Share this

၂၀၁၉-၂၀၂၀ ခု၊ ပညာသင်နှစ်၊ အစိုးရနည်းပညာအထက်တန်းကျောင်းများအတွက် သင်တန်းသားသစ်များ ခေါ်ယူခြင်း

၁။    ပညာရေးဝန်ကြီးဌာနအောက်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်းများ (ပူတာအို၊ မြစ်ကြီးနား၊ ဗန်းမော်၊ လွိုင်ကော်၊ ဘားအံ၊ မင်းတပ်၊ တီးတိန်၊ မော်လမြိုင်၊ စစ်တွေ၊ လားရှိုး၊ တောင်ကြီး၊ ပင်လုံ၊ ကျိုင်းတုံ၊ ပင်းပက်၊ ရွာမ၊ လက်ခုပ်ကုန်း၊ ကျောက်ဆည်၊ မိတ္ထီလာ၊ မြင်းခြံ၊ မန္တလေး၊ နေပြည်တော်၊ ခန္တီး၊ ကလေး၊ မုံရွာ၊ ချောင်းဦး၊ ပခုက္ကူ၊ မကွေး၊ ပြည်၊ တောင်ငူ၊ ပုသိမ်၊ ဟင်္သာတ၊ မအူပင်၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း) စုစုပေါင်း(၃၅)ကျောင်းတို့တွင် သင်တန်းသားသစ်များခေါ်ယူမည်ဖြစ်ပါသည်။
၂။    လျှောက်ထားသူသည်-
        (က)    အခြေခံပညာအလယ်တန်း (အဋ္ဌမတန်း) အောင်မြင်သူဖြစ်ရမည်။
        (ခ)     နည်းပညာနှင့် သက်မွေးပညာလုပ်ငန်းသဘာဝအရ ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး လက်တွေ့လုပ်ငန်းနှင့် စက်ရုံ/ ကုမ္ပဏီများသို့ ကွင်းဆင်းဆောင်ရွက်နိုင်သူဖြစ်ရမည်။
၃။    (၂)နှစ်သင်တန်းတွင် ထူးချွန်စွာအောင်မြင်ပါက A.G.T.I ပထမနှစ်သင်တန်းသို့ သက်ဆိုင်ရာ အစိုးရ စက်မှုလက်မှုသိပ္ပံများ၏ ဝင်ခွင့်ရွေးချယ်ရေးမူများအတိုင်း လျှောက်ထားနိုင်မည်ဖြစ်ပါသည်။ 
၄။    အစိုးရနည်းပညာအထက်တန်းကျောင်း ဒုတိယနှစ်သင်တန်းကို အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည် ဖြစ်စေ တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးကို ဝင်ရောက်ဖြေဆိုလိုပါက ပြင်ပဖြေအနေဖြင့် ဝင်ရောက်ဖြေဆိုခွင့်ရရှိမည်ဖြစ်သည်။
၅။    အစိုးရနည်းပညာအထက်တန်းကျောင်းများသို့ တက်ရောက်ခွင့်ရရှိသော ကျောင်းသား၊ ကျောင်းသူ များအနေဖြင့် ပညာသင်ထောက်ပံ့ကြေး လျှောက်ထားလာပါက တစ်ဦးလျှင် တစ်လ(၃၀၀၀၀ိ/-) နှုန်းဖြင့် သင်တန်းတက်သည့် ကာလများအတွင်း ထောက်ပံ့ကြေး ပေးအပ်မည့်အစီအစဉ်ရှိပါသည်။
ဖွင့်လှစ်မည့် သင်တန်းများ
၆။    အောက်ပါသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးပါမည်-
        (က)    အဆောက်အဦနည်းပညာသင်တန်း (Building Technology)
        (ခ)    အီလက်ထရောနစ်နည်းပညာသင်တန်း (Electronics Technology)
        (ဂ)    လျှပ်စစ်နည်းပညာသင်တန်း (Electrical Technology)
        (ဃ)    မော်တော်ယာဉ်နည်းပညာသင်တန်း (Auto Mechanics Technology)
        (င)    စက်ပစ္စည်းအစိတ်အပိုင်းများထုတ်လုပ်ခြင်းနည်းပညာသင်တန်း (Machining Technology)
        (စ)    ရေခဲသေတ္တာနှင့် လေအေးပေးစက်နည်းပညာသင်တန်း (Refrigeration and Air Conditioning Technology)
       (ဆ)    သတ္တုပစ္စည်းထုတ်လုပ်မှုနည်းပညာသင်တန်း (Metal Process Technology)
       (ဇ)    သုတနည်းပညာသင်တန်း (Information Technology)
၇။    ကျောင်းဝင်ခွင့်လျှောက်လွှာများကို မိမိတို့လျှောက်ထားလိုသည့် အစိုးရနည်းပညာအထက်တန်း ကျောင်းများတွင် (၂-၅-၂၀၁၉) ရက်နေ့မှ  စတင်ထုတ်ယူနိုင်သည်။ လျှောက်လွှာများကို (၁၆-၅-၂၀၁၉) ရက်နေ့ နောက်ဆုံးထား၍ မိမိတို့တက်ရောက်လိုသည့် အစိုးရနည်းပညာအထက်တန်းကျောင်းသို့ လျှောက်လွှာတင်သွင်းရမည်ဖြစ်သည်။
၈။    အသေးစိတ်သိရှိလိုပါက မိမိလျှောက်လွှာရယူသော အစိုးရနည်းပညာအထက်တန်းကျောင်းများတွင် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

                                                                                                                                      နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန