Share this

img.share-image

ဘူးသီးတောင်မြို့အ.ထ.က (၁) တွင် ကျွမ်းကျင်မှု အခြေပြု ကာလတိုသက်မွေးပညာသင်တန်းများ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

                                                                                                                                            ဘူးသီးတောင် စက်တင်ဘာ ၂ ရက်

ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန (DTVET)အောက်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း (စစ်တွေ) G.T.H.S (Sittwe)၊ Norwegian Refugee Council -NRC တို့ ပူးပေါင်းဖွင့်လှစ်လျက်ရှိသော  ကျွမ်းကျင်မှုအခြေပြု သက်မွေးပညာကာလတိုသင်တန်းများဖြစ်သည့် ပန်းရံအုတ်စီ၊ အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းနှင့် အခြေခံဂဟေဆက်သင်တန်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ အ.ထ.က (၁) ခန်းမတွင် နံနက် (၁၀:၀၀) နာရီတွင် ကျင်းပရာ အစိုးရစက်မှုလက်မှုသိပ္ပံ (သံတွဲ)နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (စစ်တွေ)မှ ကျောင်းအုပ်ကြီးများ၊ သင်တန်းသားသင်တန်းသူများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြပါသည်။

အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဉီးလှရွှေ၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းအုပ်ကြီး ဒေါက်တာအောင်မျိုးဝင်းနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးမင်းဇော်ဦးတို့မှ အဖွင့်အမှာစကားအသီးသီးပြောကြားကြပြီး မြို့မိမြို့ဖ များကိုယ်စား ဦးနေမင်းထွန်းမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြပါသည်။

 

 

သင်တန်းများ