Share this

img.share-image

ကိုလံဘိုစီမံကိန်းအတွင်းရေးမှူးရုံးမှ ဖိတ်ခေါ်လာသော ပညာသင်ဆုများသို့ လျှောက်ထားနိုင်

နေပြည်တော် စက်တင်ဘာ (၃၀)ရက်

၁။ ကိုရီးယားသမ္မတနိုင်ငံရှိ KDI School of Public Policy and Management ၌ ၂၀၂၁ ခုနှစ်၊ ပညာသင်နှစ်တွင် သင်ကြားမည့် One Year Master’s Programs on Public Policy and Management သင်တန်းအတွက် အောက်ဖော်ပြပါပညာသင်ဆုများသို့ ကိုလံဘိုစီမံကိန်းအဖွဲ့ဝင်နိုင်ငံ များမှ သင့်လျော်သည့် အစိုးရဝန်ထမ်းများ လျှောက်ထားနိုင်ကြောင်း အကြောင်းကြားလာပါသည်-

Master’s Programs:

  1. Master of Public Policy
  2. Master of Development Policy
  3. Master of Public Management

၂။ ပညာသင်ဆုရွေးချယ်ခံရသည့် သင်တန်းသားအတွက် အသွား/အပြန်လေယာဉ်စရိတ်ကို ကိုလံဘိုစီမံကိန်းအတွင်းရေးမှူးရုံးမှ ကျခံပေးမည်ဖြစ်ပြီး ပညာသင်စရိတ်၊ နေရာထိုင်ခင်းနှင့် နေထိုင်စားသောက်စရိတ်တို့ကို KDI School မှ ကျခံပေးမည်ဖြစ်ပါသည်။

၃။ သို့ဖြစ်ပါ၍ အောက်ဖော်ပြပါ Link ရှိ ပူးတွဲသတ်မှတ်ချက်များနှင့်ကိုက်ညီသည့် စိတ်ပါဝင်စားသူများသည် KDI School ၏ ညွှန်ကြားချက်များနှင့်အညီ Online မှတစ်ဆင့် အချိန်မီလျှောက်ထားနိုင်ပါကြောင်းနှင့် ဝန်ကြီးဌာနမှ Colombo Plan Secretariat သို့ အမည်စာရင်းနှင့် လျှောက်လွှာမိတ္တူပေးပို့ရန် ပါရှိပါ၍ လျှောက်ထားသူများ၏ အမည်၊ ရာထူး၊ ဌာနနှင့် သတ်မှတ်လျှောက်လွှာတို့အား နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်တွင်းပြည်ပဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဌာနခွဲ၊ အီးမေးလ် adminteam@dtve.org သို့ (၁-၁၀-၂၀၂၀) ရက်နေ့အရောက် ပေးပို့အကြောင်းကြားနိုင်ပါသည်။

koreanscholar(putwe)

သင်တန်းများ