Share this

img.share-image

နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဉီးစီးဌာနမှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

                                                     နေပြည်တော် အောက်တိုဘာ ၈ ရက်

(၁) နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ အစိုးရနည်းပညာကောလိပ်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံများ၊ အစိုးရနည်းပညာအထက်တန်းကျောင်းများ၊ သင်တန်းဌာနများနှင့်သင်တန်းကျောင်းများအတွက် လိုအပ်သော သင်ကြားရေးသုံး သင်ထောက်ကူပစ္စည်းများ ၊ ရုံးသုံးစက်ကိရိယာများနှင့် ရုံးသုံးပရိဘောဂများအား မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။

(၂) Open Tender ပုံစံများကို (၈-၁၀-၂၀၁၉)ရက်နေ့မှစ၍ ရုံးချိန်အတွင်း နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ဘဏ္ဍာရေးဌာနစိတ်၊ ရုံးအမှတ်(၂၁)၊ နေပြည်တော်တွင် တစ်စုံလျှင် ကျပ်(၁၀၀၀ဝိ/-)နှုန်းဖြင့် ဝယ်ယူနိုင်ပြီး (၇-၁၁-၂၀၁၉)ရက််နေ့ ညနေ(၄:၀၀)နာရီ နောက်ဆုံးထား၍ တင်ဒါများတင်သွင်းရမည်။

(၃) အဆိုပါ သင်ကြားရေးသုံး သင်ထောက်ကူပစ္စည်းများ ၊ ရုံးသုံးစက်ကိရိယာများနှင့် ရုံးသုံးပရိဘောဂများအား သက်ဆိုင်ရာဌာနနှင့် ကျောင်းများအရောက် ပေးပို့တပ်ဆင်နိုင်ရမည်။

(၄) open Tender ပုံစံ၊ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို ရုံးချိန်အတွင်း ဖုန်း -၀၆၇-၄၀၄၄၅၆၊ ၀၆၇-၄၀၄၃၈၉ နှင့် website ြဖစ်သော www.tvetmyanmar.gov.mm တို့တွင် ဆက်သွယ်စုံစမ်းနိုင်ပါသည်။

အသေးစိတ်ကို အောက်ပါ Download Link တွင် ဒေါင်းလုတ်ရယူနိုင်ပါသည်။

www.tvetmyanmar.gov.mm/sites/default/files/news/Tinder_001-8-10-2019.pdf

 

သင်တန်းများ