Share this

img.share-image

၂၀၁၇-၂၀၁၈ခု၊ ပညာသင်နှစ် A.G.T.I ဒီပလိုမာအောင်လက်မှတ်ပေးအပ်မည့်အခမ်းအနားအတွက် ကြေညာချက်

၁။    အစိုးရနည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံများ၏ A.G.T.I ဒီပလိုမာ ပေးအပ်မည့် အခမ်းအနားကို အောက်ပါအစီအစဥ်အတိုင်း သက်ဆိုင်ရာ အစိုးရနည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံများ၏ ခန်းမများတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်-
    အကြိုလေ့ကျင့်ခြင်း          -( ၉ -၂ -၂၀၁၉)ရက် ( စနေနေ့ )          နံနက် ၉း၀၀ နာရီ
    အခမ်းအနားကျင်းပခြင်း   -( ၁၀ -၂ -၂၀၁၉)ရက် ( တနင်္ဂနွေနေ့ )   နံနက် ၉း၀၀ နာရီ
၂။    A.G.T.I ဒီပလိုမာ ပေးအပ်မည့်  အခမ်းအနားသို့  အောက်ဖော်ပြပါ  စာမေးပွဲအောင်မြင်သူများ တက်ရောက် ယူနိုင်သည်-
    နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန လက်အောက်ရှိ   အစိုးရနည်းပညာကောလိပ်(မိုးညှင်း၊ မြင်းခြံ၊ ရွှေဘို)၊  အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ပန်းတောင်း၊ ကျောက်ဆည်၊ ရေနံချောင်း၊ ချောက်၊ သရက်၊ ဝါးခယ်မ၊ ပူတာအို၊ ခန္တီး၊ ဟားခါး၊ ဂန့်ဂေါ၊ သံတွဲ၊ ကန့်ဘလူ၊ မကွေး၊ မော်လမြိုင်၊ လက်ပံတန်း၊ ကျောက်ဖြူ၊ ရွှေပြည်သာ၊ မန္တလေး၊ လပွတ္တာ)တို့တွင်  ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလတွင်  ထုတ်ပြန်ခဲ့သော A.G.T.I(တတိယနှစ်) စာမေးပွဲအောင်မြင်ပြီးသူများ။
၃။    အခမ်းအနားကြေးအား အောက်ဖော်ပြပါအတိုင်း သတ်မှတ်ထားပါသည်-
    (က)    တက်ရောက်          - ၁၅၀၀ိ/-(ကျပ်တစ်ထောင်ငါးရာတိတိ)
    (ခ)     အဝေးရောက်         - ၁၀၀၀ိ/-(ကျပ်တစ်ထောင်တိတိ) 
၄။    အခမ်းအနားအတွက် (၆)လအတွင်း ရိုက်ကူးထားသော (တစ်လက်မခွဲxနှစ်လက်မ) အရွယ်ဓါတ်ပုံ နှင့်အတူ လျှောက်လွှာတင်ရမည်ဖြစ်သည်။
၅။    လျှောက်လွှာပုံစံများကို  (၂ -၁ -၂၀၁၉ )  ရက်နေ့မှစ၍   မိမိတို့စာမေးပွဲအောင်မြင်ခဲ့သော    အစိုးရနည်းပညာ ကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံများရှိ ကျောင်းသားရေးရာဌာနများမှ ဝယ်ယူ၍ ပြည့်စုံစွာ ဖြည့်စွက်ပြီး (၂၅ - ၁ -၂၀၁၉) နောက်ဆုံးထားပြီး လျှောက်ထားရမည်။
၆။    အခမ်းအနားသို့ တက်ရောက်မည့်သူများသည် အကြိုလေ့ကျင့်ခြင်းနှင့် အခမ်းအနားကျင်းပခြင်းတွင် မြန်မာဝတ်စုံ၊ တိုင်းရင်းသားဝတ်စုံ၊ အနောက်တိုင်း(အမျိုးသား)ဝတ်စုံတို့ကို အပြည့်အစုံဝတ်ဆင်၍ တက်ရောက်နိုင်သည်။ 
၇။    အခမ်းအနားသို့ တက်ရောက်မည်(သို့မဟုတ်) အဝေးရောက်ယူမည်ကို တိကျစွာဖော်ပြရမည်။ 

မှတ်ချက်။    အသေးစိတ်အချက်အလက်များ စုံစမ်းသိရှိလိုပါက သက်ဆိုင်ရာ အစိုးရနည်းပညာကောလိပ်၊ အစိုးရ စက်မှုလက်မှုသိပ္ပံများရှိ ကျောင်းသားရေးရာဌာနများတွင် စုံစမ်းနိုင်ပါသည်။
                            
                                                                                                နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန