Share this

img.share-image

အစိုးရနည်းပညာ​ကောလိပ်(မြင်းခြံ)မှ မြင်းခြံခရိုင်ပြည်သူ့​ဆေးရုံကြီးအတွက် Robot Trolley လှူဒါန်း

​နေပြည်​တော် စက်တင်ဘာ ၇ ရက်

နည်းပညာ၊ သက်​မွေးပညာနှင့်လက်ကျင့်​ရေးဦးစီးဌာန​၊ အစိုးရနည်းပညာ​ကောလိပ်(မြင်းခြံ)သည် Covid-19 အသက်ရှူလမ်း​ကြောင်းဆိုင်ရာ ကူးစက်မြန်​ရောဂါပြုစုကုသရာတွင် Covid-19 ​ရောဂါ​ဝေဒနာရှင်များနှင့် အထိအ​တွေ့နည်းပါးပြီး ကူးစက်မှုများအန္တရာယ်​မှ ကာကွယ်ရန်အတွက် Wireless Remote Control ကြိုးမဲ့အ​ဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်​မောင်းနင်နိုင်သည့် အ​ထောက်အကူပြု Robot Trolley တစ်ခုကို မြင်းခြံ ခရိုင် ပြည်သူ့ဆေးရုံကြီးအတွက် လှူဒါန်ခြင်းကို ယ​နေ့ (၇-၉-၂၀၂၀)တွင်အစိုးရနည်းပညာ​ကောလိပ်(မြင်းခြံ)၌ ပြုလုပ်ရာ အစိုးရနည်းပညာ​ကောလိပ်(မြင်းခြံ)မှ ​ကျောင်းအုပ်ဆရာကြီး ​ဒေါက်တာ​လေးမာန်ဝင့်၊ လွှတ်​တော်ကိုယ်စားလှယ်များ၊ ခရိုင်အ​ထွေ​ထွေအုပ်ချုပ်​ရေးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ခရိုင်ပြည်သူ့​ဆေးရုံကြီးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် Robot Trolley ကို ပါဝင်ကြိုးစားအားထုတ်ပြုလုပ်ခဲ့ကြ​သော အီလက်ထ​ရောနစ်အင်ဂျင်နီယာဌာနမှူးနှင့်ဆရာဆရာမများ၊ စက်မှုအင်ဂျင်နီယာဌာနမှူးနှင့်ဆရာဆရာမများ ပါဝင်ကြပါသည်။

အဆိုပါ Robot Trolley အား အမှန်တကယ်လိုအပ်သည့် နေရာတွင် အသုံးပြုနိုင်ရန် ရည်ရွယ်ပြီး ပြုလုပ်ခဲ့သည့်အတွက် များစွာ ဝမ်းသာ၊ပီတိ ဖြစ်ရ​ကြောင်းနှင့် ပြုလုပ်​ပေးခဲ့ကြသော အီလက်ထရောနစ် အင်ဂျင်နီယာဌာန နှင့် စက်မှု အင်ဂျင်နီယာဌာန များမှ ဆရာ/မ များကိုလည်း ဂုဏ်ယူဝမ်းမြောက်ပါ​ကြောင်း အစိုးရနည်းပညာ​ကောလိပ်(မြင်းခြံ)​နှင့် နည်းပညာ၊ သက်​မွေးပညာနှင့်​လေ့ကျင့်​ရေးဦးစီးဌာနမှ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

သင်တန်းများ