အစိုးရစက်မှုလက်မှုသိပ္ပံ(ချောက်)
အစိုးရစက်မှုလက်မှုသိပ္ပံ(ချောက်)
-
-(က) တက္ကသိုလ်ဝင်စာမေးပွဲနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းတို့မှ အောင်မြင်သူများအတွက် ခေတ်နှင့်လျော်ညီသော အသက်မွေးဝမ်းကျောင်း ဆိုင်ရာပညာရပ်များကို သင်ကြားပို့ချလေ့ကျင့်ပေးရန်
(ခ) ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်ရာတွင် မရှိမဖြစ် လိုအပ်သော အရည်အချင်းပြည့်ဝသည့် နည်းပညာရှင်များနှင့် ကျွမ်းကျင် လုပ်သားများကို မွေးထုတ်ပေးရန်
(ဂ) နိုင်ငံတော်နှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၌ မိမိတို့ တတ်မြောက်ထား သော အသက်မွေးဝမ်းကျောင်းပညာရပ်များဖြင့် ဝင်ရောက်လုပ်ကိုင်နိုင်ပြီး ၊အလုပ်အကိုင်အခွင့်အလမ်းအသစ်များပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်
(ဃ) ဒေသလိုအပ်ချက်နှင့်ကိုက်ညီသော အသက်မွေးဝမ်းကျောင်းသင်တန်းများ တိုးချဲ့ဖွင့်လှစ်သင်ကြားပေးနိုင်ရန်
လက်ရှိကျောင်းအုပ်ကြီး ဒေါက်တာအောင်သိန်းစိုး
-
-
-
-စာတွေ့လက်တွေ့များအချိုးညီစွာဆောင်ရွက်နိုင်စေရန် သင်ကြားပေးလျှက်ရှိပါသည်။ ဒေသတွင်းစက်ရုံအလုပ်ရုံများနှင့် ချိတ်ဆက်သင်ကြားပေးလျှက်ရှိပါသည်။ နှစ်သစ်ကျောင်းသားများအား ထောက်ပံ့ကြေး ၃၀၀၀၀ ကျပ် လစဉ် ထောက်ပံ့ပေးလျက်ရှိပါသည်။
-ကျောင်းသို့လာရောက်ဆက်သွယ်သည့် အလုပ်အကိုင် အခွင့်အလမ်းများနှင့် ချိတ်ဆက် ပေးလျှက်ရှိပါသည်။ ကျောင်းပြီးဆုံးသောကျောင်းသားကျောင်းသူများသည် ဝန်ကြီးဌာနအသီးသီးနှင့် စက်ရုံ၊အလုပ်ရုံ၊ကုမ္ပဏီများတွင် အငယ်တန်း အင်ဂျင်နီယာများအဖြစ် လျှောက်ထားနိုင်ခွင့်ရှိသော အသိအမှတ်ပြု လက်မှတ်များကို ရရှိပိုင်ဆိုင်ခွင့်ရမည်ဖြစ်ပြီး ထူးချွန်စွာအောင်မြင်သောကျောင်းသားကျောင်းသူများသည် သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံပါက နည်းပညာတက္ကသိုလ်များတွင် B.E တတိယနှစ်သင်တန်းသို့ ပေါင်းကူးတက်ရောက်နိုင်ခွင့် ရှိပါသည်။
-
-
-