အစိုးရစက်မှုလက်မှုသိပ္ပံ(ဂန့်ဂေါ)

ကျောင်းစတင်ဖွင့်လှစ်သော ရက်စွဲနှင့် ကျောင်း သမိုင်း အကျဉ်း: 

အစိုးရစက်မှုလက်မှုသိပ္ပံ(ဂန့်ဂေါ)ကျောင်းအား(၂၉.၁၀.၂၀၀၈)ရက်နေ့တွင် ရုံးလုပ်ငန်းများ စတင်ဆောင်ရွက်ပြီး (၁၅.၁၂.၂၀၀၈)ရက်နေ့တွင် ကျောင်းစတင်ဖွင့်လှစ်ခဲ့ပါသည်။

ကျောင်းတည်ထောင်ရခြင်း၏ ရည်ရွယ်ချက် ၊ Mission Vision: 

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏ လူမှု့စီးပွားရေးတိုးတက်ဖွံ့ဖြိုးရေးအတွက် လိုအပ်သောကျွမ်းကျင်သူများြဖစ်လာစေရေး သင်ကြားလေ့ကျင့်ပေးရန်ရည်ရွယ်၍ အစိုးရစက်မှုလက် မှုသိပ္ပံ(ဂန့်ဂေါ)ကျောင်းအား ဖွင့်လှစ်ခဲ့ခြင်းြဖစ်ပါသည်။
နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးကဏ္ဍအား ပြည်ထောင်စုအဆင့်ဆောင်ရွက်နေရာမှ တိုင်းဒေသကြီး၊ပြည်နယ်အစိုးရများနှင့်အတူ ပုဂ္ဂလိကဏ္ဍပါ ပါဝင်လာစေပြီး တာဝန်ယူဆောင်ရွက်ရန် ရည်မှန်းပါသည်။

ဖုန်းနံပါတ်၊ ဖက်(စ်) နံပါတ် နှင့် အီးမေးလ်လိပ်စာ: 
စဥ် ဖုန်းနံပါတ် အသုံးပြုသည့်ဌာန မှတ်ချက်
၁။ ၀၉-၄၇၂၁၂၂၈၂ ကျောင်းအုပ်ကြီး  
၂။ ၀၉-၄၀၁၅၃၂၇၉၅ ရုံးခန်း  
၃။ ၀၆၂-၅၀၄၆၁ ဖက်(စ်)၊ရုံးခန်း  
၄။ gangawgti@gmail.com, gtiggw@dtve.org ကျောင်းသုံး  
ခေတ်အဆက်ဆက်တာဝန်ထမ်းဆောင်ခဲ့သော ကျောင်းအုပ်ကြီး၏ အမည်များနှင့် လက်ရှိ ကျောင်းအုပ်ကြီး၏ အမည်: 
စဉ် အမည် ပညာအရည်အချင်း တာဝန်ထမ်းဆောင်ခဲ့သည့် ကာလ ကျောင်းအဆင့်
၁။ ဦးမောင်မောင်သန့် M.E(EC) (၂၉.၁၀.၂၀၀၈)မှ (၁၇.၅.၂၀၁၈)ထိ G.T.I
၂။ ဒေါ်အေးနွဲ့စံ M.E(Mech) (၁၈.၅.၂၀၁၈)မှ ယနေ့ထိ G.T.I
ဘာသာရပ်များ/ သင်တန်းများ / ကာလတိုသင်တန်းများ အလိုက် နှစ်စဉ်မွေးထုတ်ပြီးသော ကျောင်းသား၊ ကျောင်းသူများ စာရင်း: 

 ပညာသင်နှစ်အလိုက် မွေးထုတ်ခဲ့ပြီးသော ပုံမှန်သင်တန်းသားများ စာရင်း

စဉ် ပညာသင်နှစ် A.G.T.I စုစုပေါင်း
2016-2017 ၄၂ ၄၂
2017-2018 ၁၂၀ ၁၂၀
စုစုပေါင်း ၁၆၂ ၁၆၂
သင်တန်းအပတ်စဉ်အလိုက် မွေးထုတ်ခဲ့ပြီးသော ကာလတိုသင်တန်းသားသူများစာရင်း
သင်တန်း
အမှတ်စဉ်
ဖွင့်လှစ်သင်ကြားပေးခဲ့သောကာလတိုသင်တန်းများ တက်ရောက်
သင်တန်းသား
အရေအတွက်

