Share this

img.share-image

ဂျပန်˗မြန်မာအောင်ဆန်းသက်မွေးပညာသင်တန်းကျောင်း ၂၀၁၉˗၂၀၂၀ခု၊ ပညာသင်နှစ်အတွက် A.G.T.I ပထမနှစ် ဝင်ခွင့်လျှောက်လွှာများခေါ်ယူခြင်း

ပညာရေးဝန်ကြီးဌာန

နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန

ဂျပန်˗မြန်မာအောင်ဆန်းသက်မွေးပညာသင်တန်းကျောင်း

၂၀၁၉˗၂၀၂၀ခု၊ ပညာသင်နှစ်အတွက် A.G.T.I ပထမနှစ်

ဝင်ခွင့်လျှောက်လွှာများခေါ်ယူခြင်း

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ဂျပန်နိုင်ငံအစိုးရတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် တည်ထောင်သော ဂျပန်-မြန်မာအောင်ဆန်းသက်မွေးပညာသင်တန်းကျောင်း (Japan-Myanmar Aung San Vocational Training Institute)တွင် ၂၀၁၉-၂၀၂၀ခု၊ ပညာသင်နှစ်အတွက် A.G.T.I ပထမနှစ်သင်တန်းသားများကို ခေါ်ယူမည် ဖြစ်ပါသည်။

၂။ ဂျပန်-မြန်မာ အောင်ဆန်းသက်မွေးပညာသင်တန်းကျောင်းတွင်

     (က) မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းမှုနည်းပညာ (Automotive Technology (Maintenance)

      (ခ)   စက်မှုလုပ်ငန်းဆိုင်ရာ လျှပ်စစ်အင်ဂျင်နီယာ (Electrical Engineering (Industry)

       စသည့် သင်တန်း(၂) ခုကို ဖွင့်လှစ်သင်ကြားပေးပါမည်၊၊

၃။ သင်တန်းကာလမှာ (၃) နှစ် ဖြစ်ပါသည်။ သင်တန်းပြီးဆုံးပါက ဒီပလိုမာအောင်လက်မှတ်ပေးအပ် မည်။ A.G.T.I (၃) နှစ် သင်တန်းများတွင် သတ်မှတ်အရည်အချင်း ပြည့်မှီပါက နည်းပညာတက္ကသိုလ်များ ၏ သက်ဆိုင်ရာ တတိယနှစ်သင်တန်းများသို့ ပေါင်းကူးတက်ရောက်နိုင်မည် ဖြစ်ပါသည်။

၄၊၊ သင်တန်းတစ်ခုစီတွင် သင်တန်းသားဦးရေ (၂၀)ဦး လက်ခံမည် ဖြစ်သည်၊၊

၅။ လျှောက်ထားသူသည် -

     (က) နည်းပညာနှင့်သက်မွေးပညာလုပ်ငန်းသဘာဝဝအရ ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး လက်တွေ့ လုပ်ငန်းနှင့် စက်ရုံ/ကုမ္ပဏီများသို့ ကွင်းဆင်းဆောင်ရွက်နိုင်သူဖြစ်ရမည်။

     (ခ) တက္ကသိုလ်ဝင်စာမေးပွဲတွင် သင်္ချာ၊ ရူပဗေဒ၊ ဓါတုဗေဒဘာသာရပ်များ ပါဝင်သော မည်သည့်ဘာသာ တွဲဖြင့်မဆို အောင်မြင်သူများ လျှောက်ထားနိုင်ပါသည်။

     (ဂ) တက္ကသိုလ်ဝင်စာမေးပွဲတွင် ရရှိခဲ့သည့် အင်္ဂလိပ်နှင့် သင်္ချာ စုစုပေါင်းရမှတ်အပေါ် မူတည်၍ ရွေးချယ် မည် ဖြစ်သည်။

၆။ ဝင်ခွင့်လျှောက်လွှာများကို ဂျပန်˗ မြန်မာ အောင်ဆန်းသက်မွေးပညာသင်တန်းကျောင်း၌ (၁၇-၁၀-၂၀၁၉)ရက်နေ့တွင် စတင်ထုတ်ယူနိုင်ပြီး (၁-၁၁-၂၀၁၉)ရက်နေ့ ညနေ (၄:၀၀)နာရီ နောက်ဆုံး ထား၍ ဂျပန်˗ မြန်မာ အောင်ဆန်းသက်မွေးပညာသင်တန်းကျောင်းသို့  ပြန်လည် တင်သွင်း ရမည်။

၇။ လျှောက်လွှာနှင့်အတူ အောက်ပါအချက်အလက်များကို ပူးတွဲတင်ပြရမည် -

(က)

လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ)။

(ခ)

ကျန်းမာရေးကောင်းမွန်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီ:ဌာနမှ ထောက်ခံစာ (မူရင်း)။

(ဂ)

သက်ဆိုင်ရာမှ တရားဝင်ထုတ်ပေးထားသော တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သည့် အမှတ်စာရင်း (မူရင်း)။

(ဃ)

လျှောက်ထားသူ၏ အမည်ပါရှိသော အိမ်ထောင်စုစာရင်းဇယား (မိတ္တူ)။

(င)

ပတ်စ်ပို့အရွယ် ရောင်စုံဓါတ်ပုံ (၃) ပုံ။

၈၊၊ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ စဉ့်ငူ ရပ်ကွက်ရှိ ဂျပန်˗မြန်မာအောင်ဆန်းသက်မွေးပညာသင်တန်းကျောင်း (Japan-Myanmar Aung San Vocational Training Institute) (၀၉ - ၄၀၆၀၅၃၁၂၄)သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။

၉။ ဝင်ခွင့်ဖောင်ကို အောက်ပါ ဒေါင်းလုတ်လင့် Download LInk တွင် Download ရယူနိုင်ပါသည်။

 

JMASVTI Entrance Form 2019-2020

 

နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန

သင်တန်းများ