Share this

ရတနာဂဟေဆက်နည်းပညာသင်တန်းကျောင်း(အောင်ဆန်း)တွင် ဂဟေဆက်သင်တန်းအမှတ်စဉ်(၈)အတွက် သင်တန်းသားများ ခေါ်ယူခြင်း

၁။    ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် တိုတယ်မြန်မာ ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း(ရတနာစီမံကိန်း)တို့ ပူးပေါင်း၍ ဂဟေဆက်သင်တန်းအမှတ်စဉ်(၈)အား အောက်ဖော်ပြပါအစီအစဉ်အတိုင်း ဖွင့်လှစ်ပါမည်-
    သင်တန်းဖွင့်မည့်ရက်        -    ၂၀၁၈ခုနှစ်၊ သြဂုတ်လ(၂၀)ရက်
    သင်တန်းဖွင့်လှစ်မည့်နေရာ    -    ရတနာဂဟေဆက်နည်းပညာသင်တန်းကျောင်း(အောင်ဆန်း)
                    (ယခင်စက်ပစ္စည်းပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းပညာသင်ကျောင်း(အောင်ဆန်း)၊ ကျောင်းဂိတ်မှတ်တိုင်အနီး)၊ အောက်မင်္ဂလာဒုံလမ်းမကြီး၊ စဉ့်ငူရပ်ကွက်၊ အင်းစိန်မြို့နယ်
                    ဖုန်း-၀၉-၇၇၇၃၈၇၃၆၉၊ ၀၉-၄၂၆၁၄၉၆၁၉
    သင်တန်းကာလ        -    ရက်သတ္တပတ်(၁၂)ပတ်
၂။    သင်တန်းအမှတ်စဉ်(၈)တွင် သင်တန်းသား ၁၅ဦး လက်ခံသင်ကြားပေးပါမည်။
၃။    လျှောက်ထားသူသည်-
    (က)    အခြေခံပညာအလယ်တန်းအောင်မြင်ထားပြီး အခြေခံအင်္ဂလိပ်စာနားလည်သူ ဖြစ်ရမည်။
    (ခ)    အကျင့်စာရိတ္တကောင်းမွန်ပြီး လုပ်ငန်းခွင့်နှင့် သင့်တော်သော ကျန်းမာရေးရှိရပါမည်။
    (ဂ)    သင်တန်းတက်ခွင့်ရသောနေ့တွင် အသက် ၁၈ နှစ်ပြည့်ပြီး အသက် ၃၅ နှစ်ထက် မကြီးသူဖြစ်ရပါမည်။
၄။    လုပ်ငန်းခွင်ကျွမ်းကျင်သောသူများ မွေးထုတ်ပေးနိုင်ရေးအတွက် စာတွေ့၊လက်တွေ့ သင်ကြားပို့ချပေးမည် ဖြစ်ပါသည်။ သင်တန်းစာမေးပွဲအောင်မြင်သူများမှာ အသိအမှတ်ပြုအောင်လက်မှတ်ရရှိမည် ဖြစ်ပါသည်။
၅။    ရတနာဂဟေဆက်နည်းပညာသင်တန်းကျောင်းသို့ တက်ရောက်ခွင့်ရသူများသည် သင်တန်းကြေးအခမဲ့ဖြစ်ပြီး အသိအမှတ်ပြုအောင်လက်မှတ်ရ ထူးချွန်သောကျောင်းသားများကို လက်တွေ့လုပ်ငန်းခွင်(၄)လမှ (၆)လအထိ တက်နိုင်ရန် ကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးပါမည်။ လက်တွေ့လုပ်ငန်းခွင်သင်တန်းတက်ရောက်ခွင့်ရပါက ရတနာစီမံကိန်းမှ သင်တန်းကာလတလျှောက် သင့်လျော်သောထောက်ပံ့ကြေးပေးမည် ဖြစ်ပါသည်။
၆။    သင်တန်းသားအတွက်လိုအပ်သော လုပ်ငန်းခွင်ဘေးအန္တရာယ်ကာကွယ်ရေးဝတ်စုံ (Personal Protective Equipment)အတွက် ကုန်ကျစရိတ်ကို သင်တန်းသားမှ ကိုယ်တိုင်ကျခံရပါမည်။
၇။    သင်တန်းလျှောက်လွှာများကို ရတနာဂဟေဆက် နည်းပညာသင်တန်းကျောင်း(အောင်ဆန်း)တွင် ၂၃-၇-၂၀၁၈ ရက်မှ စတင်၍ နံနက် ၉:၃၀ မှ ညနေ ၄:၀၀ နာရီအတွင်း ထုတ်ယူနိုင်ပြီး လျှောက်လွှာများအား ပတ်စ်ပို့ဆိုဒ်ရောင်စုံဓါတ်ပုံ ၂ပုံ၊ နိုင်ငံသားစိစစ်ရေးကဒ်မိတ္တူ၊ မွေးသက္ကရာဇ်နှင့် ပညာအရည်အချင်းအတွက် ထောက်ခံချက်၊ ပြစ်မှုကင်းရှင်းကြောင်းထောက်ခံချက်တို့နှင့်အတူ အဆိုပါ သင်တန်းကျောင်းတါင ၁၀-၈-၂၀၁၈ ရက် နောက်ဆုံးထားပြီး ပြန်လည်လျှောက်ထားနိုင်ပါသည်။
၈။    အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ရတနာဂဟေဆက်နည်းပညာသင်တန်းကျောင်း(အောင်ဆန်း) ဖုန်း-၀၉-၇၇၇၃၈၇၃၆၉၊ ၀၉-၄၂၆၁၄၉၆၁၉ သို့ ရုံးချိန်အတွင်း  နံနက် ၉:၃၀ မှ ညနေ ၄:၀၀ နာရီအတွင်း စုံစမ်းနိုင်ပါသည်။