Share this

အစိုးရနည်းပညာအထက်တန်းကျောင်း (လှိုင်သာယာ) တွင် ဖွင့်လှစ်မည့် Food & Beverages Vocational Training (F&BVT) အပတ်စဉ်(၁)အတွက် သင်တန်းသားများခေါ်ယူခြင်း

ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် မေတ္တာအလင်းအသင်း (Myitta-A-Lin Association)၊ Korea International Cooperation Agency (KOICA) နှင့် ကိုရီးယားအခြေစိုက် WITH အဖွဲ့အစည်းတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် စားသောက်ကုန်ထုတ်လုပ်ခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ သက်မွေးပညာသင်တန်းကျောင်း အမှတ်စဉ်(၁)ကို အောက်ဖော်ပြပါအစီအစဉ်အတိုင်း ဖွင့်လှစ်ပါမည်။
(၁) သင်တန်းဖွင့်လှစ်မည့်ရက် - ၂၀၁၈ ခုနှစ် အောက်တိုဘာလ(၂၉)ရက်
(၂) သင်တန်းဖွင့်လှစ်မည့်နေရာ - အစိုးရနည်းပညာအထက်တန်းကျောင်း(လှိုင်သာယာ)၊ ဗိုလ်အောင်ကျော်လမ်း (မီးခွက်စျေးအနီး၊ မီးခွက်စျေးမှတ်တိုင်၌ ဆင်းရပါမည်)
(၃) ပို့ချမည့်သင်တန်းများ
•    ပေါင်မုန့်နှင့် ကိတ်မုန့်ဖုတ်သင်တန်း (Baking & Confectionery Course) - သင်တန်းသား (၂၀)ဦး၊
•    အနောက်တိုင်းနှင့် အရှေ့တိုင်းအစားအစာ အချက်အပြုတ်သင်တန်း (Food Service & Culinary Course) - သင်တန်းသား(၂၀)ဦး၊
•    ကော်ဖီနှင့်ဖျော်ရည်သင်တန်း (Beverage Course)- သင်တန်းသား(၂၀)ဦး၊
(၄) သင်ကြားမည့်ကာလ (စုစုပေါင်း(၁၆)ပတ်)
၂၉.၈.၂၀၁၈ ရက်နေ့မှ ၂၅.၁.၂၀၁၉ ရက်နေ့အထိ (၁၂ ပတ်) ------ စာတွေ့နှင့်လက်တွေ့သင်ကြားခြင်း
၂၈.၁.၂၀၁၉ ရက်နေ့မှ ၂၂.၂.၂၀၁၉ ရက်နေ့အထိ (၄ ပတ်)------ လုပ်ငန်းခွင်လက်တွေ့ဆင်းခြင်း
(၅) သင်တန်းသားသင်တန်းသူတို့၏ လိုအပ်ချက်များ
(က) အခြေခံပညာအလယ်တန်း(အဋ္ဌမတန်း) အောင်မြင်ထားပြီး အခြေခံအင်္ဂလိပ်စာ နားလည်သူ ဖြစ်ရပါမည်။
(ခ) အကျင့်စာရိတ္တကောင်းမွန်ပြီး လုပ်ငန်းခွင်နှင့် သင့်တော်သော ကျန်းမာရေးရှိရပါမည်။
(ဂ) သင်တန်းတက်ရောက်ခွင့်ရသောနေ့တွင် အသက်(၁၅)နှစ်ပြည့်ပြီး အသက်(၂၀)နှစ်ထက် မကြီးသူဖြစ်ရပါမည်။
(၆) ထောက်ပံ့မည့် အစီအစဉ်များ
    သင်တန်းများသည် အခမဲ့သင်တန်းများဖြစ်သည့်အပြင် အောက်ဖော်ပြပါအချက်များကိုလည်း ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။
•    သင်ထောက်ကူပစ္စည်းများထောက်ပံ့ခြင်း
•    သင်တန်းတက်ရောက်နေသည့် ကာလအတွင့း လစဉ်လမ်းစရိတ် (၃၀၀၀၀) ထောက်ပံ့ခြင်းနှင့် နေ့လည်စာကျွေးခြင်း
•    သင်တန်းဝတ်စုံနှင့်လက်တွေ့ခန်းဝတ်စုံ ထောက်ပံ့ပေးခြင်း (အနက်ရောင် ဘောင်းဘီရှည်ကို သင်တန်းသားမှ ကိုယ်တိုင်ဝယ်ယူ ဝတ်ဆင်ရပါမည်။)
•    ထူးချွန်ကျောင်းသားကျောင်းသူများကို သင်တန်းပို့ချသည့် ကာလပြီးဆုံးသွားလျှင် အလုပ်အကိုင် မိတ်ဆက်ပေးခြင်း
(၇) သင်တန်းဆင်းလက်မှတ်
    သတ်မှတ်ကျောင်းခေါ်ချိန် ပြည့်မီ၍ စာမေးပွဲအောင်မြင်ပြီး လုပ်ငန်းခွင်လက်တွေ့သင်တန်းပြီးမြောက်သူများသည် သင်တန်းပြီးဆုံးကြောင်း အသိအမှတ်ပြု (certificate) ရရှိမည် ဖြစ်ပါသည်။
(၈) လျှောက်လွှာတင်ရန်-
လိုအပ်သော စာရွက်စာတမ်းများ -     (၁) ဝင်ခွင့်လျှောက်လွှာ၊ (၂) နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ (၃) ပတ်စ်ပို့ ဓါတ်ပုံတစ်ပုံ၊ (၄) ပညာအရည်အချင်းအတွက် ထောက်ခံချက်၊ (၅) ပြစ်မှုကင်းရှင်းကြောင်းထောက်ခံချက်။
        ဝင်ခွင့်လျှောက်လွှာကို အစိုးရနည်းပညာအထက်တန်းကျောင်း(ရွာမ)ရုံးခန်းနှင့် WITH-မေတ္တာအလင်းအသင်းရုံးခန်းတို့တွင် ရယူနိုင်ပြီး Facebook Page: F&BVT မှလည်း download ရယူနိုင်ပါသည်။ အောက်ပါလင့်ခ်တွင်လည်း download ရယူနိုင်ပါသည်။

