Share this

img.share-image

နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဉီးစီးဌာန အသစ်ခန့်ဆရာဆရာမများ လုပ်ငန်းခွင်အကြိုသင်တန်း (၁/၂၀၁၉) ဖွင့်ပွဲအခမ်းအနားကျင်းပ

                                                                       နေပြည်တော် အောက်တိုဘာ ၂၂ ရက်

နည်းပညာ၊သက်​မွေးပညာနှင့်​လေ့ကျင့်​ရေးဦးစီးဌာန​သည် အစိုးရစက်မှုလက်မှုသိပ္ပံများနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများ၏ ဆရာဆရာမများလိုအပ်ချက်အတွက် အသစ်ခန့်ဆရာဆရာမများ လုပ်ငန်းခွင်အကြိုသင်တန်းအမှတ်စဉ် (၁/၂၀၁၉) သင်တန်းဖွင့်ပွဲအခမ်းအနားကို (၂၁-၁၀-၂၀၁၉) ရက်နေ့ နံနက် (၉:၀၀) နာရီတွင် အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်)၌ ကျင်းပရာ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဉီးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာအေးမြင့်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အစိုးရစက်မှုလက်မှုသိပ္ပံများ၊ အစိုးရနည်းပညာအထက်တန်းကျောင်းများနှင့် သက်မွေးပညာသင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ နှင့် အသစ်ခန့်ဆရာဆရာမများတက်ရောက်ကြပါသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားတွင် နည်းပညာ၊သက်​မွေးပညာနှင့်​လေ့ကျင့်​ရေးဦးစီးဌာန​မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဦးစီးဌာနဌာနခွဲအသီးသီးမှ ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးများမှ သက်ဆိုင်ရာ ဌာနခွဲအသီးသီး၏လုပ်ငန်းစဉ်များကို မိတ်ဆက်ပို့ချပေးခဲ့ကြပါသည်။

 

သင်တန်းများ