Share this

img.share-image

TVET Reform Program ဆောင်ရွက်နိုင်ရေး ဘဏ္ဍာငွေထောက်ပံ့ခြင်းဆိုင်ရာသဘောတူညီချက နှင့် သီးခြားသဘောတူညီချက်များအား လက်မှတ်ရေးထိုးခြင်းအခမ်းအနားကျင်းပ

နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်း (TVET Reform Program)များ ဆောင်ရွက်နိုင်ရေး ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင် ရွက်ရေးဦးစီးဌာနနှင့် ဂျာမနီနိုင်ငံ၊ KfW တို့အကြား လက်မှတ်ရေးထိုးချုပ်ဆိုမည့် ဘဏ္ဍာငွေ ထောက်ပံ့ခြင်းဆိုင်ရာသဘောတူညီချက် (Financing Agreement) နှင့် သီးခြားသဘောတူညီ ချက် (Separate Agreement) များ လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါ ရီလ (၂၆) ရက်နေ့၊ နေ့လည်(၂ ၃၀)နာရီတွင် ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၁)၌ ကျင်းပပြု လုပ်ခဲ့ရာ အဆိုပါ သဘောတူညီချက်များအား ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊သက်မွေးပညာ နှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာအေးမြင့်၊ စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးကိုကိုတင် နှင့် German Development Bank (KfW)မှ Ms. Eva Schneider ၊  Country Director of KfW Office Yangon တို့ လက်မှတ်ရေးထိုးခဲ့ကြပါသည်။

အဆိုပါ လက်မှတ်ရေးထိုးသည့် သဘောတူညီချက်များသည် ဂျာမနီနိုင်ငံ၊ KfWမှ မြန်မာ နိုင်ငံ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်နိုင် ရန် ဘဏ္ဍာငွေ ယူရို(၈)သန်းခန့် ထောက်ပံ့သွားမည့် သဘောတူညီချက်များ ဖြစ်ပါသည်။

ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) အစိုးရစက်မှုလက်မှုသိပ္ပံ(ရွှေပြည်သာ)၊ အစိုးရနည်းပညာ အထက်တန်းကျောင်း(ရွာမ)တို့တွင် သင်ကြားမှုအခွင့်အလမ်းများပိုမိုမြှင့်တင်နိုင်ရန်နှင့် အရည် အသွေးမြှင့်တင်နိုင်ရန် ရည်ရွယ်၍ ယူရို(၆.၅)သန်းခန့်ဖြင့် သင်ထောက်ကူပစ္စည်းများနှင့် သင်ကြားရေးဆိုင်ရာ အထောက်အပံ့ပစ္စည်းများကို စနစ်တကျ ဖြည့်ဆည်းနိုင်မည် ဖြစ်သည့် အပြင် ယူရို(၁)သန်းခန့်ဖြင့်  အဆိုပါဖြည့်ဆည်းမည့် သင်ထောက်ကူပစ္စည်းများနှင့် သက်ဆိုင် သော ဆရာ၊ဆရာမအရည်အသွေးမြှင့်တင်မှုသင်တန်းများလည်း ဆောင်ရွက်နိုင်မည် ဖြစ်ပါ သည်။

စက်မှုဝန်ကြီးဌာနအောက်ရှိ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနအောက်ရှိ  စက်မှု သင်တန်းကျောင်း(ဆင်တဲ)တွင် ယူရို(၅)သိန်းဖြင့် နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
အဆိုပါ သဘောတူညီချက်များ လက်မှတ်ရေးထိုးခြင်းအခမ်းအနားသို့ ပညာရေးဝန်ကြီး ဌာန၊ နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန် ရှိသူများ၊ စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊  ဂျာမနီနိုင်ငံ၊ Ministry of Economic Cooperation and Development (BMZ) နှင့် German Development Bank (KfW) မှ  တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။