ရေးလုပ်ငန်း ကော်မတီဝင်များ ပါဝင်သည့်အဖွဲ့ဖြင့် လုပ်ငန်းစဉ်များ အောင်မြင်စွာဆောင်ရွက်နိုင်ရေး ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ဆွေးနွေးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။
 

ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ တွဲဖက်အ‌ေထွထွေအတွင်းရေးမှူး၊ ဒေါ်ခိုင်ခိုင်နွယ်၏ ရှင်းလင်းတင်ပြချက်များ

၁။    အခြေခံလူသားအရင်းအမြစ်တည်ဆောက်ရေးလုပ်ငန်းကော်မတီဝင်၊ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ တွဲဖက်အ‌ေထွထွေအတွင်းရေးမှူး၊ ဒေါ်ခိုင်ခိုင်နွယ်က အခြေခံလူသားအရင်းအမြစ် တည်ဆောက်ရေး လုပ်ငန်းကော်မတီ၏ ဆက်လက် အကောင်အထည်ဖေါ် ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။
၂။    အခြေခံလူသားအရင်းအမြစ်တည်ဆောက်ရေး လုပ်ငန်းကော်မတီ အနေဖြင့် ၂၀၁၇ ခုနှစ်၊ မတ်လ (၂၃)ရက်နေ့နှင့်(၂၄)ရက်နေ့များတွင် ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၌ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ နှီးနှောဖလှယ်ပွဲတစ်ရပ်ကို ပြုလုပ် ကျင်းပခဲ့ပါကြောင်း၊ အဆိုပါ နှီးနှောဖလှယ်ပွဲမှ ဆောင်ရွက် သင့်သည့်အချက်များနှင့် ဆောင်ရွက်လိုသည့်အချက်များကိုလည်း ရရှိခဲ့ပါကြောင်း၊ အဆိုပါ အချက် အလက်များအပြင် ယနေ့ကျင်းပသော နှီးနှောဖလှယ်ပွဲ၏ ရည်ရွယ်ချက်များကိုလည်း အောင်မြင်အောင် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ၂၀၁၇ ခုနှစ် ဧပြီလ ၅ ရက်နေ့၊ Park Royal Hotel၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သော PSD Frame Work and Action Plan Workshop အလုပ်ရုံဆွေးနွေးပွဲ၏ ဆွေးနွေးညှိနှိုင်းချက်များအရ အခြေခံလူသားအရင်းအမြစ်တည်ဆောက်ရေး လုပ်ငန်းကော်မတီ အနေဖြင့် အချက်(၂) ချက်ကို ဆောင်ရွက်သွားရန် လိုအပ်မည်ြဖစ်ပါကြောင်း၊ အဆိုပါ အချက်(၂)ချက်မှာ-
(က)    ပထမ (၆) လတာ ကာလအတွင်း လုပ်ငန်းများ ဆောင်ရွက်ရန်။ 
(ခ)    တိုင်းဒေသကြီး/ပြည်နယ်အသီးသီးသို့ ပုဂ္ဂလိကလုပ်ငန်းရှင်များဖြင့် တွေ့ဆုံဆွေးနွေး နိုင်ရေး ကွင်းဆင်းဆောင်ရွက်ရန်။ စသည်တို့ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြပါသည်။
၃။    သို့ဖြစ်ရာ အခြေခံလူသားအရင်းအမြစ် တည်ဆောက်ရေးလုပ်ငန်းကော်မတီ အနေဖြင့် ပထမ (၆)လ တာ ကာလ အတွင်း အောက်ဖော်ပြပါ လုပ်ငန်းစဉ်များ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း-
