Share this

img.share-image

အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)၏ သုတနည်းပညာဌာနမှ CCTV Installation Training ပြုလုပ်ခြင်း

နေပြည်တော် ဇူလိုင်လ (၁) ရက်

နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်) ၏ သုတနည်းပညာဌာနသည် Covid-19 ကာလအတွင်း ဌာနအတွင်း Capactiy Building အဖြစ် Knowledge Sharing ပြုလုပ်ခြင်းများ၊ Training of Trainers များ ပြုလုပ်ခြင်းများ ဆောင်ရွက်လျက် ရှိရာ CCTV Installation Training (CCTV များ တပ်ဆင်ခြင်းသင်တန်း)ကို (၃၀-၆-၂၀၂၀)ရက်မှ (၁-၇-၂၀၂၀)ရက်ထိ (၂)ရက်ကြာ ကျင်းပပြုလုပ်လျက် ရှိပါသည်။ အဆိုပါသင်တန်းကို သုတနည်းပညာဌာနမှ ဆရာဆရာမများ တက်ရောက်ကြပြီး သင်တန်းဆရာ ဦးအောင်ပြည့်ကျော်၊ နည်းပြ၊ သုတနည်းပညာဌာန၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)မှ Capactiy Building အဖြစ် Knowledge Sharing ပြုလုပ်ဦးဆောင်သင်ကြားမျှဝေပေးလျက် ရှိကြောင်း သိရပါသည်။

၎င်းသင်တန်းတွင် 8-Channels DVR CCTV Camera System ကို အသုံးပြုသင်ကြားပြီး Coaxial Cable ကြိုးများတပ်ဆင်ခြင်း၊ BNC Cable Connector များတပ်ဆင်ခြင်း၊ Basic Storage Setting များ Configure ပြုလုပ်ခြင်း၊ General and Network setting များ Configure ပြုလုပ်ခြင်းများနှင့် Data များ Backup ပြုလုပ်ခြင်းများအပြင် Phone application ဖြင့် Live Preview ပြုလုပ်ခြင်းများလည်း ပါဝင် ကြောင်း သိရှိရပါသည်။

သင်တန်းများ