သင်တန်းဆင်း
အရေအတွက်
ပန်းရံ၊အုတ်စီသင်တန်း -
အိမ်တွင်းလျှပ်စစ်ပြုပြင်ထိန်းသိမ်းရေးသင်တန်း -
အခြေခံကွန်ပျူတာအသုံးချသင်တန်း ၁၀
တစ်လုံးထိုးဒီဇယ်အင်ဂျင်ပြုပြင်ထိန်းသိမ်းရေးသင်တန်း
ယာဉ်မောင်းသင်တန်း ၁၀
သံချည် သံကွေးသင်တန်း ၁၀ ၁၀
အိမ်တွင်းလျှပ်စစ်ပြုပြင်ထိန်းသိမ်းရေးသင်တန်း ၁၀ ၁၀
တစ်လုံးထိုးဒီဇယ်အင်ဂျင်ပြုပြင်ထိန်းသိမ်းရေးသင်တန်း    
ပန်းရံ၊အုတ်စီသင်တန်း
အိမ်တွင်းလျှပ်စစ်ပြုပြင်ထိန်းသိမ်းရေးသင်တန်း ၁၀ ၁၀
တစ်လုံးထိုးဒီဇယ်အင်ဂျင်ပြုပြင်ထိန်းသိမ်းရေးသင်တန်း ၁၀ ၁၀
ကျောင်းတည်ရှိရာ နေရာ( တိုင်း/ ပြည်နယ်): 
မကွေးတိုင်းဒေသကြီး
ကျောင်းလိပ်စာ (မြေအကျယ်အဝန်းအပါအဝင်) အနီးအနားရှိ ထင်ရှားသော နေရာများ: 

အစိုးရစက်မှုလက်မှုသိပ္ပံ(ဂန့်ဂေါ)ကျောင်းသည် ဂန့်ဂေါ - ကလေးလမ်း၊ စိုင်ဒူးကျေးရွာ၊ ရွာမ ကွင်းအမှတ် (၁၆၂/၁၅၆)မြေကွက်ပေါ်တွင်တည်ရှိပြီး (၅၇း၀၀)ဧက ကျယ်ဝန်းပါသည်။အရှေ့ဘက် တွင်ရွာစည်ကျေးရွာ၊ တောင်ဘက်တွင် စိုင်ဒူးကျေးရွာနှင့်မြောက်ဘက်တွင် လာပို့ကျေးရွာများ တည်ရှိ ပါသည်။

ပူးပေါင်းဆောင်ရွက်လျက်ရှိသော အစိုးရ (သို့မဟုတ်) အစိုးရ မဟုတ်သောအဖွဲ့ အစည်း အမည်များ: 

အစိုးရစက်မှုလက်မှုသိပ္ပံ(ဂန့်ဂေါ)ကျောင်းအနေဖြင့် ဂန့်ဂေါခရိုင်လမ်းဦးစီးဌာနနှင့်ဆက်သွယ် ၍ မြို့ပြအင်ဂျင်နီယာဘာသာရပ်ကျောင်းသား/သူများအတွက် လမ်းလုပ်ငန်းဆောင်ရွက်ခြင်းနှင့် တံတားတည်ဆောက်ရေးလုပ်ငန်းများအား လုပ်ငန်းခွင်လေ့လာရေးပူးပေါင်းဆောင်ရွက်လျက်ရှိပါ သည်။
    ဂန့်ဂေါမြို့နယ်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့်ညှိနှိုင်း၍ အီလက်ထရောနစ်အင်ဂျင်နီယာဘာ သာရပ်ကျောင်းသား/သူများအား Telecommunication System အား လက်တွေ့လေ့လာစေပါ သည်။
    လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ ကျောင်းသား/သူများအတွက် ဂန့်ဂေါခရိုင်လျှပ်စစ်အင်ဂျင်နီ ယာဌာနနှင့်ဆက်သွယ်၍ 66KV ဓါတ်အားခွဲရုံ အလုပ်လုပ်ပုံအား လေ့လာစေပါသည်။
    စက်မှုအင်ဂျင်နီယာဘာသာရပ် ကျောင်းသား/သူများအတွက် ဂန့်ဂေါခရိုင်သစ်ထုတ်လုပ်ရေး ဌာန ယန္တရားဌာနခွဲနှင့်ညှိနှိုင်း၍ လက်တွေ့ကွင်းဆင်းလေ့လာစေပါသည်။ 

ကျောင်းမှပံ့ပိုးပေးထားမှုများနှင့် ဝန်ဆောင်မှုများ: 

အစိုးရစက်မှုလက်မှုသိပ္ပံ(ဂန့်ဂေါ)ကျောင်းအနေဖြင့် ဒေသခံများမှလိုအပ်ချက်ရှိလျှင် ဂဟေ ဆော်ပေးခြင်း၊ တွင်ခုံအသုံးပြုစေခြင်း၊  အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းစသည့် နည်းပညာရပ်များ အား အကြံဉာဏ်ပေးခြင်းများ အခမဲ့ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

ကျောင်းပြီးဆုံးပါက အနာဂတ် အခွင့်အလမ်းများ: 

အစိုးရစက်မှုလက်မှုသိပ္ပံ(ဂန့်ဂေါ)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများသည် ကျောင်းပြီးဆုံး ပါက သက်ဆိုင်ရာအထူးပြုဘာသာရပ်များအလိုက် ပုဂ္ဂလိကကုမ္ပဏီများနှင့်အစိုးရဌာနများတွင် အလုပ်အကိုင်များရရှိနိုင်ပါသည်။ 
    ထို့ပြင်သင်တန်းဆင်းများအနေဖြင့် နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန အောက်ရှိ နည်းပညာကောလိပ်၊ သိပ္ပံနှင့်ကျောင်းများတွင်လည်း စက်မှုကျွမ်းကျင်(၄)ရာထူး နေရာများ တွင် အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ပါသည်။    
 

လက်ရှိတက်ရောက်လျက်ရှိသော သင်တန်းသားဦးရေ (ဘာသာရပ် အလိုက် ကျား၊ မ၊ စုစုပေါင်း): 
၂၀၁၉-၂၀၂၀ ပညာသင်နှစ် ၂၀၁၉ ခု၊ ဒီဇင်ဘာလ ကျောင်းသားကျောင်းသူတက်ရောက်နေသူများစာရင်း  
စဥ် သင်တန်း A.G.T.I(ပထမနှစ်) A.G.T.I(ဒုတိယနှစ်) A.G.T.I(တတိယနှစ်)
ကျား ပေါင်း ကျား ပေါင်း ကျား ပေါင်း
Civil ၂၅ ၃၂ ၅၇ ၂၇ ၂၉ ၅၆ ၁၅ ၂၄ ၃၉
EC ၂၉ ၃၂ ၆၁ ၂၀ ၁၆ ၃၆ ၁၅ ၁၄ ၂၉
EP ၂၉ ၂၅ ၅၄ ၄၀ ၂၀ ၆၀ ၁၅ ၁၀ ၂၅
Mech ၄၁ ၁၀ ၅၁ ၄၀ ၄၉ ၂၅ ၂၇
စုစုပေါင်း ၁၂၄ ၉၉ ၂၂၃ ၁၂၇ ၇၄ ၂၀၁ ၇၀ ၅၀ ၁၂၀
စုစုပေါင်း(နှစ်အလိုက်) ၂၂၃ ၂၀၁ ၁၂၀
အားလုံးပေါင်း ၅၄၄
သင်တန်းဆရာ၊ ဆရာမ စုစုပေါင်းအရေအတွက်: 
စဥ် ဘွဲ့အမည် ဦးရေ ဒုတိယ ပါမောက္ခ ကထိက လ/ထ ကထိက နည်းပြ ဓါတ်ခွဲကျွမ်း ကျင်(၂)(၃)(၄) (၅) မှတ်ချက်
Ph.D        
M.E          
B.E/B.Tech ၂၈ ၁၇  
M.A/M.Sc/M.C.Sc/ MESP ၁၄      
B.A/B.Sc/DESP          
AGTI/T.T.T.I ၁၄     ၁၁  
Dip/Other/B.C.Sc/ ITC        
စုစုပေါင်း ၆၆ ၂၁ ၂၅ ၁၄  
Scholarship ဆိုင်ရာ အခွင့်အလမ်း: 

အစိုးရစက်မှုလက်မှုသိပ္ပံ(ဂန့်ဂေါ)ကျောင်းတွင် ပညာသင်ကြားလျက်ရှိသောကျောင်းသား၊ ကျောင်းသူများသည် ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၏ ညွှန်ကြားချက်နှင့်စီစဉ်ဆောင်ရွက်ပေးချက်အရ သင်တန်းသား(၁)ဦးလျှင်(၃၀၀၀၀)ကျပ်နှုန်းဖြင့် သတ် မှတ်ချက်အတိုင်း လစဉ်ပညာသင်ထောက်ပံ့ကြေး ထုတ်ပေးလျက်ရှိပါသည်။ ထို့ပြင်အခြားနိုင်ငံရှိ နည်းပညာနှင့်သက်မွေးပညာသင်တန်းကျောင်းများမှ Scholarship ခေါ်ဆိုသည့်ပညာသင်အခွင့် အလမ်းများလည်း လျှောက်ထားနိုင်ပါသည်။

သင်တန်းများ