(က)     အစိုးရနှင့် ပုဂ္ဂလိက ချိတ်ဆက်ဆောင်ရွက်မှု ခိုင်မာအားကောင်းစေရေး၊ 
(ခ)    ဒေသတွင်းလုပ်ငန်းများတွင် လိုအပ်လျက်ရှိသည့် လက်တွေ့ကျွမ်းကျင်မှု (Hard Skill)             လိုအပ်ချက်များ ဖော်ထုတ်နိုင်ရေး၊ 
(ဂ)     ဒေသတွင်းလုပ်ငန်းများတွင် လိုအပ်လျက်ရှိသည့် ဝေဖန်ပိုင်းခြား တွေးခေါ်နိုင်သော စွမ်းရည်၊ ပြဿနာဖြေရှင်းနိုင်သောစွမ်းရည်နှင့် ခွဲခြားဆန်းစစ်လေ့လာနိုင်သောစွမ်းရည် စသည့် (Soft     Skill) လိုအပ်ချက်များ ဖော်ထုတ်ဆွေးနွေးရေး၊ 
(ဃ)    ဒေသမှ တောင်းဆိုမှုအများဆုံးဖြစ်သည့် သင်တန်းအမျိုးအစားတစ်မျိုး စတင်ဖွင့်လှစ် နိုင်ရေး၊ 
(င)     ဖွင့်လှစ်မည့် သင်တန်းများကို ရေရှည်တည်တံံ့ဖွံ့ဖြိုးနိုင်မည့် အစီအစဉ်များ ဖော်ထုတ် နိုင်ရေး၊
၄။    ဆက်လက်၍ ကွင်းဆင်းဆောင်ရွက်မည့် အစီအစဥ်များနှင့်စပ်လျဥ်း၍ အခြေခံလူသားအရင်း အမြစ်တည်ဆောက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ တွဲဖက်အ‌ေထွထွေ အတွင်းရေးမှူး၊ ဒေါ်ခိုင်ခိုင်နွယ်တို့မှ ဦးဆောင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သင်တန်း ကျောင်းများ ဖွင့်လှစ်ထားသော ဦးစီးဌာနများနှင့် သက်ဆိုင်သည့်လုပ်ငန်းကော်မတီဝင်များ လိုက်ပါ ဆောင်ရွက်ပေးသွားရန်၊ လုပ်ငန်းအခြေအနေအရ လိုက်ပါဆောင်ရွက်နိုင်မည့် အခွင့်အလမ်းရှိသည့် လုပ်ငန်းကော်မတီ ဝင်များကိုလည်း အတူပူးပေါင်း ဆောင်ရွက်နိုင်ရေး ဖိတ်ခေါ်သွားရန်၊ ကော်မတီဝင် များအနေဖြင့် ကွင်းဆင်းဆောင်ရွက်မည့် နေရာများကို ကော်မတီတစ်ခုတည်း အနေဖြင့် သော်လည်း ကောင်း၊ (သို့မဟုတ်) ကော်မတီအခွဲ (Sub Committee)များ ခွဲ၍ သော်လည်းကောင်း မည်သည့်ပုံစံဖြင့် သွားရောက်မည်ကို စဉ်းစားသတ်မှတ်ရန်၊ လုပ်ဆောင်မည့်လုပ်ငန်းများအတွက် လက်တွေ့ကျပြီး အမှန်တစ်ကယ်လုပ်ကိုင်နိုင်သော၊ အကျိုး ဖြစ်ထွန်းသော အလုပ်များကို  သတ်မှတ်နိုင်ရန် စသည်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြပါသည်။
၅။    တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် အခြေခံလူသားအရင်းအမြစ် တည်ဆောက်ရေးလုပ်ငန်းကော်မတီ၊ ဥက္ကဋ္ဌ၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးဝင်းမော်ထွန်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး၊ ဒေါ်ခိုင်ခိုင်နွယ်တို့မှ ဦးဆောင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သင်တန်းကျောင်းများ ဖွင့်လှစ်ထားရှိသော ဦးစီးဌာနများနှင့် သက်ဆိုင်သည့် အခြေခံ လူသားအရင်း အမြစ်တည်ဆောက်ရေးလုပ်ငန်းကော်မတီဝင်များ၊ လုပ်ငန်းအခြေအနေအရ အားလပ်သဖြင့် လိုက်ပါ ဆောင်ရွက်နိုင်မည့် လုပ်ငန်းကော်မတီဝင်များ ပါဝင်သည့် အဖွဲ့ဖြင့် လုပ်ငန်းစဉ်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် လျာထားပါကြောင်း ရှင်းလင်းတင်ပြပါသည်။
