အစိုးရစက်မှုလက်မှုသိပ္ပံ(မကွေး)

ကျောင်းစတင်ဖွင့်လှစ်သော ရက်စွဲနှင့် ကျောင်း သမိုင်း အကျဉ်း: 

အစိုးရစက်မှုလက်မှုသိပ္ပံ(မကွေး)ကိုယခင်ကွန်ပျူတာတက္ကသိုလ်(မကွေး)ကျောင်းမြေနေရာနှင့် အဆောက်အဦများကိုအသုံးပြုပြီး (၂၆.၁.၂၀၁၅)နေ့တွင်  အစိုးရစက်မှုလက်မှုသိပ္ပံ(မကွေး)အဖြစ်စတင်ဖွင့်လှစ်ခဲ့ပါသည်။

ကျောင်းတည်ထောင်ရခြင်း၏ ရည်ရွယ်ချက် ၊ Mission Vision: 

Mission: 
    ၁။ ပညာရပ်ဆိုင်ရာပတ်ဝန်းကျင်ကောင်းတစ်ခုတွင် ထူးချွန်ထက်မြက်သောနည်းပညာနှင့် သက်မွေးပညာရှင်များ ကျွမ်းကျင်သော Skill Labourများမွေးထုတ်ပေးရန်။    
    ၂။ အရည်အသွေးမြင့်မားသည့် ပညာရေးဝန်ထမ်းများဖြင့် ပြုစုပျိုးထောင်ရန်။
    ၃။ စဥ်ဆက်မပျက်သင်ယူနိုင်သောပတ်ဝန်းကျင်စနစ်ဖန်တီးပေးရန်။
    ၄။ သင်ကြားရေး၊သုတေသနနှင့် စက်မှုကဏ္ဍ ၊စီးပွားရေးကဏ္ဍများကိုပိုမိုချိတ်ဆက်ရန်။
           ၅။ ဒေသတွင်းရှိ TVET Sector များအခြားဝန်ကြီးဌာနအောက်ရှိ TVET ကျောင်းများ၊အာဆီယံနိုင်ငံများရှိ Institute များ ၊ Polytechnic Center များနှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ရန်။
(Vision):
    အစိုးရစက်မှုလက်မှုသိပ္ပံ(မကွေး)ကိုပထမအဆင့်အနေဖြင့် လာမည့်(၂၀၂၀)ကာလတိုစီမံချက်တွင်ဒေသတွင်းရှေးယခင်ကဖွင့်လှစ်သင်ကြားပေးလျက်ရှိသောကျောင်းများနှင့်အဆင့်မီစေရန်၊ ဒုတိယအဆင့်တွင် လာမည့်(၂၀၂၅)ပညာသင်နှစ်တွင် အာဆီယံနိုင်ငံများရှိ Institute များ ၊ Polytechnic Center များနှင့် အဆင့်မီစေရန်ဖြစ်ပါသည်။

ဖုန်းနံပါတ်၊ ဖက်(စ်) နံပါတ် နှင့် အီးမေးလ်လိပ်စာ: 

၀၉-၇၉၆၀၃၆၇၀၀၊ဖက်(စ်)နံပါတ်-၀၆၃-၂၈၃၂၆၊ gtimgy@dtve.org

New Email: gtimgy@dtve.org

ခေတ်အဆက်ဆက်တာဝန်ထမ်းဆောင်ခဲ့သော ကျောင်းအုပ်ကြီး၏ အမည်များနှင့် လက်ရှိ ကျောင်းအုပ်ကြီး၏ အမည်: 

ယခင်ကျောင်းအုပ်ကြီး၏အမည်များ၊ ဒေါက်တာထိန်းဝင်း(ပူးတွဲ-TU(မကွေး))၊ ဦးခင်​မောင်ညွှန့်၊ဒေါက်တာနန်းမိုးမိုးကြည်
လက်ရှိကျောင်းအုပ်ကြီး၏အမည်၊ ​ဒေါက်တာမိုးကျော်သူ

ဒု-ကျောင်းအုပ်အမည်၊ ဒေါက်တာနန်းမိုးမိုးကြည်

ဘာသာရပ်များ/ သင်တန်းများ / ကာလတိုသင်တန်းများ အလိုက် နှစ်စဉ်မွေးထုတ်ပြီးသော ကျောင်းသား၊ ကျောင်းသူများ စာရင်း: 

၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် အောင်မြင်စွာမွေးထုတ်ပေးခဲ့သောကျောင်းသား/သူစာရင်း

စဥ် အတန်း ကျား စုစုပေါင်း
မြို့ပြအင်ဂျင်နီယာ ၂၀ ၂၆
အီလက်ထ‌ေရာနစ်အင်ဂျင်နီယာ ၁၄
လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ ၁၈ ၂၇
စက်မှုအင်ဂျင်နီယာ ၁၀ ၁၄
စုစုပေါင်း ၅၆ ၂၅ ၈၁

ကာလတိုသင်တန်းများအလိုက် နှစ်စဉ်မွေးထုတ်ခဲ့ပြီးသော သင်တန်းသားများ စာရင်း


 
စဉ် ကာလတိုသင်တန်းအမည် စုစုပေါင်းဦးရေ
အခြေခံအိမ်တွင်းမီးကြိုးသွယ်တန်းခြင်း     ၂၇
တစ်လုံးထိုးအင်ဂျင်ပြုပြင်ထိန်းသိမ်းခြင်း    ၂၂
အုတ်စီနှင့်လက်သမား          ၁၆
ကွန်ပျူတာအခြေခံ           ၆၈
မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းခြင်း     ၁၅
အခြေခံအင်္ဂလိပ်စကားပြောသင်တန်း     ၁၀
အခြေခံသံဂဟေဆက်နည်းသင်တန်း     ၁၉
Auto CAD သင်တန်း        ၁၅
သံချည်၊သံကွေးသင်တန်း      ၁၂
ကျောင်းတည်ရှိရာ နေရာ( တိုင်း/ ပြည်နယ်): 
မကွေးတိုင်းဒေသကြီး
ကျောင်းလိပ်စာ (မြေအကျယ်အဝန်းအပါအဝင်) အနီးအနားရှိ ထင်ရှားသော နေရာများ: 

အစိုးရစက်မှုလက်မှုသိပ္ပံ(မကွေး)သည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ နံကပ်ကျွန်းကျေးရွာအုပ်စု၊ မကွေးမြို့၏ အနောက်မြောက်ထောင့်၊ မြသလွန်စေတီအရှေ့ဘက်၊ ကံကော် တစ်ထောင်ဘုရား၏အရှေ့တောင်ဘက်၊ မြို့ရှောင်လမ်းဘေးတွင်တည်ရှိ၍ ဗိုလ်ချုပ်လမ်းနှင့်နတ်မောက်လမ်းဆုံမှလာလျှင်(၁)မိုင်(၅)ဖာလုံကွာဝေးပြီးအကျယ်အဝန်းအားဖြင့် (၃၆.၆၂)ဧကခန့်ရှိပါသည်။

ပူးပေါင်းဆောင်ရွက်လျက်ရှိသော အစိုးရ (သို့မဟုတ်) အစိုးရ မဟုတ်သောအဖွဲ့ အစည်း အမည်များ: 


အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊မကွေးမြို့  HELVETAS(MYANMAR)

ကျောင်းမှပံ့ပိုးပေးထားမှုများနှင့် ဝန်ဆောင်မှုများ: 

ကျောင်းသား/သူများအားစာတွေ့လက်တွေ့ပုံမှန်သင်ကြားပေးခြင်း၊ နိုင်ငံတော်မှ ကျောင်းသား (၁)ဦးလျှင် (၁)လလျှင်ငွေကျပ်(၃)သောင်းပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း။ 

ကျောင်းပြီးဆုံးပါက အနာဂတ် အခွင့်အလမ်းများ: 

ကျောင်းသား/သူများလက်တွေ့လုပ်ငန်းခွင်တွင် ကျွမ်းကျင်မှုရှိလာစေရန် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များထံသို့ (၁)လလျှင်(၂)ကြိမ် လက်တွေ့လုပ်ငန်းကွင်းဆင်းလေ့လာရေးသွားရောက်၍ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ လက်တွေ့လုပ်ငန်းခွင်များနှင့် ရင်းနှီးကျွမ်းကျင်မှုရရှိစေပြီးကျောင်းပြီးဆုံးသောအချိန်တွင် အလုပ်အကိုင်အခွင့်အလမ်းရရှိစေမည်ဖြစ်ပါသည်။

လက်ရှိတက်ရောက်လျက်ရှိသော သင်တန်းသားဦးရေ (ဘာသာရပ် အလိုက် ကျား၊ မ၊ စုစုပေါင်း): 

၂၀၁၇-၂၀၁၈ ပညာသင်နှစ် A-G.T.I ပထမနှစ် ကျောင်းသား/ကျောင်းသူများစာရင်း

စဥ် အတန်း ကျား စုစုပေါင်း
မြို့ပြအင်ဂျင်နီယာ ၃၉ ၁၉ ၅၈
အီလက်ထ‌ေရာနစ်အင်ဂျင်နီယာ ၂၄ ၁၇ ၄၁
လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ ၂၈ ၁၆ ၄၄
စက်မှုအင်ဂျင်နီယာ ၄၆ ၅၂
စုစုပေါင်း ၁၃၇ ၅၈ ၁၉၅

၂၀၁၇-၂၀၁၈ ပညာသင်နှစ် A-G.T.I တတိယနှစ် ကျောင်းသား/ကျောင်းသူများစာရင်း

စဥ် အတန်း ကျား စုစုပေါင်း
မြို့ပြအင်ဂျင်နီယာ ၂၁ ၁၆ ၃၇
အီလက်ထ‌ေရာနစ်အင်ဂျင်နီယာ ၁၇ ၁၃ ၃၀
လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ ၂၃ ၃၀
စက်မှုအင်ဂျင်နီယာ ၃၁ - ၃၁
စုစုပေါင်း ၉၂ ၃၆ ၁၂၈

 

 

သင်တန်းဆရာ၊ ဆရာမ စုစုပေါင်းအရေအတွက်: 

ဆရာ၊ဆရာမစုစုပေါင်း-၇၅ယောက်

Scholarship ဆိုင်ရာ အခွင့်အလမ်း: 

ဦးစီးဌာန၏ ညွှန်ကြားချက်များအရတရုတ်ပြည်သူ့သမ္မတနိုင်ငံရှိကျောင်းများသို့ သက်မွေးပညာရပ်ဆိုင်ရာသင်တန်းများပညာတော်သင်စေလွှတ်ခြင်းA.G.T.I(တတိယ)နှစ် ပြီးဆုံး၍ သင်တန်းထူးချွန်စွာအောင်မြင်သူစုစုပေါင်းအထူးပြုဘာသာရပ်အလိုက်တစ်နိုင်ငံလုံးအမှတ်အများဆုံးရရှိသူများဖြစ်သောရာခိုင်နှုန်းအားဖြင့်(၁၀)ရာခိုင်နှုန်း၊ ပျမ်းမျှ(၇၅)မှတ်နှင့်အထက်ရရှိသူများကိုအဆင့်မြင့်ပညာဦးစီးဌာနလက်အောက်ရှိနည်းပညာတက္ကသိုလ်များ၏ တတိယနှစ်သင်တန်းများသို့ တက်ရောက်ခွင့်ရရှိခြင်း။

သင်ကြားပေးသည့် ဘာသာရပ်များ / သင်တန်းများ / ကာလတိုသင်တန်းများ: 

သင်တန်းများ