Share this

img.share-image

CPSC In-Country Program on Industry-Academia Collaborations and Partnership

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနသည် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဖိလစ်ပိုင်သမ္မတနိုင်ငံတွင် ရုံးစိုက်လျက်ရှိသော Colombo Plan Staff College (CPSC) နှင့် ပူးပေါင်း၍ ညီလာခံများ၊ အလုပ်ရုံဆေွးနွေးပွဲများ၊ ပြည်တွင်းပြည်ပသင်ကြားရေးအစီအစဉ်များအား ညှိနှိုင်းဆောင်ရွက်လျက်ရှိရာ ဦးစီးဌာနအောက်ရှိ ကောလိပ်၊ သိပ္ပံ၊ ကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဒုတိယကျောင်းအုပ်ကြီးများနှင့် ဌာနမှူးများ၊ စုစုပေါင်း (၂၀)ဦးအား In-Country Program on Industry-Academia Collaborations & Partnership in Myanmar ခေါင်းစဉ်ဖြင့် လေ့ကျင့်သင်ကြားပို့ချသည့် ဆွေးနွေးပွဲအစီအစဉ်အား အမှတ် ၁၂၃၊ နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ရှိ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန (ရုံးခွဲ) တွင် ၂၀၁၈ ခုနှစ်၊ မေလ (၇)ရက်နေ့မှ (၁၁) ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲ၏ ဖွင့်ပွဲအစီအစဉ်အား ၂၀၁၈ ခုနှစ်၊ မေလ (၇)ရက်နေ့၊ နံနက် (၀၉း၀၀) နာရီ၌ ကျင်းပပြုလုပ်ခဲ့ပြီး ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီး ဌာန၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဒေါက်တာအေးမြင့်၊ Colombo Plan Staff College (CPSC) ၏ Director General ဖြစ်သူ Dr. Ramhari Lamichhane တို့မှ အဖွင့်အမှာစကားပြောကြား ခဲ့ပြီး CPSC မှ Joint Director ဖြစ်သူ Prof. Rajesh P. Khambayat မှ အဆိုပါဆေွးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ဆွေးနွေးပွဲအစီစဉ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။

အဆိုပါဒေသတွင်းဆေွးနွေးပွဲအစီအစဉ်၏ အစိတ်အပိုင်းအနေဖြင့် (၈-၅-၂၀၁၈) ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သော National Seminar on Quality Assurance in TVET အစီအစဉ်နှင့်  (၁၀-၅-၂၀၁၈) ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သော Panel Discussion on A Game Changer for 21st Century Workshop Development အစီအစဉ်တို့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းတို့မှ ကိုယ်စားလှယ်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သက်မွေး ပညာသင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဌာနမှူးများနှင့် ဆရာ၊ ဆရာမများ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များမှ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။