ဒေသတွင်းဆောင်ရွက်ရမည့် နည်းပညာနှင့် သက်မွေးပညာရပ်များ ဖော်ထုတ်ခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်း

အကြောင်းအရာများ
အဖွဲ့(၁)    ဒေသတွင်းလုပ်ငန်းများတွင် လိုအပ်လျက်ရှိသည့် လက်တွေ့ကျွမ်းကျင်မှု (Hard Skill) လိုအပ်ချက်များ ဖော်ထုတ်နိုင်ရေး
အဖွဲ့(၂)    ဒေသမှ တောင်းဆိုမှု အများဆုံးဖြစ်သည့် သင်တန်းအမျိုးအစားတစ်မျိုး စတင် ဖွင့်လှစ်နိုင်ရေး
အဖွဲ့(၃)    ဖွင့်လှစ်မည့် သင်တန်းများကို ေရရှည်တည်တံ့ဖွံ့ဖြိုးနိုင်မည့် အစီအစဉ်များ ဖော်ထုတ် နိုင်ရေး
ပံ့ပိုးဆောင်ရွက်သူများ
၁။    ဒေါက်တာဇော်မင်းနိုင်
၂။     ဒေါက်တာသိန်းသိန်းအေး
၃။     ဦးဩဩကျော်
၄။     ဒေါ်စုစန္ဒာထွန်း
၅။    ဒေါ်လိှုင်လိှုင်သာ 
၆။    ဒေါ်သီသီရှိန်
အဖွဲ့လိုက်ဆွေးနွေးမှု ရလဒ်များ
အဖွဲ့ (၁) ဒေသတွင်းလုပ်ငန်းများတွင် လိုအပ်လျက်ရှိသည့် လက်တွေ့ကျွမ်းကျင်မှု (Hard Skill) လိုအပ်ချက်များ ဖော်ထုတ်နိုင်ရေး
 (၁) ခေတ်မီလယ်ယာနှင့် ဥယျာဉ်စိုက်ပျိုးရေးသင်တန်းများ 
(၂) ခေတ်မီဆား ထုတ်လုပ်နည်းနှင့်ခေတ်မီ ရေငံပုဇွန် သားဖောက်လုပ်ငန်းသင်တန်း၊     ငါးမွေးမြူရေးလုပ်ငန်း
    (၃) ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းခွင် ကျွမ်းကျင်လုပ်သား သင်တန်း


အဖွဲ့(၂) ဒေသမှ တောင်းဆိုမှု အများဆုံးဖြစ်သည့် သင်တန်းအမျိုးအစားတစ်မျိုး စတင်ဖွင့်လှစ်နိုင်ရေး
(၁) လယ်ယာသုံး စက်ပစ္စည်း ပြုပြင်မှုသင်တန်း
(၂) စိုက်ပျိုးရေး နည်းပညာသင်တန်း (စပါးအထွက်တိုး)
(၃) ဆိုင်ကယ် ပြုပြင်မှုသင်တန်း
(၄) Hotel Service Training 
ဦးစားပေးအစီအစဥ်အရ တောင်းဆိုမှု အများဆုံးဖြစ်သည့် လယ်ယာသုံး စက်ပစ္စည်း ပြုပြင်မှု သင်တန်းစတင်တွက််ဖွင့်လှစ်နိုင်ရေးအတွက်-
(က)    ဖွင့်လှစ်မည့်နေရာ- ဧရာဝတီတိုင်းဒေသကြီး ခရိုင်မြို့ကြီးတွေမှာ ကွင်းဆင်းပြီးတော့ ညီနောင် အသင်းများနှင့် ညှိနှိုင်းပြီး ခရိုင်မြို့တွေမှာ သင်တန်းဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။
(ခ)    ပူးပေါင်းဆောင်ရွက်မည့်အဖွဲ့အစည်များ- ARCCI၊ UMFCCI၊ စိုက်ပျိုးရေး မွေးမြူရေးဝန်ကြီးဌာန၊ ရေဆင်းတက္ကသိုလ်
(ဂ)    သင်တန်းနည်းပြ ရရှိနိုင်မှု- ရေဆင်းတက္ကသိုလ်၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း (စိုက်/မွေး)
(ဃ)    သင်တန်းသား (Target Group)- တောင်သူများနှင့် စိတ်ပါဝင်စားသူများ
(င)    သင်တန်းကာလ- ရက်တို

