Share this

School of Industrial Training and Education (SITE) အတွက် သင်တန်းသားသစ် ခေါ်ယူခြင်း

ပညာရေးဝန်ကြီးဌာနအောက်ရှိ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် Sea Lion ကုမ္ပဏီနှင့် မိတ်ဖက် ဂျာမန်၊ သြစတြီးယား ကုမ္ပဏီများ ပူးပေါင်း၍ စက်မှုနည်းပညာလေ့ကျင့်ရေးသင်တန်းကျောင်း (SITE)တွင် ကာလတိုသင်တန်းများဖြစ်သည့် အောက်ဖော်ပြပါ သင်တန်းများအားဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ပါသည်-
ဖွင့်လှစ်သင်ကြားမည့် သင်တန်းများ
    (၁) Certificate in Industrial Technologies
    (၂) Certificate in Woodworking
    (၃) Advanced Certificate in Industrial Automation
    (၄) Advanced Certificate in CNC Production Technology
    (၅) Advanced Certificate in Water and Wastewater Management
လျှောက်ထားသူသည် အောက်ဖော်ပြပါ အရည်အချင်းများနှင့် ပြည့်စုံရမည် ဖြစ်ပါသည်-
အမှတ်စဉ်(၁)သင်တန်းအတွက် လျှောက်ထားသူသည် တက္ကသိုလ်ဝင်စာမေးပွဲတွင် သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ ဘာသာရပ်များ ပါဝင်သည့် မည်သည့်ဘာသာတွဲဖြင့်မဆို အောင်မြင်သူများ၊ အနိမ့်ဆုံးအဆင့် GTHS (ECT, ET, MT, AMT, RACT, IT, MPT) နှင့် ITC (Machine Tools Operator, Machinery Fitter, Tools & Die Maker, Mechanical Draftsman, Pattern Maker, Automobile Mechanic, Electrician, Electronics Mechanic, CAD/CAM, CNC Operator, Welder, Foundry Man) သင်တန်း တက်ရောက်အောင်မြင်သူများ လျှောက်ထားနိုင်သည်။
အမှတ်စဉ်(၂)သင်တန်းအတွက် လျှောက်ထားသူသည် တက္ကသိုလ်ဝင်စာမေးပွဲတွင် သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ ဘာသာရပ်များ ပါဝင်သည့် မည်သည့်ဘာသာတွဲဖြင့်မဆို အောင်မြင်သူများနှင့် GTHS(BT)သင်တန်း အောင်မြင်ပြီးသူများ လျှောက်ထားနိုင်သည်။
အမှတ်စဉ်(၃)သင်တန်းအတွက် လျှောက်ထားသူသည် အနိမ့်ဆုံးအဆင့် AGTI (EC,EP, Mechanical,IT, Mechatronics)အောင်လက်မှတ်ရရှိထားသူများနှင့် Certificate in Industrial Technologies သင်တန်းအောင်မြင်ပြီးသူများ လျှောက်ထားနိုင်သည်။
အမှတ်စဉ်(၄)သင်တန်းအတွက် လျှောက်ထားသူသည် ITC(Machine Tools Operator, Tool & Die Maker, CAD/CAM, CNC Operator) အနိမ့်ဆုံးအဆင့် AGTI(Mechatronics, Mechanical) အောင်လက်မှတ်ရရှိထားသူများ၊ Certificate in Industrial Technologies နှင့် Advanced Certificate in Industrial Automation သင်တန်းအောင်မြင်ပြီးသူများ လျှောက်ထားနိုင်သည်။
အမှတ်စဉ်(၅)သင်တန်းအတွက် လျှောက်ထားသူသည် အနိမ့်ဆုံးအဆင့် AGTI(Civil, Mechatronics, EC, Mechanical) အောင်လက်မှတ်ရရှိထားသူများ၊ Advanced Certificate in Indurstrial Automation သင်တန်းအောင်မြင်ပြီးသူများ လျှောက်ထားနိုင်သည်။
၆။    သင်တန်းအားလုံးအတွက် လျှောက်ထားသူများသည် နည်းပညာနှင့် သက်မွေးလုပ်ငန်းသဘောနှင့် လိုက်လျောညီထွေဖြစ်ရမည့်အပြင် ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး လက်တွေ့လုပ်ငန်းနှင့် စက်ရုံ/ကုမ္ပဏီများသို့ ကွင်းဆင်းဆောင်ရွက်နိုင်သူဖြစ်ရမည်။ ပဏာမ ရွေးချယ်ခံရသူများ Interview ဖြေဆိုရမည်ဖြစ်သည်။ သင်တန်းကာလ(၄)လ တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းပြီးဆုံးကြောင်း အသိအမှတ်ပြုအောင်လက်မှတ် (Certificate) ရရှိမည် ဖြစ်ပါသည်။ Certificate in Industrial Technologies, Advanced Certificate in Industrial Automation, Advanced Certificate in Water and Wastewater Management သင်တန်းအတွက် ဂျာမန် FESTO Company မှ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ပါရှိရမည်ဖြစ်ပါသည်။
၇။    လျှောက်ထားသူများသည် လျှောက်လွှာနှင့်အတူ သက်ဆိုင်ရာ အောင်လက်မှတ်မိတ္တူ၊ အမှတ်စာရင်းမိတ္တူ၊ ကျောင်းသား၏ မှတ်ပုံတင်မိတ္တူတို့အား ပူးတွဲလျှောက်ထားရမည်ဖြစ်ပြီး လျှောက်ထားသည့်အချိန်တွင် သက်ဆိုင်ရာအောင်လက်မှတ်မူရင်း၊ အမှတ်စာရင်းမူရင်း၊ ကျောင်းသား၏ မှတ်ပုံတင်မူရင်းတို့အား တစ်ပါတည်း တင်ပြနိုင်ရမည်။ မှတ်ပုံတင်မရှိပါက(၃)လအတွင်း ပြုလုပ်ထားသော ရပ်ကွက်၊ ရဲစခန်းထောက်ခံစာမူရင်းနှင့်တကွ ပူးတွဲလျှောက်ထားနိုင်ပါသည်။
၈။    သင်တန်းဖွင့်လှစ်မည့်ရက    ်    ။    ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ(၃)ရက်
    သင်တန်းဖွင့်လှစ်မည့်နေရာ    ။    စက်မှုနည်းပညာလေ့ကျင့်ရေးသင်တန်းကျောင်း(SITE)
                    နတ်မောက်လမ်းသွယ်(၁)၊ ဗိုလ်ချို(၂)ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
    ဆက်သွယ်စုံစမ်းရန်ဖုန်း        ။    ၀၁-၅၅၆၆၂၅၊ ၀၁-၅၅၇၃၇၂၊ ၀၉-၂၅၅၅၆၁၁၉၁
၉။    လျှောက်လွှာများကို (၁၅-၁၀-၂၀၁၈)ရက်နေ့မှ (၃၁-၁၀-၂၀၁၈) ရက်နေ့အထိ ရုံးဖွင့်ရက်များတွင် နံနက်(၉:၃၀)နာရီမှ ညနေ(၄:၀၀)နာရီအတွင်း ရယူလျှောက်ထားနိုင်ပြီး (၃၁-၁၀-၂၀၁၈)ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ပါသည်။
                        နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန