Share this

img.share-image

အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု လေ့ကျင့်ရေးကော်မတီ၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

                                                                       နေပြည်တော် ဩဂုတ် ၁၃ ရက်

အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု လေ့ကျင့်ရေးကော်မတီ၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအခမ်းအနားကို ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန (DTVET) ရုံးအမှတ် (၂၁) အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၉)နာရီအချိန် ကျင်းပရာ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ်၊ ဒုတိယညွန်ကြားရေးမှူးချုပ်များနှင့်ညွန်မှူးများ၊ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု လေ့ကျင့်ရေးကော်မတီဝင်ဌာနဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ၊ ဆပ်ကော်မတီများမှ ဉက္ကဌများနှင့်ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ် Dr. အေးမြင့်မှ မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု စံ သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ရဲ့ လုပ်ငန်း များကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့ Skill Development Fund Management Committee ၊ Skills Standards Development and Training Committee နဲ့ Skill Assessment & Certification Committee များကို အလုပ်အကိုင် နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုး တိုးတက်ရေးဥပဒေ (Employment and Skills Development Law) အရ ဖွဲ့စည်းခဲ့ပြီးကြောင်း၊အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု လေ့ကျင့်ရေးကော်မတီကို သက်ဆိုင်ရာ အလုပ်အကိုင်အလိုက် ဖော်ထုတ်ရရှှိတဲ့ ကျွမ်းကျင်မှု “စံ” များနှင့်အညီ သင်ရိုးညွှန်းတမ်းရေးဆွဲခြင်း၊ အလုပ်အကိုင် ကျွမ်းကျင်မှုလေ့ကျင့်ရေးဆိုင်ရာ နည်းပြများ ၏ အရည်အသွေး သတ်မှတ်ခြင်း၊ သင်တန်းကျောင်းများ၏ စက်ပစ္စည်း၊ ကိရိယာနှင့် သင်ကြားရေး အထောက်အကူပြုပစ္စည်းများ၏ စံချိန်စံညွှန်းများ သတ်မှတ်ခြင်း၊ အလုပ် အကိုင်ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်းများ အသိအမှတ်ပြုရေး အစီအစဉ်များ ချမှတ်ခြင်းနှင့် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ညှိနှိုင်း ဆောင်ရွက်ခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့ကြောင်း၊ ဦးစီးဌာနအနေဖြင့် အကြောင်းအမျိုးအမျိုးကြောင့် ကျောင်းဆက်လက် မတက်ရောက်နိုင်တဲ့ လူငယ်များအတွက် အသက်မွေးဝမ်းကျောင်းပညာ ဆက်လက် သင်ယူနိုင်ရေးကို ဦးစီးဌာနအနေနဲ့ လူငယ်များအလုပ်အကိုင်ရရှိရေးအတွက် လေ့ကျင့် ပြုစု မွေးထုတ်ရေး စီမံကိန်း (Equipping Youth for Employment- EYE Project) ကို အစိုးရ နည်းပညာအထက်တန်းကျောင်း (၁၁)ကျောင်းမှာ ဆောင်ရွက်ပေးလျက်ရှိရာ အစိုးရ နည်းပညာအထက်တန်းကျောင်း (နေပြည်တော်၊ ရွာမ၊ မန္တလေး)တို့တွင် Bricklaying (အုတ်စီကျွမ်းကျင်သင်တန်း)၊ Barbending(သံချည်သံကွေး ကျွမ်းကျင် သင်တန်း)၊ Concrete Shuttering (ပုံဆင်၊ ပုံရိုက်ကျွမ်းကျင်သင်တန်း)နှင့် Road Construction (လမ်းခင်း ကျွမ်းကျင်သင်တန်း)တို့ကို စတင်ဖွင့်လှစ်လျက်ရှိပြီး ကျန်ရှိတဲ့ (၈) ကျောင်းကိုလည်း သက်ဆိုင်ရာကျောင်းများမှ ဒေသလိုအပ်ချက်အရ သင်တန်း များဖွင့်လှစ်ပေးသွားမှာဖြစ်ကြောင်း၊ သင်တန်းပြီးဆုံးသည့် သင်တန်းသားများကို ကျွမ်း ကျင်မှုရှိ၊ မရှိ စစ်ဆေးနိုင်ရန် အတွက် အစိုးရနည်းပညာအထက်တန်းကျောင်း (၁၁) ကျောင်းမှာ Assessment Center များ ရရှိရန်အတွက် ကျွမ်းကျင်မှု စစ်ဆေး အကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေး ကော်မတီ (ACC)သို့ သက်ဆိုင်ရာကျောင်းများ၏ အချက်အလက်များကိုလည်း ပေးပို့လျှောက်ထား လျက်ရှိကြောင်းနှင့် ဦးစီးဌာနအောက်ရှိ စင်ကာပူမြန်မာသက်မွေးပညာသင်တန်းကျောင်း (SMVTI)၊ စက်မှု နည်းပညာလေ့ကျင့်သင်ကြားရေးသင်တန်းကျောင်း(SITE)၊ ရတနာဂဟေ ဆက် နည်း ပညာသင်တန်းကျောင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)နှင့် အစိုးရစက်မှု လက်မှုသိပ္ပံ (ပြင်ဦးလွင်)တို့မှာ Assessment Center များ ရရှိပြီးဖြစ်ကြောင်းများကို ပြောကြားခဲ့ ပါသည်။

ထို့အပြင် EU Budget Support အစီအစဉ်ဖြင့် ကျွမ်းကျင်မှုအခြေပြုကာလတို သင်တန်းများကိုလည်း ၂၀၂၀ခုနှစ်၊ ဇန်နဝါရီလတွင် စတင်ဖွင့်လှစ်နိုင်ရေးအတွက် NGO/ INGO Network တို့ဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ဦးစီးဌာန အစီအစဉ်ဖြင့် လည်း ကျောင်းများမှ ဒေသလိုအပ်ချက်ပေါ် မူတည်ပြီး ဖွင့်လှစ်လိုသည့် ကာလတိုသင်တန်း များကိုလည်း ဖွင့်လှစ်ပေးလျက်ရှိကြောင်းများကိုလည်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယ ညွန်ကြားရေးမှူးချုပ် Dr. နေမျိုးထွန်းမှ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု လေ့ကျင့်ရေးကော်မတီ၏ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာကြတဲ့ အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ၊ ဆပ်ကော်မတီများမှ ဥက္ကဌများနှင့်ဧည့်သည်တော်များမှ အသီးသီး အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

သင်တန်းများ