Share this

img.share-image

Yunnan Vocational College of Transportation (YVCT)က မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများသို့ ပေးအပ်မည့် ပညာသင်ဆုအား လျှောက်ထားနိုင်ကြောင်း အကြောင်းကြားခြင်း

နေပြည်တော် ဩဂုတ် (၂၄)

၁။      တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ အန်းနင်မြို့၊ Yunnan Vocational College of Transportation (YVCT)က မြန်မာကျောင်းသား/သူ (၅)ဦးကို (၄)နှစ်ကြာ ဒီပလိုမာသင်တန်းအတွက် ပညာသင်ဆုပေးအပ်မည်ဖြစ်ပါသည်။

၂။       အဆိုပါ ဒီပလိုမာ(၄)နှစ်သင်တန်း ပညာသင်ဆုရရှိသည့် မြန်မာကျောင်းသား/ကျောင်းသူ(၅)ဦး အား Navigation Technology၊ Automobiles Application and Maintenance Technology ၊ Electronic Commerce စသည့် အဓိကဘာသာရပ်(၃)ခုကို သင်ကြား‌ပေးမည်ဖြစ်ပါသည်။

၃။      ပညာသင်ဆုရရှိသည့်  မြန်မာကျောင်းသား/ကျောင်းသူ (၅)ဦးတို့အား ကျူရှင်စရိတ်နှင့်နေထိုင် စားသောက်စရိတ်တို့ကိုသာ အခမဲ့ပေးမည်ဖြစ်ပြီး ကျန်သည့်ကုန်ကျစရိတ်အဝဝ(လေယာဉ်စရိတ် အပါအဝင်)ကို ၎င်းကျောင်းသား/ကျောင်းသူများမှ ကျခံရမည်ဖြစ်ပါသည်။

၄။      နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ ကောလိပ်၊ သိပ္ပံများမှ အသက်(၁၈)နှစ်ပြည့်ပြီးသူ၊ AGTI သင်တန်းတက်ရောက်နေသူ (သို့မဟုတ်) သင်တန်းတက်ရောက် ပြီးစီးသူ စသည့်သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံသည့်  ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် စိတ်ပါဝင်စား၍ လျှောက်ထားလိုပါက နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီး ဌာနအောက်ရှိ ကောလိပ်၊ သိပ္ပံများသို့ ဆက်သွယ်၍လျှောက်ထားနိုင်ပါကြောင်း အကြောင်း ကြားပါသည်။

အသေးစိတ်အချက်အလက်များအား အောက်ဖော်ပြပါ links တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Yunnan Vocational College of Transportation

သင်တန်းများ