Share this

img.share-image

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ CPU Toolkit Web Application အသုံးပြုနည်းဆွေးနွေးပွဲကျင်းပ

                                                နေပြည်တော် နိုင်ဝင်ဘာ ၂၆ ရက်

ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများတွင် ဖွဲ့စည်းပြီးဖြစ်သော CPU (Corruption Protection Unit) အဖွဲ့များ၏ ရှေ့လုပ်ငန်းစဉ် (၆) ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ Proactive Beneficiary Engagement Mechanism ကို CPU Toolkit အဖြစ် စတင်စမ်းသပ်ဆောင်ရွက်လျက်ရှိပါသဖြင့် ဦးစီးဌာနအနေဖြင့် CPU Toolkit အသုံးပြုခြင်းနှင့် စပ်လျဉ်း၍ CPU Account နှင့် DEO Account များ အသုံးပြုနိုင်ရေးအတွက် လိုအပ်သည့် နည်းပညာနှင့် အုပ်ချုပ်မှုကိစ္စများ ဆွေးနွေးနိုင်ရန်အတွက် CPU Toolkit Web Application အသုံးပြုနည်းဆွေးနွေးပွဲကို (၂၆-၁၁-၂၀၁၉) ရက်နေ့ နံနက် (၁၀:၀၀) နာရီမှ ညနေ (၄:၀၀) နာရီအထိ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပရာ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးမှ ညွှန်ကြားရေးမှူး ဒေါက်တာငြိမ်းဝေနှင့် အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း စုစုပေါင်း (၈) ကျောင်းမှ ကွန်ပျူတာကျွမ်းကျင် (၂) ဦးစီတက်ရောက်ကြပါသည်။

အဆိုပါဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ်ဒေါက်တာအေးမြင့်မှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏လုပ်ငန်းစဉ်များနှင့်ရည်ရွယ်ချက်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်လုပ်ငန်းစဉ်တွင် ပညာရေးဝန်ကြီးဌာန၏ တာဝန်ယူဆောင်ရွက်နေမှုများနှင့် သက်ဆိုင်ရာကျောင်းများမှ ဆရာဆရာမများအား CPU Toolkit Web Application နဲ့ပတ်သက်ပြီး မိမိတို့ကျောင်းများတွင်လည်း အလေးထား၍ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အဖွင့်အမှာစကားပြောကြားပါသည်။

ဆက်လက်၍ ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးမှ ဒေါက်တာငြိမ်းဝေမှ CPU Toolkit Web Application အသုံးပြုမှုနှင့် စပ်လျဉ်း၍ အသေးစိပ်သင်တန်းပို့ချပေးရာ ညနေ (၄:၀၀) နာရီတွင် အသုံးပြုနည်းဆွေးနွေးပွဲကို ရုပ်သိမ်းပါသည်။

သင်တန်းများ