အဖွဲ့(၃) ဖွင့်လှစ်မည့် သင်တန်းများကို ေရရှည်တည်တံ့ဖွံ့ဖြိုးနိုင်မည့် အစီအစဉ်များ ဖော်ထုတ်နိုင်ရေး
ဒေသနှင့်ကိုက်ညီပြီး အရည်အသွေးကောင်းမွန်တဲ့ သင်တန်းသားများ ရေရှည် မွေးထုတ်ပေးရန် အတွက်- 
(က)     အဟန့်အတား၊ တွေ့ကြုံရမည့် အခက်အခဲ၊ စိန်ခေါ်မှုများမှာ-
(၁)    သင်တန်းများ စဥ်ဆက်မပြတ်ဖွင့်လှစ်နိုင်ရေးအတွက် အရည်အသွေးပြည့်မီသည့်  ကျွမ်းကျင်ဆရာများ၊ ရန်ပုံငွေ၊  ဘတ်ဂျက်လိုအပ်မှု၊ သင်တန်းသားစုစည်းရရှိနိုင်မှု စသည်တို့လိုအပ်ခြင်း။
(၂)    မိသားစုစားဝတ်နေရေးအခက်အခဲကြောင့် သင်တန်းများ လာရောက် သင်ယူနိုင် ခြင်း မရှိခြင်း 
(၃)    သင်တန်းပြီးဆုံး အောင်မြင်သူများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ရာ၌ Standardized Recaginization ဖြစ်ရန် လိုအပ်ခြင်း။
(၄)    အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် ချိတ်ဆက်ဆောင်ရွက်ပေးရန် လိုအပ်ခြင်း။

    (ခ)    ဖြေရှင်းပေးနိုင်မည့် နည်းလမ်းများမှာ-
(၁)    Funancial Support အတွက် အစိုးရအဖွဲ့အစည်းမှသာ မဟုတ်ဘဲ အခြားNGO/ INGO3 များမှ ရရှိရန် အကူအညီ တောင်းခံ ခြင်း။ အဲဒီအကူအညီ တောင်းခံမှုကို အစိုးရမှ လိုအပ်သလို စီစဉ်ဆောင်ရွက်ပေးခြင်း။
(၂)    ဒေသတွေမှာတက်ချင်တဲ့ ဆန္ဒရှိတဲ့သူတွေအတွက်  ရွေ့လျားသင်တန်း ဖွင့်ပေးခြင်း။
(၃)    သင်တန်းကျွမ်းကျင်မှုကို စစ်ဆေးရာတွင် သင်တန်းကျောင်းမှ သင်ကြားသူ ဆရာ၊မ များမှ စစ်ဆေးသည့်အပြင် အခြားကျွမ်းကျင်သူများ စစ်ဆေးပေးရန်။
(၄)    အလုပ်အကိုင် ချိတ်ဆက်ရရှိရန် အစိုးရ၊ ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်။
 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး၊ ဒေါ်ခိုင်ခိုင်နွယ်မှ နှီးနှောဖလှယ်ပွဲမှ ရရှိလာသောရလဒ်များ၊ တွေ့ရှိချက်များနှင့် အနာဂတ်အစီအစဉ်များ အား အနှစ်ချုပ်တင်ပြခြင်း

၁။    ပုဂ္ဂလိကဏ္ဍမှ လိုအပ်သော ကျွမ်းကျင်မှုတစ်ခုဖြစ်သည့် Skill များအား သေချာလေ့လာပြီးနောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အုပ်စု(၃)စုဖွဲ့၍ ဆွေးနွေးခြင်း အစီအစဥ်မှ အနှစ်ချုပ် ရလဒ်များအား တင်ပြလိုပါကြောင်း၊  TVET ကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍများကို ချိတ်ဆက်ပြီး လုပ်ကိုင် ဆောင်ရွက်နိုင်မည်ဆိုလျှင် မြန်မာနိုင်ငံ၏ လူမှုစီပွားရေးဖွံ့ဖြိုးနိုင်မည်ဟု ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး ဖွံ့ဖြိုးဖို့ရန် ဒေသခံများနှင့် ကိုက်ညီသော သင်တန်းများ ရှာဖွေသင်တန်းပို့ချရန် တိုက်တွန်းပါကြောင်းနှင့် အစိုးရဘက်မှလည်း ပူး ပေါင်းပါဝင်မည် ဖြစ်ပါကြောင်းအား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေးမှလည်း ပြောကြားခဲ့ပါကြောင်း၊ ယနေ့ကျင်းပသည့် နှီးနှောဖလှယ်ပွဲတွင် အစိုးရကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍအားလုံး တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်တာကို တွေ့မြင်ရပါကြောင်း ပြောကြား ပါသည်။
ပုဂ္ဂလိကလုပ်ငန်းရှင်များဘက်မှလည်း သင်တန်းများပေးနေသော်လည်း အကန့်အသတ်ရှိနေပါ သဖြင့် အစိုးရနှင့် ပူးပေါင်းလုပ်ကိုင်လျှင် ပိုမိုထိရောက်မည် ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၌ လည်း လူ့စွမ်းအားအရင်းအမြစ်နှင့်စပ်လျဥ်း၍ သင်တန်းကျောင်းများ ဖွင့်လှစ်ထားရှိသည်ကို တွေ့ရှိရ သော်လည်း အစိုးရနှင့့်ပူးပေါင်းဆောင်ရွက်မှသာ Public Private Partnership(PPP) ဖြစ်သည့်အတွက် ပိုမိုထိရောက်မည်ဟု ယုံကြည်ပါကြောင်း၊ Plenary Session ၌ စက်မှုဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန စသည့် ဝန်ကြီးဌာနအသီးသီးနှင့်  နည်းပညာစိုက်ပျိုးရေး တက္ကသိုလ်ရှိ ဆရာများမှ မိမိတို့၏ ဌာနအသီးသီးတွင် ယခုလက်ရှိ ဆောင်ရွက်လျက်ရှိသော သင်တန်းများအား ရှင်းပြခဲ့ပါကြောင်း၊ ကျွမ်းကျင်မှုအဆင့် NSSA နှင့် ပတ်သက်သော သင်တန်းများနှင့် Certificate ထုတ်ပေးမည့်ကိစ္စရပ်များကိုလည်းကောင်း တင်ပြခဲ့ပါ ကြောင်း ပြောကြားပါသည်။
    လူသားအရင်းအမြစ် တည်ဆောက်သော လုပ်ငန်းကော်မတီဝင်များ အနေဖြင့်  တိုင်းဒေသကြီး ဘက်မှ လိုအပ်သော အဓိကအကျဆုံး သင်တန်းကို ဖော်ဆောင်ရန် ရောက်လာခဲ့ခြင်းဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန အသီးသီးမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကိုလည်း  လုပ်ငန်းရှင်အသီးသီးမှ စိတ်ဝင်စားပါက ရှေ့ဆက်လက်၍ ချိတ်ဆက်ဆောင်ရွက်နိုင််ပါကြောင်း၊ အုပ်စုဖွဲ့ ဆွေးနွေးခြင်း အစီအစဥ်၌  လယ်ယာစိုက်ပျိုးရေးကဏ္ဍအား အဓိကထား တောင်းဆိုသည်ကို တွေ့ရှိရပါ ကြောင်း၊ စပါးအထွက်တိုးရေးကိုဖြစ်ပေါ်စေမည့် စိုက်ပျိုးရေးနည်းပညာသင်တန်းများကိုလည်း တောင်းဆို ပါကြောင်း၊  စိုက်ပျိုးရေးနည်းပညာသင်တန်းများဟု ဆိုရာ၌  မျိုးစေ့ ထုတ်လုပ်ခြင်းနည်းပညာ၊  စပါး သိုလှောင်ထိန်းသိမ်းသည့် နည်းပညာ၊ မြေဩဇာနှင့် ပိုးသတ်ဆေးအသုံးပြုခြင်း နည်းပညာစသည်ဖြင့် သင်တန်းအမျိုးအစားများစွာရှိခြင်းကြောင့် သင်တန်းများကို Prioties ရွေးချယ်ပြီး ARCCI မှ တာဝန်ရှိလူ ကြီးများနှင့် အသေးစိတ် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊  စိုက်ပျိုးရေး နည်းပညာ သင်တန်းများအပြင် လယ်ယာသုံးပစ္စည်း ပြုပြင်သော သင်တန်းများပါ တောင်းဆိုလာသည်ကို တွေ့ရသော ကြောင့် လယ်ယာသုံးစက်ကိရိယာပြုပြင်ထိန်းသိမ်းခြင်း သင်တန်းကိုလည်း ဖွင့်လှစ်နိုင်ရေး ဆောင်ရွက် ပေးမည် ဖြစ်ပါကြောင်း၊ ဟိုတယ် သင်တန်း၊ လယ်ယာလုပ်ငန်းတွင် လုပ်ကိုင်ဆောင်ရွက်နေသူများအတွက် ငွေကြေးကိုင်တွယ်စီမံမှု သင်တန်းစသည့် သင်တန်းများတောင်းဆိုမှုကို တွေ့ရှိရပါကြောင်း၊ တိုင်းဒေသကြီး အနေဖြင့် တိုင်းဒေသကြီး၏ လူမှုစီးပွားဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုမည့်  စိုက်ပျိုးရေးနည်းပညာ များ ဖွံ့ဖြိုးစေရေးကို  အဓိကထား၍ တောင်းဆိုဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါကြောင်း၊ မိမိတို့ အခြေခံလူသား အရင်းအမြစ် တည်ဆောက်ရေး လုပ်ငန်းကော်မတီအနေဖြင့်လည်း သင်တန်းများ အမြန်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းဖြင့် နှီးနှောဖလှယ်ပွဲမှ ရရှိလာသောရလဒ်များ၊ တွေ့ရှိချက်များနှင့် အနာဂတ်အစီအစဉ်များအား အနှစ်ချုပ်တင်ပြသွားပါသည်။