 
ဝင်ခွင့်လျှောက်လွှာ (Application Form)
    လျှောက်လွှာများကို (၂၀-၉-၂၀၁၈) ရက်နေ့မှ (၁၉-၁၀-၂၀၁၈) ရက်နေ့အထိ နံနက် (၉)နာရီမှ ညနေ (၄)နာရီအတွင်း အစိုးရနည်းပညာအထက်တန်းကျောင်း(ရွာမ)ရုံးခန်းသို့ ပြန်လည်လျှောက်ထားရမည် ဖြစ်ပါသည်။(အစိုးရရုံးပိတ်ရက်များပိတ်မည်ဖြစ်ပါသည်။)
(၉) လူတွေ့မေးမြန်းခြင်း
(က) သတ်မှတ်ထားသည့် အရည်အချင်းပြည့်မီသော လျှောက်ထားသူများသည် လူတွေ့မေးမြန်းခြင်း (Interview) ဖြေဆိုရပါမည်။
(ခ) လူတွေ့မေးမြန်း၍ ဖြေဆိုအောင်မြင်သူများသည် ကျန်းမာရေးဆေးစစ်ချက် ဆက်လက်ခံယူပြီး ရောဂါကင်းရှင်းသူဖြစ်မှသာ ဝင်ခွင့်ရမည်ဖြစ်သည်။
(၁၀) ဆက်သွယ်ရန်
    အသေးစိတ်အချက်အလက်များသိရှိလိုပါက အစိုးရနည်းပညာအထက်တန်းကျောင်း(ရွာမ) ဖုန်း(၀၁၃-၆၄၁၆၉၆)၊ နှင့် WITH-မေတ္တာအလင်းအသင်း ဖုန်း ၀၉-၇၈၉၂၃၉၈၈၆၊ ၀၉-၄၅၈၆၃၁၀၆၃ တို့ကို ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
လိပ်စာ။ အစိုးရနည်းပညာအထက်တန်းကျောင်း(ရွာမ)၊ ပြည်တော်သာ၊ ဘုရင့်နောင်လမ်းမကြီး၊ အင်းစိန်မြို့နယ်။
            WITH-မေတ္တာအလင်းအသင်း၊ အမှတ်(၅၉၂) ဓမ္မာရုံလမ်း၊ ရွာမအရှေ့ရပ်ကွက်၊ အင်းစိန်မြို့နယ်။