၆။    စီးပွားရေးလုပ်ငန်းများမှ လိုအပ်နေသည့်သင်တန်းများကို  အဓိကထား၍ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အခြေခံလူသားအရင်းအမြစ် တည်ဆောက်ရေးလုပ်ငန်းကော်မတီ စတင်ဖွဲ့စည်းပြီးနောက် ကာလ တိုလုပ်ငန်းအနေဖြင့် လုပ်ငန်းခွင်လက်တွေ့ သင်တန်းပေးသည့် အစီအစဉ်ကို အတွင်းရေးမှူး၊ ဒေါက်တာစိုင်းကျော်နိုင်ဦးနှင့် မိမိတို့ဘက်မှ အထည်ချုပ်လုပ်ငန်းတို့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ပါ ကြောင်း၊ ပညာရေးဝန်ကြီးဌာနဘက်မှ ခရီးစရိတ်၊ စားစရိတ်နှင့် နေရာထိုင်ခင်းများ စီစဉ်ပေးခဲ့ပြီး မိမိတို့ ဘက်မှ ပညာအခမဲ့သင်ကြားပေးခြင်း၊ သင်ထောက်ကူပစ္စည်းများထောက်ပံ့ခြင်း၊ ဆရာ/ဆရာမ အကူ အညီပေးခြင်း၊ ကျောင်းနေရာအကူအညီပေးခြင်း၊ သင်တန်းသားစုဆောင်းပေးခြင်းနှင့် အလုပ်အကိုင် ရရှိရန် ဆောင်ရွက်ပေးခြင်း စသည်တို့ကို ဆောင်ရွက်နေပါကြောင်း ရှင်းလင်းပြောကြားပါသည်။
၇။    သင်တန်းအရေအတွက်အားဖြင့် (၅)ကြိမ်အထိ ဆောင်ရွက်ထားပြီး ပဥ္စမအကြိမ်သင်တန်းမှာ  (၂၀-၅-၂၀၁၇) တွင် သင်တန်းဆင်းမည် ဖြစ်ပါကြောင်း၊  ဆက်လက်၍ မြစ်ကြီးနားမြို့တွင်လည်း သင်တန်း များ ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် လျာထား၍ ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းတင်ပြပါသည်။ 
 

အစိုးရနှင့်ပုဂ္ဂလိက ချိတ်ဆက်ဆောင်ရွက်မှုများ ခိုင်မာအားကောင်းလာစေ‌ေရး ဆွေးနွေးခြင်း

ရည်ရွယ်ချက်
    လုပ်ငန်းခွင်တွင် လိုအပ်သည့် လူ့စွမ်းအား အရင်းအမြစ်များ ရရှိနိုင် ရေးအတွက်  အစိုးရနှင့် ပုဂ္ဂလိက ချိတ်ဆက်ဆောင်ရွက်မှု ခိုင်မာအား ကောင်းစေရေး အစီအစဉ်များချမှတ်ရန်။
တင်ပြဆွေးနွေးသည့်ပုဂ္ဂိုလ်များ
(၁)    ဦးအောင်သွင်ဦး၊ ညွှန်ကြားေရးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန
(၂)    ဒေါက်တာမျိုးသက်၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊
(၃)    ဒေါက်တာစိုင်းကျော်နိုင်ဦး၊ ညွှန်ကြားရေးမှူးချုပ်(တာဝန်)၊ လေ့လာဆန်းစစ်အကဲဖြတ် ရေးအဖွဲ့(သုတေသန)၊ ပညာရေးဝန်ကြီးဌာန
(၄)    ဒေါ်ခင်လေးြမင့်၊ ဥက္ကဋ္ဌ၊ အမျိုးသမီးစီးပွားရေးနှင့်လူမှုရေးအသင်း နှင့် ဒုတိယဥက္ကဋ္ဌ၊ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(မန္တလေး)၊ 
သဘာပတိ -    ဦးမျိုးအောင်၊ အမြဲတမ်းအတွင်းဝန်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ေရးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
ဆွေးနွေးချက်များ
၁။    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးအောင်သွင်ဦးက လုပ်ငန်းခွင်တွင်လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များရရှိနိုင်ရေးအတွက် အစိုးရနှင့်ပုဂ္ဂလိက ချိတ်ဆက်ဆောင်ရွက်မှုများ ခိုင်မာအားကောင်းလာစေ‌ေရး  အစီအစဉ်များအား ဖန်တီးဖော်ထုတ်ရန်အတွက် ရှင်းလင်းတင်ပြခဲ့ပါသည်။ ပုဂ္ဂလိကကဏ္ဍဖွံဖြိုးတိုးတက်ရေး၏ အဓိပ္ပါယ်၊ ရည်ရွယ်ချက်နှင့် အရေးပါမှုများ၊ ပုဂ္ဂလိက ကဏ္ဍဖွံဖြိုးတိုးတက်ရေးကော်မတီဖွဲ့စည်းခြင်းနှင့် အခြေခံ လူသားအရင်းအမြစ် တည်ဆောက်ရေးလုပ်ငန်းကော်မတီဖွဲ့စည်းခြင်း၊ လုပ်ငန်းတာဝန်များ၊ လက်ရှိ ဆောင်ရွက်နေမှုအ‌ြေခ အနေများ၊  မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းနှင့် ညီနောင်အသင်းများ၏ ကုန်စည်ဒိုင်နှင့် သီးနှံအစုအဖွဲ့များဖွဲ့စည်းထားရှိမှု တို့ကိုရှင်းလင်း တင်ပြခဲ့ပါသည်။
၂၊    အခြေခံလူသားအရင်းအမြစ်တည်ဆောက်ရေးလုပ်ငန်းကော်မတီဝင်၊ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ဒုတိယဥက္ကဋ္ဌ၊ ဒေါက်တာမျိုးသက်က လုပ်ငန်းခွင်တွင် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ ရရှိနိုင်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိက ချိတ်ဆက်ဆောင်ရွက်မှု ခိုင်မာအားကောင်းစေရေး အစီအစဉ်များ ချမှတ်နိုင်ရန်အတွက် လိုအပ်ချက် များအဖြစ် အချက်(၃)ချက်ကို အတွေ့အကြုံများ၊ သက်သေသာဓကများဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။ အဓိက ဖေါ်ပြလိုသော အချက်(၃)ချက်အနေဖြင့်-
    (က)    နိုင်ငံတော်၏ စီးပွားရေးဖွံဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကကဏ္ဍသည် အဓိကအရေးပါ လာခြင်းနှင့် နိုင်ငံတော်အစိုးရမှ ပုဂ္ဂလိကကဏ္ဍ ဖွံဖြိုးတိုးတက်လာရေးအတွက် အရှိန်ြမှင့် ဆောင်ရွက်လာခြင်း
    (ခ)    ပုဂ္ဂလိကကဏ္ဍ ဖွံဖြိုးတိုးတက်လာရေးအတွက် ပူးပေါင်းဆောင်ရွက်မှုသည် အဓိက ကျခြင်းနှင့် အစိုးရနှင့်ပုဂ္ဂလိကတို့ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ တိုးြမှင့်သွားရန် လိုအပ်လာခြင်း
    (ဂ)    ပုဂ္ဂလိကကဏ္ဍ ဖွံဖြိုးတိုးတက်လာရေးအတွက် ဖွံဖြိုးမှုမိတ်ဖက်အဖွဲအစည်းများ၏ အခန်း ကဏ္ဍသည် အရေးပါလာခြင်းနှင့် ဖွံဖြိုးမှုမိတ်ဖက်အဖွဲအစည်းများနှင့် ပိုမိုပူးပေါင်း ဆောင်ရွက်သွားရန် လိုအပ်လာခြင်း တို့ကို တင်ပြဆွေးနွေးခဲ့ပါသည်။
၃။    ပညာရေးဝန်ကြီးဌာန၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့(သုတေသန)၊ ညွှန်ကြားရေးမှူးချုပ် (တာဝန်)၊ ဒေါက်တာစိုင်းကျော်နိုင်ဦးက လုပ်ငန်းခွင်တွင်လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ ရရှိနိုင်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိက ချိတ်ဆက်ဆောင်ရွက်မှု ခိုင်မာအားကောင်းစေရေး အစီအစဉ်များ ချမှတ်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများသည် အရေးကြီးပါကြောင်း၊ ညှိနှိုင်းဆွေးနွေးမှုများကို ပြုလုပ် ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းလာမည်ဖြစ်ပါကြောင်း၊ အခြေခံ လူသားအရင်းအမြစ် တည်ဆောက်ရေးလုပ်ငန်းကော်မတီအနေဖြင့် ပထမ(၆)လတာကာလအတွင်း အစိုးရနှင့်ပုဂ္ဂလိက ပူး ပေါင်းဆောင်ရွက်မှုများကို  တိုးမြှင့်လုပ်ဆောင်နိုင်ရေးအတွက် လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် လျာထား ချက်များ၊ ယနေ့နှီးနှောဖလှယ်ပွဲမှ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး မျှော်မှန်းထားချက်များ၊ လက်ရှိပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်မှုများအဖြစ် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ပါသည်။
၄။    အမျိုးသမီးစီးပွားရေးနှင့် လူမှုရေးအသင်း၊ ဥက္ကဋ္ဌ၊ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (မန္တလေး)၊ ဒုတိယဥက္ကဋ္ဌ၊ ဒေါ်ခင်လေးြမင့်က မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းနှင့်မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ်တို့တွင် စာရင်းစစ် တာဝန်များဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ် အနေဖြင့် ရွှေကြာပင်ရက်ကွက်၊ နေပြည်တော်တွင် Vocational  School ဖွင့်လှစ်ထားပါကြောင်း၊ သင်တန်းသား(၂၀၀)ခန့်နှင့် သင်တန်း အုပ်ချုပ်သူ (၄၀)ခန့်နှင့်ဆောင်ရွက်နေပြီး နေစားရိတ်၊ စားစရိတ် အခမဲ့ဖြစ်ပါကြောင်း၊ ထူးချွန်သောသင်တန်းသားအချို့ကို နိုင်ငံခြားသို့စေလွတ်၍ သင်တန်းနည်းပြများ အဖြစ် ပြန်လည်ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး၊ သင်တန်းသားများကို အလုပ်အကိုင် အခွင့်အလမ်းများ ရှာဖွေပေးခြင်းတို့ကို လည်းဆောင်ရွက်ပေးပါကြောင်း၊ စီမံခန့်ခွဲမှုသင်တန်းများ၊ စာရင်းကိုင်သင်တန်းများကိုလည်း ဖွင့်လှစ် ဆောင်ရွက်ပေးလျက် ရှိပါကြောင်းနှင့် ထိုကဲ့သို့သော သင်တန်းများကို အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်း၍ သင်တန်းဆင်းလက်မှတ်များ ပေးအပ်နိုင်ပါက ပိုမို ကောင်းမွန်မည်ဟု ထင်မြင်မိပါကြောင်းကို တင်ပြခဲ့ပြီး တစ်ဖက်ဖော်ပြပါ အချက်များကိုလည်း တင်ပြ ဆွေးနွေးခဲ့ပါသည်-
    (က)    လက်ရှိ ဆောင်ရွက်လျက်ရှိသော သင်တန်းများ (အ‌ြေခခံကွန်ပြူတာသင်တန်း၊ အ‌ြေခခံ အင်္ဂလိပ်စာ သင်တန်း၊ အ‌ြေခခံတရုတ်စာသင်တန်း၊ ကျောက်သွေး ကျောက်ဖြတ်သင်တန်း၊ ပန်းပုလုပ်ငန်း၊ ကျောက်ပန်း ချီလုပ်ငန်း၊ စီမံခန့်ခွဲမှုသင်တန်း စာရင်းကိုင်သင်တန်း)
(ခ)    ပူးပေါင်းဖွင့်လှစ်နေသည့်သင်တန်းများ(အမျိုးသမီးစီးပွားရေးနှင့်လူမှုရေးအသင်းမှ MTC ကဲ့သို့ အဖွဲ့များနှင့် ပူးပေါင်း၍ သင်တန်းများ ဖွင့်လှစ်သင်ကြား လျက်ရှိပါသည်။)
(ဂ)    သင်တန်းနည်းပြ ဆရာ/ဆရာမများ၏ ကျွမ်းကျင်မှုလိုအပ်ချက် (အသုံးပြုလျက်ရှိသော သင်တန်းနည်းပြဆရာ/ ဆရာမ များအနေဖြင့် အသိအမှတ်ပြုလက်မှတ်များ မရှိခြင်းနှင့်၊ ကျွမ်းကျင်မှုလိုအပ်ချက်များရှိနေခြင်း)
(ဃ)    လိုအပ်သော ပူးပေါင်းဆောင်ရွက်မှု (အစိုးရနှင့်ပုဂ္ဂလိကပူးပေါင်း၍ သင်တန်းဖွင့်လှစ် ခြင်း၊ အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်နိုင်ရန် ပူးပေါင်းလုပ် ဆောင်မည့် သင်တန်းများ ဖွင့်လှစ်လိုခြင်း)
    (င)    လိုအပ်သောသင်တန်းများ (စီမံခန့်ခွဲမှု ရက်တို သင်တန်းများ)
၅။    အစိုးရနှင့်ပုဂ္ဂလိကတို့မှ ဆောင်ရွက်နေသော ကျောင်းနှင့်သင်တန်းများ ရေရှည်တည်တံံစွာဖြင့် အောင်မြင်အောင် ရပ်တည်နိုင်ရေး ကိစ္စရပ်များ၊ Development Partner များနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှုများ၊ ရေရှည်တည်တံ့နိုင်ရေးအတွက်  Trainer များ၊ သင်တန်းနည်းပြ များကို လေ့ကျင့်သင်ကြားပေးနိုင်ရန် လိုအပ်နေမှုများ၊ Development Partner များနှင့် ပူးပေါင်း ဆောင်ရွက်ရာတွင် Technical Transfer ရရှိနိုင်ရန်အတွက်လည်း ဆောင်ရွက်ရန် လိုအပ်နေမှုများ၊ ကျောင်းနှင့်သင်တန်းများအနေဖြင့် Long Term Plan များကို ချမှတ်ရန် လိုအပ်နေမှုများ၊ ပူးပေါင်း ဆောင်ရွက်မှု အားကောင်းစေရေးအတွက် ဆက်သွယ် ဆွေးနွေးညှိနှိုင်းမှုများ ကောင်းမွန်ရန် လိုအပ် နေခြင်း စသည်တို့ကို ဆွေးနွေး၊ မေးမြန်း၊ ညှိနှိုင်းဆောင်ရွက်ခဲ့ကြပါသည်။
 

သင်တန်းများ