Share this

img.share-image

နည်းပညာနှင့်သက်​မွေးပညာ​ရေးစနစ်အ​ပေါ်သုံးသပ်ထားသည့်အစီရင်ခံစာ စတင်မိတ်ဆက်ခြင်းအခမ်းအနားကျင်းပ

မြန်မာနိုင်ငံ၏ နည်းပညာနှင့်သက်မွေးပညာရေးစနစ်အပေါ်သုံးသပ်ထားသည့် အစီရင်ခံစာ စတင်မိတ်ဆက်ခြင်းအခမ်းအနားကျင်းပ
နေပြည်တော် နိုဝင်ဘာ ၂၈
==================
မြန်မာနိုင်ငံ၏ နည်းပညာနှင့်သက်မွေးပညာရေးစနစ်အပေါ် သုံးသပ်ထားသည့်အစီရင်ခံစာ စတင် မိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ကျင်းပ သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက  GIZ ၏ ကူညီထောက်ပံ့မှု၊ UNESCO ၏ နည်းပညာထောက်ပံ့မှုများနှင့်အတူ ဆောင်ရွက်ခဲ့သည့်  မြန်မာနိုင်ငံ၏နည်းပညာသက်မွေးပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍအပေါ် လေ့လာသုံးသပ်မှုအစီရင်ခံစာ Myanmar TEVT System Review Report မှတစ်ဆင့် လာမည့် NESP (၂၀၂၁-၂၀၃၀)တွင် မြန်မာနိုင်ငံ၏ TVET ကဏ္ဍနှင့်စပ်လျဉ်း၍ထည့်သွင်း ဆောင်ရွက်နိုင်မည့်ရလဒ်ကောင်းများ ရရှိနိုင်မည်ဖြစ်ပါကြောင်း။ TEVT System Review Report တွင် လုပ်သားဈေးကွက် လိုအပ်ချက်များကိုလေ့လာခြင်း၊ ပညာရေးစနစ်ကိုခြုံငုံ လေ့လာပြီး TVET System တွင် တွေ့ကြုံနေရသည့် စိန်ခေါ်မှုများနှင့်ပတ်သက်ပြီးလေ့လာခြင်း၊ Digital နည်းပညာဆိုင်ရာကျွမ်းကျင်တတ်မြောက်မှုများ တိုးတက်ရန်အတွက်လေ့လာခြင်းများနှင့် ယခုအစီရင် ခံစာတွင်ဖော်ပြထားသည့် လေ့လာဆန်းစစ်တွေ့ရှိချက်များ၊စိန်ခေါ်မှုများကိုအခြေခံပြီး  Social and Economic Development , Skills Needs in labor Market , Governance  and Relevance of TVET , Expansion of Quality TVET Programmes, Reform of existing  TVET Programmes,TVET Financing နှင့်  Digitization တို့အတွက် အကျိုးရှိထိရောက်သော အရေးကြီးသည့်အစီရင်ခံစာတစ်ခုဖြစ် ပါကြောင်း။ 

TVET ကဏ္ဍတွင် ဒေသအကျိုးပြုကျွမ်းကျင်မှုဆိုင်ရာသင်တန်းများတိုးချဲ့ဖွင့်လှစ်ခြင်း၊ စွမ်းဆောင် ရည်မြင့်မားသောသင်တန်းဆရာများခန့်ထားရန်စီစဉ်ဆောင်ရွက်ခြင်း၊ ပုဂ္ဂလိကကဏ္ဍနှင့်ပူးပေါင်းဆောင် ရွက်ခြင်း၊ ဒီဂျစ်တယ်နည်းပညာများအသုံးပြု၍ ဆန်းသစ်တီထွင်မှုများအားပေးပြီး ရေရှည်တည်တံ့ခိုင်မြဲသည့် ဟန်ချက်ညီသောဖွံ့ဖြိုးမှုစီမံကိန်းများ အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် အထောက် အကူပြုနိုင်ရန် အားလုံးအတူ ဝိုင်းဝန်းကြိုးပမ်းကောင်အထည်ဖော်ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်း ပြောကြားသည်။

 ထို့နောက် (GIZ) ၏ Head of TVET Project ဖြစ်သူ  Mr.Eiko Kauffmann က ရှင်းလင်း ပြောကြားသည်။ 

ယင်းနောက် UNESCO Myanmar ၏ Head of Office ဖြစ်သူ Ms. Min Jeong Kim က Myanmar TEVT System Review အစီရင်ခံစာ စာအုပ်ပြုစုရေးသားခဲ့မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ သည်။ 
ထို့နောက် GIZ နှင့်  UNESCO Myanmar  တို့၏ တာဝန်ရှိသူများက  Myanmar TEVT System Review အစီရင်ခံစာစာအုပ်အား ပညာရေးဝန်ကြီးဌာနသို့ပေးအပ်ရာ  ပြည်ထောင်စုဝန်ကြီးက  လက်ခံရ ယူသည်။ 
ဆက်လက်၍   Myanmar TEVT System Review တွင်ပါရှိသည့် ဦးစားပေးဆောင် ရွက်ရမည့်  မဟာဗျူဟာများ၊ မူဝါဒများအား ရှုှု့ထောင့်အမျိုးမျိုးမှ ဆွေးနွေးဖလှယ်ခြင်းနှင့် မြန်မာနိုင်ငံ၏ နည်းပညာနှင့် သက်မွေးပညာကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆွေးနွေးတင်ပြကြသည်။

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီများမှ ဥက္ကဋ္ဌများ၊ အမျိုးသားပညာရေးမူဝါဒ ကော်မရှင် (NEPC) ၊ အမျိုးသားသင် ရိုးညွန်းတမ်းကော်မတီ(NCC) နှင့် ပါမောက္ခချုပ်များကော်မတီ၊ အမျိုးသားအဆင့် တရားဝင်အသိအမှတ်ပြုမှုနှင့် အရည်အသွေးအာမခံမှု ဆိုင်ရာလုပ်ငန်းကော်မတီ(NAQAC)တို့မှတာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနအသီးသီးမှတာဝန်ရှိသူများ   တက်ရောက်ကြသည်။

သင်တန်းများ