Share this

အလုပ်လျှောက်လွှာခေါ်ယူခြင်း

၁။ ပညာရေးဝန်ကီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ သက်မွေးသင်တန်းများ ဖွင့်လှစ်မည့်ကျောင်းများ၌  လစ်လပ်လျက်ရှိသော အောက်ဖော်ြပပါ ရာထူးနေရာများတွင် သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်သည်- 

စဉ်   ရာထူး၊ လစာန်း     ပညာအရည်အချင်း   ခန့်အပ်မည့် ဦးရေ
(က)  နည်းပြ (၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ)   Bachelor of Business Management(BBM)၊ Bachelor of Tourism and Hospitality Management(BTHM)၊BA(Tourism)ဘွဲ့ရ၊ ဘွဲ့တစ်ခုခုရရှိပြီး ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းဆိုင်ရာပညာရပ်တွင် ဒီပလိုမာ(သို့)သင်တန်းဆင်းလက်မှတ်တစ်ခုခု ရရှိပြီးသူ (၂၆)ဦး


၂။ လျှောက်ထားသူသည်-  
(က) ပြည်ထောင်စုသမတမြန်မာနိုင်ငံသားဖြစ်ရမည်။
(ခ) ၃၁-၅-၂၀၁၉ ရက်နေ့တွင် (ပြင်ပပုဂ္ဂိုလ်ဖြစ်ပါက အသက်(၃၀)နှစ်၊ ဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ်)ထက် မကျော်လွန်သူဖြစ်ရမည်။  
(ဂ) ရွေးချယ်ခံရပါက အနည်းဆုံး(၃)နှစ် တစ်ဆက်တည်း တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။ ကမ်းကျင်မဆိုင်ရာသင်တန်းများ တက်ရောက်နိုင်သူဖြစ်ရမည်။ 
(ဃ) နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနေအာက်ရှိ ကျောင်းများနှင့် ဌာနများတွင် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။  
(င) အကျင့်စာရိတကောင်းမွန်သူ ဖြစ်ရမည်။  
၃။ လျှောက်ထားသူသည် အောက်ဖော်ပြပါ စာရက်စာတမ်းများ ပူးတွဲလျက် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနေအောက်ရှိ နီးစပ်ရာ ကောလိပ်၊ သိပ္ပံ၊ ကျောင်းနှင့် ဌာနများထဲမှ မည်သည့်ကျောင်းတွင်မဆို လျှောက်လွှာများထုတ်ယူပီး (၃၀-၅-၂၀၁၉)ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ပါသည်- 
(က) ဘွဲလက်မှတ်မိတ။ 
(ခ) (၆)လအတွင်းရိုက်ထားသော ပတ်စပိုဓာတ်ပုံ(၃)ပုံ၊ သက်သေအထောက်အထားအတွက် တကသိုလ်ဝင်တန်းအောင်လက်မှတ် မိတ၊ မှတ်ပုံတင် မိတ။  
(ဂ) ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအဖွဲအစည်းအကီးအမှူး၏ ခွင့်ပြုချက်နှင့် ဝန်ထမ်း မဟုတ်သူများအတွက် (၁)နှစ်အတွင်း ပြုလုပ်ထားသော သက်တမ်းရှိ အလုပ်သမား မှတ်ပုံတင် မိတ။ 
(ဃ) (၁)လအတွင်းပြုလုပ်ထားေသာ ကျန်းမာရေး ကောင်းမွန်ကြောင်းဆေးထောက်ခံစာ။ 
(င) လျှောက်လွှာပိတ်ရက်မတိုင်မီ (၆)လအတွင်း ရရှိထားသည့်  ပြစ်မကင်းရှင်းကြောင်း ရဲစခန်းထောက်ခံချက်မူရင်း။ 
၄။ သတ်မှတ်ချက်ကိုက်ညီသူများအား ရေးဖြေစာမေးပွဲကို အမှတ်(၁၂၃)၊ နတ်မောက်လမ်း၊ ရန်ကုန်မြို့ရှိ စင်ကာပူ-မြန်မာသက်မွေးပညာသင်တန်းကျောင်း(SMVTI)တွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ရေးဖြေစာမေးပွဲအောင်မြင်သူများကိုသာ လူတွေ့စစ်ဆေးခြင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၅။ လူတွေ့စစ်ဆေးချိန်တွင် (ဘွဲလက်မှတ်၊ နိုင်ငံသားစိစစ်ရေးကဒ်၊ တကသိုလ်ဝင်တန်းအောင်လက်မှတ်၊ အလုပ်သမားမှတ်ပုံတင်) မူရင်းများ တင်ပြနိုင်ရမည်။  
၆။ ရေးဖြေအောင်မြင်သူစာရင်းနှင့် လူတွေ့အောင်မြင်သူစာရင်းများအား  www.tvetmyanmar.gov.mm/my/news-events/announcements နှင့် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်‌ရေးဦးစီးဌာနေအာက်ရှိ အစိုးရနည်းပညာကောလိပ်၊ သိပ္ပံ၊ ကျောင်းနှင့်ဌာနများတွင် ကြေညာသွားမည် ဖြစ်ပါသည်။
၇။ လျှောက်လွှာနှင့် စပ်လျဉ်း၍ စာရွက်စာတမ်းများ မပြည့်စုံလျှင်သော်လည်းကောင်း၊ သတ်မှတ်ထားသောရက်ထက် နောက်ကျရောက်ရှိလျှင်သော်လည်းကောင်း လျှောက်လွှာများကို လက်ခံစဉ်းစား မည် မဟုတ်ပါ။ 
၈။ ရေးဖြေစာမေးပွဲစစ်ဆေးမအား အောက်ဖော်ပြပါအတိုင်း ကျင်းပသွားမည် ဖြစ်ပါသည်- 

စဉ် ဖြေဆိုရမည့်ဘာသာရပ်  နေ့ရက် အချိန် 
၁။ သက်ဆိုင်ရာဘာသာရပ်  ၁၅-၆-၂၀၁၉ (စနေနေ့)  နံနက်၁၀:၀၀နာရီမှ ၁၂:၀၀နာရီ အထိ 
၂။ အဂလိပ်စာ  ၁၅-၆-၂၀၁၉ (စနေနေ့)  မွန်းလွဲ ၀၁:၀၀နာရီ မှ ၀၃:၀၀နာရီ အထိ 

မှတ်ချက်။ အသေးစိတ် အချက်အလက်များအား  သိရှိလိုပါက နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ (ဖုန်းနံပါတ်-၀၆၇-၄၀၄၀၁၉)သို ဆက်သွယ်စုံစမ်းနိုင်ပါသည်။ 
 
နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန