Share this

img.share-image

နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဉီးစီးဌာနမှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

(၁) နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ အစိုးရနည်းပညာကောလိပ်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံများနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသော ပုံမှန်သင်တန်းများနှင့် ကျွမ်းကျင်မှုအခြေပြု ကာလတိုသင်တန်းများအတွက် လိုအပ်မည့် အောက်ဖော်ပြပါ ဘာသာရပ်များများ၏ လက်တွေ့သုံးပစ္စည်းများနှင့် လက်သုံးကိရိယာများအား သာမန်အသုံးစရိတ်ရန်ပုံငွေ (မြန်မာကျပ်ငွေ)ဖြင့် ဝယ်ယူလိုပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။

(က) မြို့ပြအင်ဂျင်နီယာဘာသာရပ် (Civil Engineering)

(ခ) စက်မှုအင်ဂျင်နီယာဘာသာရပ် (Mechanical Engineering)

(ဂ) လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဘာသာရပ် (Electrical Power Engineering)

(ဃ) လျှပ်စစ်အင်ဂျင်နီယာဘာသာရပ် (Electronic Engineering)

(၂) Open Tender ပုံစံများကို (၃၀-၈-၂၀၁၉)ရက်နေ့မှစ၍ ရုံးချိန်အတွင်း နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ဘဏ္ဍာရေးဌာနစိတ်၊ ရုံးအမှတ်(၂၁)တွင် တစ်စုံလျှင် ကျပ်(၁၀၀၀ဝိ/-)နှုန်းဖြင့် ဝယ်ယူနိုင်ပြီး (၆-၉-၂၀၁၉)ရက််နေ့ ညနေ(၄:၀၀)နာရီ နောက်ဆုံးထား၍ တင်ဒါများတင်သွင်းရမည်။

(၃) open Tender ပုံစံ၊ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို ရုံးချိန်အတွင်း ဖုန်း -၀၆၇-၄၀၄၄၅၆၊ ၀၆၇-၄၀၄၃၈၉ နှင့် website ြဖစ်သော www.tvetmyanmar.gov.mm တို့တွင် ဆက်သွယ်စုံစမ်းနိုင်ပါသည်။

အသေးစိတ်ကို အောက်ပါလင့်တွင် ဒေါင်းလုတ်ရယူနိုင်ပါသည်။

www.tvetmyanmar.gov.mm/sites/default/files/Tinder.pdf

 

 

သင်တန်းများ